Thursday, 2 December 2021

My Small Home Business ......

Burnt Cheesecake 




Crumble Fruits and Nuts Cheese Cake








Sea Salt Cream Cheese Chiffon Cake














ကျွန်မတို့ရဲ့ အိမ်တွင်းစီးပွားရေးလုပ်ငန်းသေးသေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်လို့ပါ.....။ ဒီပို့စ်ကတော့ Commercial  သီးသန့်ပို့စ်တစ်ခုပါပဲ.....။ ဒီကာလမှာ ဘာလုပ်လုပ်ခက်ခဲနေကြတယ်ဆိုပေမယ့် ဇိမ်နဲ့ထိုင်စားရဖို့ လူချမ်းသာမဟုတ်လို့ ဝမ်းတစ်ထွာအတွက် ကြံရဖန်ရတာပေါ့....။ ဒီ မုန့်ဖုတ်အော်ဒါကို တကယ်လက်တွေ့လုပ်နေတာက ကျွန်မရဲ့မောင်လေးပါ ကျွန်မကတော့ အကြံပေးတစ်ယောက်သက်သက်ပါပဲ....။ ပထမဦးဆုံး Brunt Cheesecake နဲ့စခဲ့တာပါ.... Face book မှာ Food Lover - Food Paradise လို့ရိုက်ထည့်ပြီးရှာလို့ရပါတယ်...။ ကျွန်မရဲ့ စာဖတ်သူများ အဝေးကနေအားမပေးနိုင်ရင်တောင်မှ ပေ့ချ်မှာ Like & Follow လေးလုပ်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်....။ Instagram မှာဆိုရင်တော့ foodlover_food paradise မှာလဲ Follow လုပ်ပေးနိုင်ပါတယ်....။ လောလောဆယ်အထိ မုန့်သုံးမျိုးကို‌ အော်ဒါလက်ခံပေးနေပါတယ်....။  Burnt Cheesecake ရိုးရိုး မျက်နှာပြင်တူးတဲ့ Cream Cheese အသားနဲ့ဆိမ့်နေတဲ့ ချိစ်ကိတ်ရယ်.....။ မူလ Burnt Cheesecake ပေါ်မှာမှ သစ်သီး(ပန်းသီး)စိပ်လေးတွေမြှုပ်ထားပြီး ဂျုံ ထောပတ်နဲ့ သကြားနယ်ထားတာကို အပေါ်ကနေဖြူးပြီးပြန် Bake ထားတဲ့ Crumble Cheesecake ရယ်.... Chiffon ကိတ်သားမွမွလေးပေါ်မှာ Cream Cheese, Sea Salt နဲ့ Icing Sugar နဲ့ ရောစပ်ထားတဲ့ Cream ကိုလောင်းပြီး သစ်သီးခြောက်နဲ့ အစေ့ဆံတွေဖြူးထားမယ့်ကိတ်ပဲဖြစ်ပါတယ်....။ အရသာကတော့ အိမ်မှာလုပ်စားတဲ့အတိုင်း အရည်အသွေးအပြည့်အဝနဲ့ စေတနာ မေတ္တာ အရင်းခံပြီး လုပ်ပေးမှာပါ....။ 

