Tuesday, 22 June 2010

နတ်သမီးနဲ့ ထမင်းဝိုင်း


ဆိုင်းပရက်စ်နတ်သမီးကို မိုးငွေ့ဧည့်ခံဖြစ်တဲ့ ထမင်းဝိုင်း
ဝက်သားနဲ့ ပဲပြားချက်(နတ်သမီးက၀က်သားမစားဘူး)၊ ကြက်သားဆီပြန်ဟင်း စပါးလင်နဲ့ချက်တာ၊ ခရမ်းသီးမီးဖုတ်နဲ့ ကြက်ဥမွှေကြော်၊ ကချင်ငါးကြင်းပေါင်း စပ်စပ်ကလေး(ဒါလဲ နတ်သမီးကမစားဘူး)၊ ကျောက်ဖရုံသီးဟင်းချိုနဲ့ ငါးပိထောင်းတို့စရာစုံ...။ ဟင်းက သိပ်မများမပါဘူး အိမ်တိုင်ရာရောက်လာအားပေးတာပဲ ကျေးဇူးတင်ရမှာပါ...။

ကိုတူး(ညလင်းအိမ်) ပြောတုန်းကတော့ စားမယ် ၀ါးမယ်နဲ့ ပြီးတော့ တစ်ပန်းကန်ပဲစားသွားတယ် မချောနှစ်ယောက်ကြားမှာ ရှက်ရှက်နဲ့စားမ၀င်တာလား မိုးငွေ့ဟင်းမကောင်းလို့လား သူ့ကိုသာ သွားမေးကြည့်ကြပါ...။


မိုးငွေ့

10 comments:

thadarhline said...

ပုံကြည့်ပြီးသွားရေကျသွားပါတယ်..။
စားကြပါ...စားကြပါ...

ခင်တဲ့
သဒ္ဓါ

. said...

အပဲာ။ . . . ဗိုက်တောင်ဆာသွားတယ် :P

blackroze said...

သရေ..ကျသွား၏

ညလင်းအိမ် said...

အဟားဟား ... ထမင်းဝိုင်းတွေ့လို့ လာစားတာ .. ရှက်တောင် ရှက်သွားတယ် ... အဟိ ...

အရုပ်ကလေး said...

လုံးဝ လုံးဝပဲ .....
မ၀သေးတဲ့ ဗိုက်ကတော့ ထပ်ထပ်ဆာနေတာ

~ဏီလင်းညို~ said...

မမိုးကြီးရေ.......

သူတို့က......ဆွဲကြတယ်ပေါ့လေ.......။
ဏီဏီဖြင့်....လုံးဝမနာလိုပေါင်ဗျာ........
(စိတ်ပုတ်သံဖြင့် ဖတ်ကြပါ)

ခင်မင်ခြင်းအားဖြင့်....
ဏီလင်းညို

ချော(အစိမ်းရောင်လွင်ပြင်) said...

ဒီလောက်ကောင်းတဲ့ဟင်းတွေကို ထမင်းတစ်ပန်ကန်းထဲစားသွားတဲ့ကိုတူးကို
အပြစ်တင်သင့်တယ်
ဒါမှ မဟုတ်ဝိတ်လျှော့နေတာများလား..
နတ်သမီးက ပြန်လာသေးဘူးလား
လျှောက်လည်လို့ မ၀သေးဘူး ထင်ပ..
ဓညင်းသီးနဲ့ ငပိရည်စားချင်တယ် တကယ်

ချစ်ကြည်အေး said...

ညီမနတ်သမီးက လှနေတာပါပဲ...။ မိုးငွေ့နဲ့ ၃ယောက်ပုံတော့ မပါဘူး...။ တို့ ပြန်လာရင်လည်း တွေ့ကြမယ်လေ အဲလို....နော်...:)

ဧပရယ်လ်ပူး@ပူးတေ said...

စားချင်တယ်... စားချင်တယ်.....ဟင်းတွေက မိုက်တယ်...ဝက်သားနဲ့ ပဲပြားချက်စားဦးမယ်...

ဟုတ်တယ် မမချစ်ပြောသလိုပဲ နတ်သမီးကတော့ အမြဲလှနေတာပဲ... မမမိုးငွေ့လဲ နတ်သမီးဘလော့မှာ စာရေးနေတဲ့ ပုံလေး အရမ်းလှ... ဆံပင်စတိုင်လ်လေးကို အရမ်းခိုက်တာပဲ....:)

မမချစ်ပြောသလိုပဲ ထပ်ပြောမယ်နော်.... ပူးတေတို့ပြန်လာရင်လဲ အဲလိုမျိုးလေး တွေ့ချင်ပါတယ်လို့.....

အဖြူရောင်နတ်သမီး said...

အဲတော့...
အထုပ်အထည်နဲ့ကို...
လက်ပူးလက်ကြပ် ကွင်းကွင်းကွက်ကွက်ကြီးကို
မိခံရတော့တာပါလား...
ဟီးဟီး...
စားမှာပဲ...စားမှာပဲ...
မြန်မာပြည်က ထမင်းဟင်းတွေကို လွမ်းလို့ပြန်လာပါတယ်ဆိုမှ....
ဘာမှလာပြောမနေနဲ့...အဝတီးပြီပဲ...
ကိုယ်တိုင်ချက်ကျွေးတဲ့ မမိုးရဲ့လက်ရာကလည်း...
ကောင်းသမှ “လွှတ်ကောင်း”ကိုရှင့်...
ကျေးဇူးပါ...မမိုးရေ...