သူပြန်ရောက်တုန်း ယိုးဒယားကြက်သား အုန်းနို့မုန့်ဟင်းခါးစားချင်တယ်ဆိုလို့ မေမေ့အိမ်မှာအတူ သွားစားကြတာ...။ ဘယ်လိုချက်ရတယ်ဆိုတာ ပြောပြမယ်...။
လိုအပ်တာတွေက...
1. ကြက်တစ်ကောင်
2.အုန်းသီးတစ်လုံး (နှစ်လုံးထိထည့်လို့ရတယ်)
3.ခရမ်းသီး
4.ပဲတောင့်ရှည်
5.ခရမ်းကစော့သီး
6.စပါးလင်
7.ရှောက်ခါးရွက်
8.ပင်စိမ်းရွက်
9.နံနံပင်၊ရှမ်းနံနံ
ချက်နည်းလေးက....
အရည်ညှစ်ပြီးသား အုန်းနို့ဦးရေကို ဒယ်ထဲမှာ ပဲဆီနဲ့အတူ အုန်းဆီချက်လေးဖြစ်တဲ့အထိ ကြိုရပါမယ်...။ အုန်ဆီချက်လေးဖြစ်ပြီဆိုရင် ကြက်သွန်ဖြူနီနဲ့ ငရုတ်သီးထောင်းထားတဲ့အနှစ်ကိုဆီသတ်လိုက်ပါ....။ အနှစ်တွေ မွှေးလာပြီဆို လက်တစ်ဆစ်ခုတ်ထားတဲ့ ကြက်သားတုံးလေးတွေကိုထည့်လိုက်ပါ...စပါးလင်ကိုတော့ ဓါးပြားရိုက်ပြီးထည့်။ (ကြက်တစ်ကောင်လုံး သုံးရင်ပိုကောင်းပါတယ်...ခေါင်း လည်ပင်း အသည်းအမြစ် အတောင်ပံ ခြေထောက်အစုံပေါ့)...။ ကြက်သားဆီပြန်လာရင် ပိုတဲ့ အုန်းနို့ရည်တွေလောင်းထည့်လိုက်ပါ... အပေါ့အငံကို ကြက်သားမှုန့်လေးခတ်..။ ကြက်သားကျက်ရင် ချွေထားတဲ့ ခရမ်းကစော့သီး (သူက အုန်းနို့ဟင်းချက်ရင် ထည့်ရတာ.... သူ့ကိုကိုက်စားလိုက်တာနဲ့အုန်းနို့ကြောင့် အကြောတက်တာ သွေးတိုးတာတွေကို ကာကွယ်ပေးပါတယ်)၊ လှီးထားတဲ့ ခရမ်းသီး၊ ပဲတောင့်ရှည်တွေကိုထည့်ပြီး ရေလိုရင် ဆူပြီးသားရေနွေးထည့်ပါ...။ ပုံထဲမှာက ခရမ်းသီးမ၀ယ်ထားလို့ ထည့်မချက်ထားပါဘူး ။ ဟင်းအိုးချခါနီး အမွှေးအကြိုင်အတွက် ရှောက်ခါးရွက်ကိုခတ်လိုက်ပါ..။ ဟင်းအိုးကျက်သွားရင်...ပန်းကန်ထဲ မုန့်ဖတ်ထည့် အဲဒီဟင်းအဖတ်တွေအရည်တွေဆမ်း လှီးထားတဲ့ ရှမ်းနံနံ၊ နံနံပင်၊ ပင်စိမ်းရွက် ထည့် ... သံပုရာသီးညှစ် အငံလိုရင် ငရုတ်သီးမိုးမျှော်စိမ်ထားတဲ့ ငံပြာရည်လေးထည့်လိုက်.. မုန့်ဖတ်လေးကို ဟင်းရေလေးနဲ့ ခတ်စားလိုက် ငရုတ်သီးစိမ်းလေးတွေကိုပါကိုက်လိုက်နဲ့ ကောင်းမှကောင်းပဲ...။ မယုံရင်ချက်စားကြည့်...။
မိုးငွေ့
11 comments:
မမိုးကြီး...ပျော်နေတယ်ပေါ့လေ..
ခေါက်ဆွဲကလည်း မွှေးမှမွှေးပဲနော်..
ပြီးတော့...ဟိ..