နောက်ထပ်ကြော်ငြာဝင်စရာတစ်ခုကတော့ အကြောင်းအမျိုးမျိုးကြောင့် ဆိုင်ပိတ်ထားရတဲ့ (Online မှာပဲရောင်း) CW ( Commune Wear ) ဆိုင်လေး ပြန်ဖွင့်ပါပြီဆိုတဲ့အကြောင်းလေးပြောချင်ပါတယ်....။ ရန်ကုန်ဆိုင်ခွဲကို ခုမှပြန်ဖွင့်ပေမယ့် တောက်လျှောက်တော့ အွန်လိုင်းနဲ့ရောင်းနေခဲ့ပါတယ်....။ စလုံးမှာနေတဲ့သူတွေအတွက် Commune Wear Singapore လို့ Google မှာရှာပြီး Website မှာ  Explore လုပ် မိမိစိတ်ကြိုက်ဝင်ရောက်ကြည့်ရှု မှာယူနိုင်ပါတယ်....။ အောက်ပုံတွေကတော့ Singapore ဆိုင်ခွဲမှာ တင်ထားတဲ့ ဖိနပ်တွေဖြစ်ပါတယ်....။ အခက်ခဲကြောင့် ရန်ကုန်မှာတော့ ဒီထဲကဖိနပ်ဒီဇိုင်းတစ်ချို့မတင်နိုင်သေးပါဘူး....။ Calf Leather စစ်စစ်နဲ့ Hand made ချုပ် ဖိနပ်လေးတွေပါ.....။ ကိုယ့်စိတ်ကြိုက် ဒီဇိုင်းနဲ့ကာလာပေးပြီး ထိုင်းမှာ အော်ဒါမှာချုပ်ထားတာဖြစ်ပါတယ်....။ ရန်ကုန်ဆိုင်ခွဲကိုလည်း Commune Wear Myanmar လို့ ရှာပြီး Website ကနေ အော်ဒါမှာနိုင်ပါတယ်.....။ သရေဖိနပ်တွေအပြင် ဖန်စီ နားဆွဲလှလှလေးတွေ ရင်ထိုးလေးတွေ Leather Card Holder တွေ သရေလက်ကိုင်အိတ်တွေ လက်ပွေ့အိတ်တွေနဲ့ ယောကျာ်းစီး ဖိနပ်တွေ တခြား Collaborate လာလုပ်ထားတဲ့သူတွေရဲ့  ယောက်ျားခေါင်းလိမ်းဆီတွေ ဂျယ်တွေ အမွှေးဖယောင်းတိုင်တွေ ပို့စ်စကဒ်လေးတွေ ချည်ပေါင်းသားအဝတ်အစားတွေလည်း အစုံရှိပါတယ်....။ မုန့်ရော တခြားလိုအပ်တဲ့ ပစ္စည်းလေးတွေရော အားပေးကြပါ ချစ်တို့ရေ......။ အွန်လိုင်းဈေးသည်သံနဲ့ပြောကြည့်တာ....။  တောင်းဆိုတဲ့ Rating များရင်တော့ Face Book က Food Blogger တွေလို Live လွှင့်ပြီး Review အတွက် ကိတ်မုန့်တွေစားပြပါမယ်လို့ :) 

Face Book သုံးတဲ့ စာဖတ်သူများလဲ ဒီပို့စ်လေးကို မိမိတို့ Wall တွေမှာ အပန်းမကြီးရင် ရှယ်ပေးလို့ရပါတယ်လို့.... Love You All …..❤️😍😻🥰


Ps: 

You tube မှာ ကိုကြီးကို Subscribe လေးလဲလုပ်ပေးကြပါဦး အယောက်တစ်ထောင်ပြည့်ရင် အကျိုးရှိတာလေးလုပ်စရာရှိလို့ပါ ကျေးဇူးတင်ပါတယ် 😍😍😍







































































































































__________________
Revolution Will Prevail
မိုးငွေ့

 

Wednesday, 1 December 2021

Sweet December…..

 



Hello December ❄️❄️❄️

Sweet December .... ပါ အိန်ဂျယ်ရေ ....

ဒီလိုမနှုတ်ဆက်ရတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီပဲ.....။

ဒီနှစ်မှာ....,

ဒီဇင်ဘာဟာ အရင်လို မြူတွေမဆိုင်းတော့ဘူး....

ဒီဇင်ဘာဟာ အရင်လို နှင်းတွေမဝေတော့ဘူး.....

ဒီဇင်ဘာဟာ သောကအပူမီးတွေ ဒုက္ခတွေဝေနေလို့ အရင်လို မချိုမြိန်တော့ဘူး......

