ကျမမွေးနေ့မတိုင်ခင်သုံးလပိုင်းကတည်းက မြန်မာပြည်ပြန်လာမယ်လို့ တကဲကဲ ပြောပြောနေတဲ့ နမ်းမ၀(အဖြူရောင်နတ်သမီး)တစ်ယောက် ခုမှပဲ ဗီဇာအဆင်ပြေလို့ မြန်မာမြေကို ပြန်ရောက်လို့လာပါပြီ...။ မပြန်ခင် “ပန်းကလေးများ”နေ့ဆိုတဲ့ ပို့စ်တင်ပြီး သူငယ်ချင်းတွေကို ပြန်လာပါပြီဆိုတဲ့အကြောင်း အဲ...ဟို မင်းသားလွင်မိုး ခရီးသွားနေသည်ကိုအားကျပြီး “နတ်သမီးခရီးသွားနေသည်”လို့ ဘလော့ဂ်မက်ဆေ့ခ်ျလေး ထားခဲ့တာတွေ့ပါတယ်....။ ကိုလွင်မိုးကိုအားကျပြီး ရမ်းရမ်းမရေးနဲ့လို့ ကြိုသတိပေးချင်ပါတယ် အကြောင်းကတော့ ကိုလွင်မိုးကိုအားကျပြီး မြိုင်ရာဇာဦးတွတ်ပီတစ်ယောက် ခရီးထွက်တော့ အိမ်ရှေ့မှာ “တွတ်ပီခရီးသွားနေသည်”လို့စာရေးပြီးချိတ်ထားလိုက်တာ တစ်အိမ်လုံးသူခိုးခိုးခံရတာ ပြောင်ရော....။ နတ်သမီးအိမ်ကိုတော့ ခုဘယ်သူမှဝင်ခိုးလို့မရတော့ဘူးလို့ မနေ့က ၀ါးတန်းလမ်းထိပ်က Feel 3 စားသောက်ဆိုင်မှာ နတ်သမီးကိုယ်တိုင် သူ့အိမ်ကို အသေအချာ လုံခြုံရေးနဲ့ထားထားတဲ့အကြောင်း ပြောပြသွားပါတယ်....။
တစ်နေ့က ရုံးမှာအလုပ်လုပ်နေတုန်း ဖုန်းဝင်လာပါတယ်...။ ဟဲလို...ဟဲလိုနဲ့ ပြန်ထူးတော့ တော်တော်နဲ့ပြန်မပြောဘူး ဘေးနားကလဲဆူညံနေတယ်...ပြီးတော့မှ “မမိုးလားဟင် မမိုးလား ခုပြောတာနမ်းမ၀ပါ”တဲ့...။ စကော့ဈေးကိုရောက်နေတာတဲ့ သိတယ်နော် စကော့ဈေးမှာ ဘယ်သူ့ကိုသွားရှာသလဲဆိုတာ...။ ကျမအထင် သူလမ်းတစ်ဝက်မှာနားတုန်းက ကျမကိုမက်ဆေ့ခ်ျပေးသွားတာဖြစ်မယ် နောက်နှစ်ရက်ဆိုရောက်ပြီလို့ ပြောထားတယ်လေ...။ ဆိုတော့ နမ်းမ၀သံကြားတော့ ကျမသိပ်ပြီး အံ့အားမသင့်ခဲ့ဘူး....။ အသံနဲ့လူနဲ့လိုက်တယ်ဗျား....။ လူကချောမောလှပသလို အသံကလဲသိပ်ကိုကောင်းပြီး ဆွဲဆောင်မှုအပြည့်ရှိတဲ့ မိန်းကလေးတစ်ယောက်ပါ...( မုန့်ကျွေးထားတဲ့ ကျေးဇူးရှိတယ်...ဟိ... ဒီလောက်တော့ ရေးပေးရမယ်) နောက်တာပါ...တကယ်ပါ ကျမတို့ တနင်္ဂနွေညနေ4နာရီကို Feel 3 မှာဆုံဖို့ချိန်းထားကြပါတယ်။ တခြား ဘလောက်ဂါတွေလည်းလာမယ်တဲ့ ငါးယောက်လို့ပြောတယ်...။ ကျမရယ် ကိုတူး(ညလင်းအိမ်)ရယ် ညီမလေး ဆုမြတ်မွန်(အနှိုင်းမဲ့)ရယ် ဒေါက်တာသက်တန့်ချို... နောက်တစ်ယောက်ပါသေးတယ် ကျမမမှတ်မိတော့တာ...