ပိုင်ဆိုင်လိုခြင်းကင်းမဲ့ပေမယ့်
အရာအားလုံးဆုံးရှုံးသွားတဲ့အခါ
ရင်ခွင်မှာလစ်ဟာသွားသလိုပဲ....
ပေးဆပ်ခြင်းနဲ့ချစ်ခဲ့ပေမယ့်
ရုတ်တရက် အရှုံးပေးလိုက်ရတဲ့အခါ..
နှလုံးသားမှာ စည်းချက်မရှိတော့သလိုပဲ.....
မဆုံနိုင်မှန်းလည်းသိပေမယ့်
တကယ်တမ်း ဝေးရတဲ့အခါ
အိပ်မပျော်တဲ့ ညတွေဟာ ပိုမှောင်သွားသလိုပဲ..
ဒဏ်ရာဆိုတာ နာကျင်မှန်းသိခဲ့ပေမယ့်
ကိုယ်တိုင်ရင်ဆိုင်လိုက်ရတဲ့အခါ
အလွမ်းတွေဟာ သိပ်ခါးသွားသလိုပဲ....။ ။ ( အမည်မသိကဗျာဆရာ)

3 comments:
ကဗျာလေးကထိတယ်နော်..
အရမ်းကြိုက်တယ်။
အမည်မသိတာလား...
အမည်မဖော်ချင်တာလား :)
မသိတာပါ ညီမလေးရဲ့...
အဲဒီစာသားလေးကြိုက်တယ်...
Post a Comment