Tuesday, 13 July 2010

အပြစ်ကြီးကြီးးး


နေ့များဟာ ကုန်ဆုံးတာမြန်လွယ်
တစ်ရက်ပြီးတစ်ရက်
တစ်နှစ်ပြီးတစ်နှစ်မြန်တယ်
နင်နဲ့ငါ အတူမခွဲမခွာရှိဆဲ
အကြိမ်များစွာ ရန်ဖြစ်ကာငိုမြဲ

ဟူးးး....ရှင်းလို့မရတဲ့ ဒီအရှုပ်တွေ
ဟူးးး.... ရှုပ်ပွထတဲ့ စိတ်ကူးတွေ
နင်မေ့နိုင်လား...
ရှောင်ပြေးလို့လွယ်မှာလား...

ရင်ထဲမှာ ငါပျောက်ကွယ်ပြီလား
စိတ်ကူးတွေယှက်ရောထွေးနေလား
ငါပြောတာ နင်နားမ၀င်ပါလားးကွာ....
ငါချစ်တာ အပြစ်ကြီးနေတာလားကွာ

ဟူးးး....စုတ်ပြတ်သတ်သွားတဲ့ ရင်ဘတ်တွေ
ဟူးးးး... သုံးစားမရတဲ့ ငါ့အသွေးအသား
အိပ်မက်တွေလဲ မှုန်ဝါးရီဝေလို့သွား....


ဒီ “အပြစ်ကြီးကြီး” ဆိုတဲ့သီချင်းလေးဟာ... ချစ်ဆုဝေ ချစ်သုဝေတို့ ညီအစ်မနှစ်ယောက်ရဲ့ တရှိုက်မက်မက်စီးရီးထဲက တစ်ပုဒ်ပါ....။ ခု ဗီစီဒီထွက်လို့ ၀ယ်ကြည့်လိုက်တာ...။ ဒီတစ်ပုဒ်ကို သိပ်ကြိုက်တယ်...။ သီချင်းပုံစံ....စာသား.....ဘာမှန်းမသိတဲ့ခံစားမှု.....ရိုက်ချက်.....မယ်လိုဒီ.... အိုင်ဒီယာ.....အားလုံးကြိုက်တယ်...။ ပြီးတော့ ထရီဇာကိုယ်တိုင်ရေးထားတဲ့ Own Tune လေး...။ သူသိပ်ကြိုက်လို့ ဟိုးးးး လွန်ခဲ့တဲ့ခြောက်နှစ် ကတည်းကရေးထားပြီး စီးရီးတစ်ခွေလုပ်တိုင်း ပြုတ်ပြုတ်ကျန်ရစ်ခဲ့တဲ့ သီချင်းလေးလို့လဲပြောပါတယ်...။ ဒီတစ်ခွေလုံးမှာလဲ သူ့အကြိုက်ဆုံးသီချင်းလေး.... MRTV 4မှာတော့ ခဏခဏလွှင့်တာတွေ့တယ်....။ သီချင်းကို MTV ရိုက်တော့ ဒါရိုက်တာလဲ ထရီဇာကိုယ်တိုင်ပဲ သရုပ်ဆောင်လဲသူပဲ...။ မိုးပျံပူဖေါင်းကလေးတစ်လုံးနဲ့ ထရီဇာနဲ့ကို အရင်ရိုက်ပြထားတာ ဘောလုံးကလေးတစ်ခုပဲအ၀ါရောင်ခြယ်ထားပြီး ကျန်တာအားလုံး Black & White လုပ်ထားတယ်....။ အဆုံးထိသာကြည့်ပြီးသွားတယ်...။ ကြည့်တဲ့ ပရိတ်သတ်ကို သူ ဘာမက်ဆေ့ ပေးချင်တာလဲ မသိရဘူး...။ အဲလို ဘာမှန်းမသိတဲ့ ခံစားမှုလေးကို ပေးချင်တာလို့လဲ ထရီဇာကပြောပါတယ်...။ ကျမကလဲ အဲလို ဘာမှန်းမသိ ဘာကိုပြောပြချင်မှန်း မသိတာလေးကိုကြိုက်တယ်။ သီချင်းခေါင်းစဉ်ကလဲကြည့် အပြစ်တောင်မှ ရိုးရိုးမဟုတ်ဘူး “အပြစ်ကြီးကြီး”တဲ့...။

မိုးငွေ့

4 comments:

သဒ္ဓါလှိုင်း said...

သီချင်းစာသားလေးတွေကောင်းတယ်နော်မမိုး..။
နေကောင်းလားမမိုးရေ..
ခင်တဲ့
သဒ္ဓါ

Cameron said...

နေတော့ ကောင်းပါပြီ....ဒါကြောင့်နားနားနေနေ ပေါ့ပေါ့ပါးပါးလေးတွေပဲရွေးတင်နေတာ...။ ကျေးဇူးနော် ညီမ...။

ခင်မင်စွာဖြင့်
မိုးငွေ့

သိင်္ဂါကျော် said...

ကြည့်တော့ မကြည့်ရသေးဘူး.. သီချင်းတော့ ကြိုက်တယ်..

blackroze said...

ညီမကတော့အပြစ်ကြီးကြီးထက်..အချစ်ကြီးကြီးဘဲ
ကြိုက်တယ်မကြီးမိုးငွေ့း)