ဒီဇင်ဘာမှာ မတရားဥပဒေတွေနဲ့ အမေ့ကို အမိန့်ချမှတ်မယ့် နေ့တစ်ခုရှိနေတယ်....

ဒီဇင်ဘာမှာ အခန့်မသင့်ရင် နာမည်အသစ်နဲ့ ဧည့်သည်လဲရောက်လာနိုင်သေးတယ်.....

ဒီဇင်ဘာမှာ Receiver ကောင်းကောင်းရှိတဲ့သူတွေဆီကို  လှိုင်းတွေပို့လွှတ်ဖို့    ခါတိုင်းတွေထက် စွမ်းအားတွေကို ပိုစိုက်ထုတ်ရမယ်....

ဒါကြောင့် ဒီဇင်ဘာမှာ စွမ်းအင်တွေကို ပိုစုဆောင်းရမယ်.....

ဘာပဲဖြစ်ဖြစ် ခါတိုင်းနှစ်တွေလို မချိုမြိန်တော့ပေမယ့်... ဒီဇင်ဘာဆိုတဲ့ နှစ်တစ်နှစ်ရဲ့နောက်ဆုံးလမှာ စေတန်ရဲ့စမ်းသပ်ချက်တွေအားလုံး အားလုံး အဆုံးသတ်နိုင်မယ့် လဖြစ်မယ်လို့ ယုံကြည်ပါတယ်.....။

Sweet December မှာ မျှော်လင့်ချက်တွေအားလုံး ပြည့်ဝကြပါစေလို့ ဆုတောင်းပါတယ် ... ။


_____________________
Revolution will prevail 
မိုးငွေ့


Sunday, 28 November 2021

ဓမ္မအထွေထွေမှတ်စုများ(၂၁).....

 