။ အဲဒီနေ့ကျမှဗျာ....နေ့လည်တစ်နာရီကျော်ကတည်းက လေကြီးမိုးကြီးနဲ့ မိုးတွေတအုံးအုံးရွာလိုက်တာများဗျာ...။ တီဗီရှေ့မှာခေါင်းအုံးလေးနဲ့ “သြော်...မိန်းမ” ကားကို ဇိမ်နဲ့ ကြည့်နေတာ အကောင်းခန်းလဲရောက်.... မိုးတွေသည်းကြီးမဲကြီးရွာပြီး မီးကတောက်ခနဲပျက်သွားရော... ဆိုတော့မထူးဘူး စောကလည်းစောသေးတယ် တရေးလောက်အိပ်ပစ်လိုက်တယ်...။ သုံးနာရီကျော်မှာ ရေမိုးချိုးပြီး...လေးနာရီမထိုးခင်ဆယ်မိနစ်လောက်မှာ အိမ်ကထွက်လိုက်တယ်....။ တော်သေးတယ် မိုးကစဲနေပြီ..။ နည်းနည်းတော့ ရွာနေသေးတယ်...။
ဟိုရောက်တော့ လေးနာရီဆယ်မိနစ်... အပေါ်ထပ်ကိုတက်သွားလိုက်တယ်... ဘယ်မှာထိုင်မယ်ဆိုတာလည်းပြောမထားဘူး.... မတတ်နိုင်ဘူး ဒီအတိုင်းဝင်သွားလိုက်တယ် ... အခန်းအစွန်ဆုံးဒေါင့်ဝိုင်းမှာ အဖြူရောင်နတ်သမီးက အနီရောင်စကဒ်နဲ့ အနက်ရောင်အကျီင်္လှလှလေး ၀တ်ထားတယ်...။ ကျမကိုမြင်တာနဲ့ သူက မမိုးဆိုပြီးထနှုတ်ဆက်တယ်
(ဘိုလိုပေါ့Hugလုပ်ပြီးနှုတ်ဆက်ကြတယ်)..။ ကျမကိုသူဘယ်လိုမြင်ဖူးတာလဲလို့ စိတ်ထဲတော့ နည်းနည်းအံ့အားသင့်သွားတယ်....။ နောက်တော့မှ ကျမ ငွေဆောင်သွားတုန်းက ပုံတွေတင်ထားတာကိုသွား သတိရလိုက်မိတယ်...။ ဖိတ်ထားတဲ့ငါးယောက်ထဲမှာ ကျမက ပထမဦးဆုံးရောက်လာတာ ကျမတို့စကားတွေပြောရင် ကျန်တဲ့ သူငယ်ချင်းတွေကိုစောင့်နေတယ်...။ ကိုတူးကိုတော့ ဖုန်းဆက်လိုက်တာ သုံးနာရီကတည်းကထွက်သွားတယ်လို့ပြောတယ်တဲ့...။ ဒါဆို သေချာပြီ မြို့ထဲမှာ ကိုတူးတစ်ယောက် ဒီမိုးရွာပုံနဲ့ဆို ရေကူးနေရပြီ....။ နာရီဝက်လောက်နေတော့ ကိုတူးရောက်လာပါတယ်...။ ကျမနဲ့ နမ်းမ၀က ငါးယောက်စာအတွက် ဟင်းတွေကြိုတင်မှာထားပြီးနေပြီ....။ ကိုယ့်လိုပဲ တွေ့ဆုံပွဲလေးကို ကြည်ကြည်နူးနူး လာကြမှာပဲလို့ ထင်မှတ်ထားတာလေ...။ နောက်တော့ အနှိုင်းမဲ့ဆီဖုန်းဆက်တယ်...မရှိဘူးတဲ့... နယ်က အမျိုးတွေရောက်နေလို့ ဘုရားလိုက်ပို့နေတယ်တဲ့...။ ဒေါက်တာသက်တန့်ချိုလဲ ရောက်မလာ... နောက်ထပ်ကျမမသိတဲ့ ဘလောက်ဂါတစ်ယောက်လဲ ရောက်မလာပါဘူး...