ကျမတို့သွားလှူနေကျ ဆရာမဒေါ်ငိုက်ဇာကျင်း ပြုစုပျိုးထောင်ထားတဲ့ အနန္တမေတ္တာရိပ်မွန် မိဘမဲ့ကလေးဂေဟာမှာ လွန်ခဲ့တဲ့ သုံးလလောက်ကမှ ချင်းပြည်ကနေထပ်ရောက်လာတဲ့ အသက်ဆယ့်ငါးနှစ်ကလေးမလေးဟာ မွေးရာပါ (မရိုသေ့စကား) စအိုပေါက်ပါမလာပါဘူး...။ မိဘတွေကလည်း အရမ်းဆင်းရဲလွန်းတော့ ကလေးကို ငယ်စဉ်ကတည်းက ဆေးကုသမှုခံယူဖို့ မတတ်နိုင်ကြပါဘူး...။ ခု အဲဒီကလေးမကို ဆရာမဒေါ်ငိုက်ဇာကျင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာပြပြီး ခွဲစိတ်ကုသဖို့လုပ်နေပါတယ်...။ ဆရာဝန်ကြီးတွေကလည်း စအိုပေါက်ပါမလာဘဲ ဒီအသက်ထိရှင်သန် နေထိုင်လာနိုင်တာကိုပဲ အလွန်းအမင်း အံ့အားသင့်ပြီး ဒီကေ့စ်ကို အရမ်းစိတ်ဝင်စားနေကြပြပါတယ်...။ တစ်နေ့က ဆရာမက ကျမဆီကို ကလေးမလေးအတွက် အလှူခံလာလို့ ကျမ နဲ့ ညီမလေး သဲသဲ တို့ ငွေငါးသောင်းလှူလိုက်ပါတယ်...။ ကျမညီမတစ်ဝမ်းကွဲတစ်ယောက်ကလည်း အဲလို ဆင်းရဲနွမ်းပါးတဲ့ မိဘမဲ့တို့ လူအိုရုံတို့မှာ လှူချင်တယ်လို့ ပြောထားတော့ .... ချက်ချင်းပဲ ကျမဖုန်းဆက် အကြောင်းကြားလိုက်မယ် လုပ်နေတုန်းမှာပဲ.... ကံကောင်းထောက်မစွာသူကလည်း နိုင်ငံခြားသွားဖို့ လေယာဉ်ကွင်းဆင်းခါနီး ကျမကို ဘာမှာမလဲလို့ဖုန်းလှမ်းဆက်တာနဲ့ အတော်ပဲ ကျမသူ့ကိုအကျိုးကြောင်းပြောပြလိုက်တယ်... ။ အဲဒီကလေးမလေး ဆေးရုံတက်တဲ့ စရိတ်အကုန်လုံးသမီးလှူချင်တယ် မမီးစဉ်စီပေးလို့ပြောလိုက်တော့... ကလေးမလေးကိုယ်စားရော ဆရာမအတွက်ပါ ၀မ်းသာပီတိဖြစ်သွားရတာ တကယ်ပါပဲ...။ ဒါနဲ့ ဆရာမဆီ ဖုန်းဆက်အကြောင်းကြားပြီး နောက်နေ့ဆရာမကိုယ်တိုင် ကျမကိုလာတွေ့ပါတယ်။ ကလေးမလေးအတွက် တစ်နေ့တာကုန်စရိတ်ခန့်မှန်းခြေဘယ်လောက်ကုန်လဲ စသဖြင့် ပြောဆိုညှိနှိုင်းကြပြီး ငါးရက်ကို တစ်ကြိမ် ကုန်ကျစရိတ်ငွေလာထုတ်ပေးဖို့ July 15 ရက်နေ့ကစပြီး တာဝန်ယူမှာဖြစ်ပါတယ်... ။ ဆရာမလဲ စုဆောင်းထားတဲ့ ကျောင်းစရိတ်ထဲကနေ ဆေးရုံကုန်ကျစရိတ်ကို ဖဲ့ဖဲ့ပေးနေရတော့ ကလေးတွေအတွက် မလောက်မငဖြစ်နေခဲ့ရတယ်..။ ခုတော့ သူလဲ ဘာပဲဖြစ်ဖြစ်စိတ်အေးသွားရပြီပေါ့...။
ကျမလဲ ကျမတတ်နိုင်သလောက်ကူညီပေးမယ်လို့...။ ကျမအနီးပတ်ဝန်းကျင်ကသူငယ်ချင်းတွေရော အဝေးရောက်နေကြတဲ့ သူငယ်ချင်းတွေရော ဒီကလေးအတွက် အလှူငွေကူချင်တယ်ဆိုရင် လောလောဆယ် သူ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထွေထွေခွဲစိတ်ကုသဆောင် အဆောင် ၁၃/၁၄ မှာ တက်ရောက်ကုသနေပါတယ်...။ နာမည်က မကျင်ကင့်ဒွန့်၊ အသက် ဆယ့်ငါးနှစ်ရှိပါပြီ...ချင်းလူမျိုးဖြစ်ပါတယ်...။ စေတနာရှိသူများ ဆေးရုံမှာ ကိုယ်တိုင်သွားရောက်အလှူငွေကူနိုင်သလို အောက်မှာပေးထားတဲ့ ဂေဟာမှာလဲ ဖုန်းဆက်လှူဒါန်းနိုင်ပါသေးတယ်...။ အဝေးရောက်နေတဲ့ ကျမညီမလေး ဟန်နီလေးကလဲ အလှူငွေ ခုနှစ်သောင်းလှူပေးဖို့ ဖုန်းဆက်လာပါတယ်...။ ကလေးမလေးအတွက် ၀မ်းသာစရာပါပဲ...။
အနန္တမေတ္တာရိပ်မွန်မိဘမဲ့ကလေးဂေဟာ
အမှတ် (၁၉၄)၊ ၉ ရပ်ကွက်၊ နဂါးနိုင်လမ်း၊
၇/၈လမ်းဆုံ၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း 584026
မိုးငွေ့
4 comments:
အိုး.. သိပ်ကိုမွန်မြတ်တဲ့အလုပ်ပါ..... အီးမေလ်းလေးပါသိရရင် သိပ်ကောင်းမှာ...
ခင်မင်တဲ့
နေ၀သန်
ညီမပြန်လာတဲ့အခါကျရင်လဲမကြီးမိုးငွေ့နဲ့လာတွေပြီး
အဲဒီလိုအလှူတွေတတ်နိုင်သလောက်လုပ်သွားမယ်နော်..
သိပ်ကို မွန်မြတ်တဲ့ အလုပ်ပါပဲ...မမိုးတို့အလှူအတွက်ရော... ဆေးရုံစရိတ်လှူတဲ့ မမိုးညီမဝမ်းကွဲအလှူအတွက်ပါ သာဓုခေါ်ပါတယ်...
အလွန်မွန်မြတ်လှပါပေတယ်ဗျာ ...
သာဓု ... သာဓု ... သာဓု
Post a Comment