နမောတသ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ

နမောတသ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ

နမောတသ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ


ငါးပါးသီလ လုံခြုံ အောင် စောင့်ထိန်းပါ 


လူတွေ ဆိုရင် 

အနည်းဆုံး ငါးပါးသီလကို 

လုံခြုံအောင် လုပ်ရမယ်။


ငါးပါးသီလကို ဝါရိတ္တသီလလို့ ခေါ်တယ်။

တစ်ပါးမှ လျော့လို့ မရဘူးနော်။

ငါးပါးသီပြည့်စုံမှ လူ့ဘဝပြည့်စုံမယ်။


အဲဒါကို နည်းနည်းလောက် 

ပြန်စဉ်းစား ကြည့်ရအောင်။


လူတစ်ယောက်ဟာ အရင်ဘဝတုန်းက 

ငါးပါးသီလက လေးပါးလောက်ကို 

ပြည့်စုံအောင် ဖြည့်ကျင့်ခဲ့တယ်နော်။


အဲဒီထဲမှာ ပါဏာတိပါတကံကို 

မလုံခြုံ ခဲ့ဘူးဆိုရင် 

လူ့ဘဝရောက်လာတဲ့အခါမှာ 

ချမ်းချမ်းသာသာဖြစ်ပေမယ့်လို့

အသက်တိုမယ်။


ပါဏာတိပါတကံ မလုံခြုံ ခဲ့ ရင် 

လူဖြစ်လာတဲ့အခါမှာ အနာရောဂါများမယ်။

အသက်တိုမယ်။

ဒါက အပေါ့ဆုံး အပြစ်နော်။


ငရဲကျတာ မကျတာ အသာထားနော်။


ငါးပါးသီလရဲ့အပေါ့ဆုံးအပြစ်က 

ဒီအထိအောင် ခံရမယ်။


အာဒိန္နာဒါနကံ မလုံခြုံ ခဲ့ ရင် 

ပစ္စည်းဥစ္စာတွေဟာ ရှာလို့တော့ ရပါရဲ့။

ခဏခဏ ပျက်စီးသွားမယ်။


မီးလောင်တဲ့အထဲ ပါသွားမယ်။

ကိုယ်ရဲ့ပစ္စည်းဟာ အမြဲတမ်း ပျက်စီးနေမယ်။


နောက်တစ်ခု ကာမေသု မိစ္ဆာစာရ ကံ 

မလုံရင် လူမုန်းများတယ်။ 


သူနဲ့ဘယ်သူမှ မတည့်ဘူး။

သူ့မျက်နှာမြင်တာနဲ့ အလိုလို မုန်းလာတယ်။

အခြောက်တိုက် မုန်းတာမျိုးပေါ့။


နောက်ပြီးတော့ ကျား မဟုတ် 

မ မဟုတ် ဖြစ်တတ်တယ်။


မုသာဝါဒ ကံ မလုံရင် 

သူ့စကားကို မယုံကြတော့ဘူး။


သူပြောသမျှ မည်သူတစ်ဦးတစ်ယောက်မျှ

မယုံကြည်တဲ့အခါ 

သူ့ရဲ့စကား အရာ မရောက် ဖြစ်တယ်။


ဒါကြောင့် မုသားဆို ရယ်စရာအနေနဲ့တောင် 

မပြောဘဲ ရှောင်ကြဉ်သင့်တယ်လို့

မြတ်စွာဗုဒ္ဓ ဟောကြားထားတယ်။


သုရာမေရ ကံ မလုံခြုံ ခဲ့ တဲ့ သူဟာ 

ဖြစ်ရာဘဝမှာ ဦးနှောက် မပြည့်ဘူး။


ကျပ်မပြည့်ဘူး ပြောကြတယ်။

ရူးနှမ်းနှမ်း ဖြစ်တတ်တယ်။


ဒါကြောင့် 

လူတွေရဲ့အခြေခံသီလဖြစ်တဲ့ 

ငါးပါးသီလလောက်ကို လုံခြုံအောင် 

စောင့်ထိန်းသင့်တယ်။


ငါးပါးသီလထဲက တစ်ခုမှ လျော့လို့ မရဘူး။

လူရယ်လို့ ဖြစ်လာတဲ့အခါမှာ

အသက်ရှည်ရမယ်။ ကျန်းမာရမယ်။

အနာကင်းရမယ်။ ပစ္စည်းဥစ္စာ ရှိရမယ်။

လူချစ်လူခင်ပေါများရမယ်။

ဥာဏ်ပညာပြည်စုံရမယ်။ သြဇာရှိရမယ်။ 

ရူးနှမ်းနှမ်းမဟုတ်ပဲ တည်ကြည်သူဖြစ်ရမယ်။


ငါးပါးသီလ လုံခြုံရင် အဲဒီအကျိုးတွေ ရမယ်။

ဒါမှ လူ့ဘဝမှာ ပြည့်စုံသူလို့ ပြောလို့ရမယ်။


🙏🙏🙏

ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာ နန္ဒမာလာဘိဝံသ


Thursday, 25 November 2021

သတိရညနေ.....

 

ညနေကြယ်




    ဆေးရောင်လှလှညနေ




နေဝင်တိမ်တောက်ညနေ




မိုးတိမ်တောင်မြူမှုန်ညနေ




မှုန်ရီဝိုးတဝါး မခို့တရို့ညနေ



လိမ္မော်ဝါရွှေခဲရင့်တောက်ပညနေ




ပုန်းတမ်းကစားနေတဲ့ နေဝန်းနီ ညနေ




လိမ္မော်နုရင့်ဝါရွှေရောင်ပြည့်ဝနေဝန်းညနေ




ရောင်ခြည်တောက်ဖြာညနေ




အဝါအပြာအားပြိုင်ညနေ




တည်ငြိမ်ညနေ




အိမ်လုပ် Cold Brew လေး သောက်ပါဦး


ကျွန်မတို့အိမ်က အနောက်လှည့်မို့ ညနေ နေဝင်ချိန်ဆို သိပ်လှတဲ့အကြောင်း သူ့ကိုပြောပြဖြစ်တယ် ....🔆🌻🎶❤️🎵🌺


______________________
Revolution will prevail
မိုးငွေ့