။ ဒါနဲ့ ငါးယောက်စာဟင်းပွဲတွေကို ကျမတို့သုံးယောက်နဲ့ နမ်းမ၀သူငယ်ချင်း တစ်ယောက်ရယ်စားကြတာ တော်တော်လဲ ဗိုက်တင်းသွားကြပါတယ်...။ စကားတွေပြောကြ.... ပြောရင်းနဲ့လည်း ကျမတို့ အသဲကွဲမင်းသားလေး ကိုတူးကိုလဲ ကြုံကြိုက်သလို နာနာကလေးနက်ကြနဲ့ပေါ့...။ ဒီလိုနဲ့ တွေ့ဆုံပွဲလေးကို သုံးယောက်တည်းနဲ့ ပွဲသိမ်းလိုက်ကြတယ်...။
နမ်းမ၀ကလဲ သူမြန်မာပြည်ပြန်ရောက်ရင်ဘာတွေစားမယ်ဆိုတာ list လုပ်ထားတယ်တဲ့...ခုလောလောဆယ် ငါးပိရည်တို့စရာအစုံ... စတဲ့ သူစားချင်တဲ့ဟင်းအမယ်တွေကို ရွတ်ပြပါတယ်...။ ကျမစိတ်ကူးရှိပြီးသားပါ ရှေ့တစ်ပတ်ပိတ်ရက်မှာ နမ်းမ၀နဲ့ကိုတူးကို အိမ်မှာ မိုးငွေ့လက်ရာ မြန်မာဟင်းနဲ့ ငါးပိထောင်းစပ်စပ်ကလေး လုပ်ကျွေးမယ်ဆိုတော့... ကျေကျေနပ်နပ်ကြီးနဲ့ကို သဘောတူကြပါတယ်...။ ကိုတူးကလည်း လောလောလတ်လတ် စလုံးကပြန်လာတာဆိုတော့ ပြောစရာမလိုတော့ဘူး... လာထား..လာထား ၀ါးတီးဆိုလာထားပဲ...။ ဒါတောင် သူပြန်လာတုန်းကတွေ့ဆုံပွဲလေး YKK မှာလုပ်ဖြစ်တာကို ပို့စ်ကလေးရေးတင်မလို့......တောင်းတောင်းပန်ပန်နဲ့မရေးပါနဲ့ဆိုလို့ မနည်းအောင့်အီးထားရတာ ခုတော့ အဖြူရောင်နတ်သမီးအကြောင်းလေးရေးရင်း နည်းနည်းကလေး ထည့်ရေးလိုက်ပါတယ်....။ နမ်းမ၀က တစ်လလောက်နေဦးမှာဆိုတော့ ကျမတို့အိမ်မှာ ဟင်းချက်စားကြတဲ့နေ့မှပဲ ပုံလေးတွေနဲ့ ဝေေ၀ဆာဆာ သရေကျစရာလေးတွေတင်ပေးပါ့မယ်...။ ခုတော့ ဒီလောက်နဲ့ တစ်ခန်းရပ်လိုက်မယ်... အိုကေ..။
မောင်မိုးစက်အိမ်နဲ့ တော့ကီပွားရင်း ဒီပို့စ်လေးကိုရေးလိုက်တာ... မိုးစက်က အမမိုးငွေ့ အမအဖြူရောင်က ဓါတ်ပုံထဲကထက် အပြင်မှာပိုချောလားဟင်.... အမမိုးလဲ ချောတယ်ပြောတယ် အပြင်မှာလဲ အဲလိုပဲမဟုတ်လား နဲ့ ဒီကောင်လေး အမတွေကို လာကပ်ချွဲနေတယ် သူနဲ့စကားတပြောပြောနဲ့ ပို့စ်လေးတင်လို့ပြီးသွားတာ ပြောနေတုန်းကတော့ မောင်လေးနာမည်လည်းပါမှာသိလားဆိုပြီး ပို့စ်လဲအစမ်းတင်လိုက်ရောင် မိုးစက် ချက်ချင်းလာဝင်ဖတ်လိုက်တာ “ဘယ်မတုန်း မိုးစက်အိမ်အကြောင်း တစ်လုံးတောင်မပါဘူး”တဲ့... မိုးကြီးလေကြီးထဲမှာ မိုးတစ်လုံးပဲတွေ့တယ်တဲ့...။ ကျမက အစတုန်းက မိုးစက်ကို ရန်ကုန်ကပဲအောက်မေ့ပြီး အဖြူရောင်နတ်သမီးလာရင် မောင်လေးလဲလာခဲ့နော်လို့ခေါ်လိုက်တော့ အမက ကျနော့်ကို နေ့ချင်းပြန်လေယာဉ်ငှားပေးမလို့လားတဲ့....။ ဒီတော့မှ သူက နိုင်ငံခြားမှာတဲ့... ။ နို့...သိမှမသိဘဲကိုး...။