စားချင်စရာလေး... သွားရေတောင်ယိုတယ်... အဝတီးသွားတယ်နော်....
မမိုးရေ... ဒါနဲ့ ဟင်းရည်က ဆွတ်ရုံလေးပဲ ထည့်ရတာလား... မြန်မာမုန့်ဟင်းခါးလို အများကြီး ထည့်သောက်လဲ ရတာပဲလား... သူ့စားနည်းအမှန်က ဘယ်လိုလဲဟင်... တခါမှ မမြင်ဖူးဘူး.. စားလဲမစားဖူးဘူး....
တခါလောက် ကြိုးစားကြည့်မယ်.. ဒါပေမယ့် ခုတော့ မရသေးဘူး... အုန်းနို့တွေစားထားလို့ အုန်းနို့နဲ့ ပက်သက်တာ ထပ်ချက်မယ်ဆို ပါမစ်က ကျဦးမှာ မဟုတ်ဘူး.... :)
မမိုးရဲ့ယိုးဒယားအုန်းနို့မုန့်ဟင်းခါးလေးကိုအပြေးအလွှား
လာစားသွားတယ်နော်..။မကျန်မှာစိုးလို့..
ခင်တဲ့
သဒ္ဓါ
ညီမလေးပူးတေရေ...မြန်မာမုန့်ဟင်းခါးလိုပဲ အရည်များများကြိုက်ရင်ကြိုက်သလိုထည့်စားလို့ရတယ်..။
အဓိက ခရမ်းကစော့သီးပါဖို့ပဲ အဲဒါတွေက စကာင်္ပူမှာအကုန်ရပါတယ်...။ အဲဒီအသီးကိုက်စားရင် နည်းနည်းတော့ခါးတယ် ဒါပေမယ့် သွေးမတက်ဘူး..။
မုန့်ဖတ်လေးထည့် ကြက်သားဟင်းလေးဆမ်းပြီး နံနံပင်တို့ သံပုရာသီးတို့ထည့်စားရုံပဲ...။ မလေးခေါက်ဆွဲနဲ့ခပ်ဆင်ဆင်ပဲ...စားကောင်းတယ်..။
နောက်မှာ ဖြေးဖြေးလုပ်စားကြည့်ပေါ့....း)
အမမိုးကြီး ပြထားတဲ့ပုံးလေးကတော့
ရှယ်ဘဲ အရသာတော့မသိဘူး ယိုးဒယားကြက်သား အုန်းနို့မုန့်ဟင်းခါး
နာမည်ကတော့ ရှည်လျားထွေပြားရှုပ်ရှက်
တွေခတ်နေတော့တာပါဘဲဟာ :D
စားချင်စရာလေးဟယ်...ရွာပြန်လာရင် မိုးငွေ့ဆီလည်ဖို့ စာရင်း တို့ ထားလိုက်ပြီ...ဟ ဟ ...:)
ကြွားလို့ကို မပြီးတော့ဘူး ... သူကလည်း ...
မုန့်ဟင်းခါးကို အကြောင်းပြတာ .. :P :P :P
စားဖူးသေးဘူး
ဒါပေမဲ့ အနံ့လေးတောင် ရလိုက်သလိုဘဲ စာဖတ်ရင်းနဲ့လေ
အုန်းနို့ဆို ကြိုက်ပြီးသားမို့ စားကောင်းမယ်လို့ ယုံကြည်ပါတယ်... ခရမ်းသီးတော့ကြိုက်ဖူး။။။ ဟင်းချက်ရင်တော့ စားတယ်..
၇န်ကုန်ရောက်ရင် မိုးငွေ့ကိုဆက်သွယ်မယ်..
အစားကောင်းကောင်းများ စားရမလားလို့လေး)
ဟူးးးးးးးးးးးးးးးးးးးးး
အ၀ဆွဲသွားသည် ...။
ခင်ခင်မင်မင်
idulize(အရုပ်ကလေး)
မကြီးရေ..လာစားတာနောက်ကျသွားတယ်..
အဲလိုမျိုး ဂျင်းတစ်ခါမှ မစားဖူးဘူး။ အစ်မမိုးငွေ့ရေးပြ၊ ရိုက်ပြထားတာ တကယ်သွားရည်ယိုသွားရပြီ။ :))
Post a Comment