ငိုမလို ရီမလို မျက်နှာဖုံး
သူအမျိုးမျိုးပြောင်းတပ်လို့
Gim Carrey တောင်ရှုံးလောက်တယ်
ရွက်သစ်နဲ့မြစံပါယ်
ဘယ်နေရာကိုရွေးချယ်မလဲ
အကျပ်ရိုက်တဲ့ မေးခွန်းတွေနဲ့
နောက်ကြောင်းအိုက်သူမို့
မလုံမလဲနဲ့ မျက်နှာဖုံးနောက်တစ်ခု
သူပြောင်းသုံးပြန်တယ်....။
အို... သူငယ်မရယ်...
ငါရယ်...အသဲကွဲမင်းသားလေးရယ်...
ကျီစယ်လိုတဲ့ စကားလုံးတွေနဲ့
ရယ်သွန်းသွေးခဲ့တာကို
မျက်စောင်းတွေနဲ့ မခွင်းလိုက်ပါနဲ့
ဘလော့ဂ်ဂါသုံးယောက်ဆုံတဲ့
ဒီစားတော်ပွဲညမှာ
ကြေးအိုးလဲပါလေရဲ့...
အချိုပွဲ ကော်ဖီ လ္ဘက်ရည်..
Alpine လဲပါလေရဲ့...
ကဗျာတိုစလေးတွေပါလေရဲ့..
အချိန်နာရီလေတွေလဲပါလေရဲ့...
မိုးငွေ့နဲ့ မြေသင်းရနံ့လဲပါလေရဲ့...
မှောင်ငွေ့ရဲ့ အေးစိမ့်မှုလဲပါလေရဲ့....။
မောင်တူးရောက်ခါစက ကျမရယ် မောင်တူးရယ် နှိုင်းရယ် ဆုံတုန်း လက်ဖက်ရည်သောက်ကြရင်း မယ်နှိုင်းကို ၀ိုင်းစကြတုန်းက အဖြစ်ပျက်လေးကို ရေးထားခဲ့ဖူးတာ...ခုမှတင်ဖို့သတိရသွားတာ...။
မိုးငွေ့
9 comments:
ကဗျာလေးကိုလာဖတ်တယ်မမိုးရေ..။
တွေ့ဆုံပွဲဆိုတိုင်း လှမ်းပြီးသတိရလိုက်တာပဲလေ..။
တနေ့နေ့ပေါ့..
ခင်တဲ့
သဒ္ဓါ
း))... ဖတ်ရတာပျော်စရာလေး...
ခင်မင်တဲ့
နေ၀သန်
အသည်းကွဲ မင်းသားလေးရယ်တဲ့ ... :P
ခင်ခင်မင်မင်
idulize(အရုပ်ကလေး)
ဖတ်သွားတယ် မမိုးရေ...
အဟား ... မိုက်တယ်ကွာ ...
တို့အစ်မရေးချက်ကတော့ ...
အဲဒီနေ့လေးကို မမေ့ပါဘူးဗျာ ...
ကြေးအိုးပါတယ်ဆိုတာကိုတော့စိတ်ဝင်စားတယ်
မကြီးမိုးငွေ့ရေ...
Hello! Invite to Ukraine!))
ရွတ်သစ်ပဲနော် မရဘူး ရွတ်သစ်ပဲဗျာ မြစံပါယ် ပူတယ်း))))))
ပျော်စရာကောင်းလိုက်တဲ့ သူငယ်ချင်းတွေဗျား)))
ဝမ်းသာလျှက်
ဗညား
ကဗျာလေးအရောက်လာလို့ဖတ်သွားပါတယ်။
အမရေ။
ခင်မင်စွာဖြင့်
ခိုင်နုငယ်
Post a Comment