မိုးငွေ့
12 comments:
မီးမီးပြန်လာရင်လဲလာတွေ့မယ်နော်..အမမိုးငွေ့
နတ်သမီးလေး တို့တော့ ရွာမှာ ဝါးကြော ဖွင့်နေပြီပေါ့လေ
ကိုတူးးးးးး ကိုတူးးးးးး ၀ိုင်ကေကေ တဲ့ ဟတောင် မဟဘူး မမိုးကြီးပြောမှပဲ သိရတော့တယ် တွေ့မယ် တွေ့မယ် မြန်မာပြည်ပြန်လာမှကို တွေ့မယ် အသေအကြေ ကို တွေ့မယ် . . . လာထား ဟွင်းဟွင်း . . . . မမိုးကြီး အနော်လဲ ငပိရည်ငတ်နေတာကြာပြီး အဟင့် ရှလွတ်း))))
ဟွန့်.... သူများလဲ လာချင်တယ်.... :D
ပြန်လာရင်တွေ့ကြမယ်နော်... အဲဒီကျရင် ငပိထောင်းစပ်စပ်လေးစားမယ် သိလား မမမိုးငွေ့
:)
ဟင်းချက်ကြွေးမယ့်နေရာလည်းရောက်ရော သရေကို ယိုရောပဲ .. ခု ဗိုက်ဆာနေတာ ..း(
စားချင်တယ် စားချင်တယ် .. :P
ဆောရီးပါ မိုးငွေ့ရေ..အဲဒီနေ့ကကျွန်တော် လာဖို့ကြိုးစားခဲ့ပါသေးတယ် ။ ဒါပေမယ့် သုံးလတစ်ကြိမ်လုပ်တဲ့ တီဘီရောဂါတိုက်ဖျက်ရေး..မြို့နယ်အစည်းအဝေးက အဲဒီနေ့ နေ့လည် ၃နာရီမှာ လုပ်မယ်ဆိုပြီး ဖိတ်စာရောက်လာပါတယ် ။ ကျွန်တော်အားနာလိုက်တာလွန်ပါရော.. ။ ဒါနဲ့ နတ်သမီးဆီ ဖုန်းဆက်ဖို့ကလည်း ဖုန်းနံပါတ်တွေအကုန်လုံး ကရုံးမှာကျန်နေခဲ့တယ် ကျွန်တော်လည်း စနေနေ့ အိမ်ပြန်ရောက်မှသိရတာပါ ။ အစ်မနမ်းမ၀ကတော့ပြောရှာသား အင်း..အစည်းအဝေးမရှိအောင်ဆုတောင်းရမှာပဲတဲ့ ။ (ကံမကောင်းတော့ဆုတောင်းကမပြည့်ရှာတော့ဘူး ) ဟိုအစည်းအဝေးကလည်း အဲဒီနေ့မှတိုက်တိုက်ဆိုင်ဆိုင် မြို့နယ် ဆရာဝန်နဲ့ ဂျီပီတွေတွေ့ဆုံပြီး ဆွေးနွေးတဲ့ပွဲပေါ့ ။ ဖျက်မရတာနဲ့ ကျွန်တော်သွားတက်လိုက်ရပါတယ် ။ အိမ်ကလည်း စာရင်းပေးထားပြီးသားဖြစ်နေပါတယ် ။ အားနာပါတယ် အစ်မမိုးငွေ့ရေ.. ခွင့်လွှတ်ပါနော်.. နောက်တခါတွေ့ကြရင် မပျက်ကွက်အောင်ကြိုးစားပါ့မယ်း)
ခင်တဲ့ ...သက်တန့်ချို
မမိုးတို့များ သွားရေကျအောင်လုပ်တယ်..။
Feel 3 ကိုအပြေးအလွှားရောက်လာခဲ့တယ်..(စိတ်ကူးနဲ့...)..။ လွမ်းလိုက်တာများ.......
