Monday, 28 September 2009

၀တ်မှုံတစ်ခုရဲ့မျက်နှာဖုံး...




ဆောင်းလက်သံတွေ 
တိတ်ဆိတ်စွာတိုးဝင် 
ဘယ်တုန်းကမှ မစိမ်းလန်းတဲ့ 
အဆိပ်သင့်ချော်မြေမှာ 
ကြွေပြစရာ ရွက်ဝါမရှိခဲ့ 
ခွင့်လွှတ်ပါဆောင်းရေ.. 
ပြတ်ရွေ့ကြောင်းထဲ 
အစိမ်းရောင်ဝတ်မှုံတွေ 
မင်းမြင်အောင် ငါမပြနိုင်ခဲ့ဘူး...။     ။ ဂဒိုး (တောင်ကြီး)

2 comments:

peachick said...



နှစ်သက်မိပါတယ်...ဒီကဗျာလေးကို။

အဖြူရောင်နတ်သမီး said...

ကဗျာလေးလှတယ်“မ”ရေ..
နတ်သမီးရဲ့မွေးနေ့ကျရင်လည်း ကဗျာတပုဒ်လက်ဆောင်ပေးရမယ်နော်..
မက်မက်မောမောကိုတောင်းခံတာပါ...
လာဖြစ်အောင်လာနော်...
မမေ့နဲ့နော်..နိုဝင်ဘာ(၁၉)