Saturday, 5 September 2009

ရုပ်မပေါက်ဘူး.....





ကျမကို အပြင်မှာ မြင်ဖူးတဲ့ ညီမလေးတစ်ယောက်က ကျမစာတွေ ကျမအရေးသားတွေကို ဖတ်ပြီး “အမက လုံးဝမထင်ရဘူးနော်” တဲ့...။ အပြင်ပန်းကကြည့်ရင် အဲလို အနုပညာဝါသနာပါလိမ့်မယ်လို့ကိုမထင်ဘူးတဲ့..။
ဟုတ်ကဲ့ပါ ညီမလေး အမရဲ့ ရုပ်လက္ခဏာနဲ့ စိတ်လက္ခဏာကို ယှဉ်ပြပေးမယ်...။ ပိုပြီးအံ့သြမသွားနဲ့ဦး...။

အပြင်ပ ။     ။မျက်နှာက မှုန်ကုတ်ကုတ်ရှုတည်တည် (ဒီဇိုင်းကရိုက်ပေါက်နဲ့) 
အတွင်းစိတ် ။    ။ လူသိပ်ကြောက်တတ်တယ် 
အပြင်ပ ။    ။ အမြဲတမ်းကျော့မော့သပ်ရပ်အောင် ဝတ်စားတတ်တယ်... ဟော့ရှော့တွေဝတ်တယ် (ခုခေတ်ကောင်မလေးတွေလန်းတယ်ဆိုတာသနားတယ်) 
အတွင်းစိတ် ။    ။ ခြေမွှေးမီးလောင် လက်မွှေးမီးမလောင်နေတယ် ထင်မနေနဲ့ဦး မီးဖိုချောင်မှာ ချက်ပြုတ်ရတာ သိပ်ပျော်တယ်... 
အပြင်ပ ။    ။ ကလေးလေးတွေတွေ့ ရင် ပါးလိမ်ဆွဲပစ်တတ်တယ် ငိုအောင်လို့.. အတွင်းစိတ် ။ ကလေးတွေကို အရမ်းချစ်တယ်... 
အပြင်ပ ။    ။ တိရိစ္ဆာန်မချစ်တတ်ဘူး.. 
အတွင်းစိတ် ။    ။ ဒါပေမယ့် သနားကြင်နာတတ်ပါတယ် 
အပြင်ပ ။    ။ စကားပြောရင် လေသံမာပြီး အစီအငေါမတည့်တတ်ဘူး..
အတွင်းစိတ် ။    ။ စာရေးရင်တော့ အဆင်ကိုချောလို့.. 
အပြင်ပ ။    ။ လုပ်နေရတာက ဂဏန်းတွေ စာရင်းစာအုပ်ပုံတွေကြားမှာ 
အတွင်းစိတ် ။    ။ တကယ် ဝါသနာပါတာက အနုပညာနဲ့ ပတ်သက်တာအားလုံး.. 
အပြင်ပ ။    ။ လက်တွေ့ဆန်တယ်ထင်ရပေမယ်... 
အတွင်းစိတ် ။    ။ တကယ်တမ်း စိတ်ကုးယဉ်လွန်းသူ အပြင်ပ ။ သူ့ရုပ်ကြီးနဲ့ သီချင်းတစ်ပုဒ်ကို ဖြောင့်အောင်ဆိုနိုင်မယ် မထင်ဘူး.. 
အတွင်းစိတ် ။    ။ အဟဲ...သီချင်းဆိုကောင်းတာတော့ ဘယ်သူမှသိလိုက်မှာမဟုတ်ဘူး...( တောစီးကရက်နော် ) ကျမက ရှစ်ဂဏန်းသမားဆိုတော့ ဒီလက္ခဏာရှစ်မျိုးလောက်နဲ့ ပြည့်စုံလောက်ပါပြီနော် ။


မိုးငွေ့

2 comments:

peachick said...

မယုံဘူးဗျို့...အပြင်မှာရုပ်မပေါက်တာ။
သီချင်းဆိုပြမှယုံမယ်...
ဖြစ်တတ်ပါတယ်..အနုပညာသမားတွေက အဲဒီလိုရုပ်မပေါက်တဲ့သူတွေအများကြီးပါ..။

ပန်းခင်းလေး said...

ယုံ၏
မိုးငွေ့ ပြောတာကို အကြွင်းမဲ့ ယုံတယ်
(၈) ဂဏန်းသမားဆိုတော့  လက်ဆောင်လေးတစ်ခုပေးခဲ့ မယ်
အမှတ်တရပေါ့ လေ ..
သွားကြည့်လိုက်ပါ .. ဘာရယ်မဟုတ်ဘူး
အပျော်ပေါ့ နော

http://www.facebook.com/note.php?note_id=147082819632&ref=mf

ခင်မင်စွာဖြင့်

ပန်းခင်းလေး