ခင်တဲ့
သဒ္ဓါ
ဟင်းဟင်း ... ဒါတောင် လျှော့စားတာနော် ...
အဲဒီနေ့က မိုးကလည်းရွာ ပြေးရလွှားရနဲ့ မောပြီး
ပိုစားနိုင်မယ်ထင်တာ မစားနိုင်ခဲ့ဘူးဗျ ... ငါးယောက်စာဆိုတော့ ဘယ်လိုမှမကုန်ဘူးလေ ..
ဒါနဲ့ မမိုးငွေ့ အပြောကောင်းလို့ ကျွန်တော့်ကို မနာလို ဖြစ်နေကြပြီ ....
မချောနှစ်ယောက် ကိုယ်တစ်ယောက် ဖြစ်သွားလို့လေ .. အဟီး ...
စနေကို မျှော်ပြီး သရေယိုနေတယ်ဗျ ...( မနာလို မဖြစ်နဲ့နော်)း))))
ဟယ် နတ်သမီးရဲ့ ပြည်တော်ပြန်ခရီးက ပျော်စရာလေး
စားချင်တာတွေစား သူငယ်ချင်းတွေနဲ့ တွေ့
သိပ်ကောင်းတာဘဲ
အားကျတယ်..
အားရအောင် ပျော်ခဲ့ နတ်သမီးရေ..
စားချင်တာလဲ ၀အောင် စားလားခဲ့နော်..
မိုးငွေ့လဲ ထပ်တူပျော်ပါစေကွယ်..
မမိုးရေ......
ဏီဏီတို့ကတော့ အလုပ်ထဲမှာခေါင်းနစ်သထက်ပိုပိုနစ်လာပြီဗျာ......။
မောင်နှမတွေဆုံတုန်းပျော်စရာလေးတွေဖြစ်ကြတာ သိရတော့ ၀မ်းသာမိတယ်.....။
မန့်တဲ့နေရာက Word Verification ကြီးကို ဆက်တင်ထဲမှာ သွားဖြုတ်ထားဦးဗျာ....။ အားကြီးအချိန်ကုန်လို့......ဟိဟိ.......။
ခင်မင်တဲ့
ဏီလင်းညို
(၁၂)ရက်နေ့က မမိုးရဲ့အိမ်မှာ မမိုးချက်တဲ့ မမိုးရဲ့လက်ရာ...ကောင်းမှကောင်းပဲဗျို့....
နတ်သမီးကတော့ ကြက်သားဟင်းစားတယ်၊ ကိုတူးကတော့ ဝက်သားဟင်းစားတယ်...
ငပိထောင်း၊ကျောက်ဖရုံသီးဟင်းရည်၊ယိုးဒယားငါးဟင်းရည်အစပ်၊ ခရမ်းသီးမွှေနဲ့ကြက်ဥရောကြော်၊သရက်သီးနဲ့သခွားသီးတို့စရာ၊လ္ဘက်သုတ်၊သရက်သီးမှည့်။။။။
ဟိ...ကောင်းမှကောင်းပဲ...
အစ်မမိုးငွေ့ရေ....
ဖတ်ရတာ ပျော်စရာကောင်းလိုက်တာ။ အစ်မလက်ရာစားကြတာကို ပိုသွားရည်ကျတယ် ဟီးးးးးးးးးးးး။
ညီမလေးတို့ပြန်လာဖြစ်ရင်လည်း မမိုးကို မတွေ့တွေ့အောင်ရှာပြီး
အိမ်ထမင်းလာစားဦးမှ ထင်တယ်။း))
ခင်မင်စွာဖြင့်
ညီမလေး
အင်ကြင်း
Post a Comment