မိုးငွေ့
Monday, 28 May 2018
သကမိဘမဲ့စုပေါင်းအလှူ.....(၁)
မိုးငွေ့
Wednesday, 23 May 2018
အိပ်မက်တိုင်းပြည်.....
ပြန်တွေးကြည့်တော့ အရာရာဟာ မှုန်ဝါးဝါးနဲ့ လုံးဝပျောက်ကွယ်လွင့်ပြယ်သွားတာလည်းမဟုတ်ဘူး...။ ကြည်လင်ပြတ်သားနေတာမျိုးလည်းမဟုတ်ဘူး...။
မင်းနဲ့ပတ်သက်ခဲ့သမျှ အမှတ်တရတွေဟာ ပြန်တွေးကြည့်ရင် အိပ်မက်တိုင်းပြည်တစ်ခုကို တစ်ယောက်ထဲ ရောက်သွားရသလိုပဲ...။ နို့နှစ်ရောင် ညအိပ်ဂါဝန်ပိုးဇာလွှာတို့က ကိုယ့်ခြေထောက်တွေ လှမ်းလိုက်တိုင်း လှမ်လိုက်တိုင်း တလွှင့်လွှင့်နဲ့ကပ်ပါလာကြတယ်...။ မင်းရဲ့ မျက်နှာကြည်ကြည်လေးကို ကိုယ်မြင်နေရတယ် ...မင်းနဘေးက ပတ်ဝန်းကျင် ရှုခင်းတွေအားလုံးက မှုန်ဝါးဝါး....။ အလင်းစက်တို့ကျရောက်နေတဲ့ မင်းမျက်နှာလေးမှာ မျက်ခုံးနက်နက်တွေ မျက်တောင်ထူထူတွေ ပါးပြင်ပေါ်က ခရမ်းရောင် အစိမ်းရောင် သွေးကြောမျှင်တွေ ကိုယ်သိပ်ကို တရှိုက်မက်မက်ရှိခဲ့ဖူးတဲ့ ဆေးလိပ်သောက်မထားတဲ့ နီးစွေးစွေး နှုတ်ခမ်းထူထူတစ်စုံ ရိပ်ပြီးပြန်ပေါက်ခါစ မေးရိုးပေါ်က စိမ်းမြမြပါးမြိုင်းမွှေးတွေ.....။
မင်း ကိုယ့်အိပ်မက်ထဲမလာခဲ့တာ ဘယ်လောက်ကြာပြီလဲ....။ တချိန်က “အိန်ဂျယ်”လို့ အမြဲတစေ တမ်းတခဲ့ရဖူးတဲ့ မင်းကို ကိုယ်ဘယ်တုန်းကမှ မေ့မသွားခဲ့ဖူးပါဘူး...။ ဒီလိုပဲ ကိုယ့်စာကို ထာဝရလာဖက်တဲ့ စာဖတ်သူတွေကလည်း “အိန်ဂျယ်”ဆိုတဲ့ မင်းကို သတိတရရှိနေကြတုန်းပါပဲ...။
အိပ်မက်တိုင်းပြည်တစ်ခုထဲကို အမှတ်မထင် အလည်ရောက်သွားရင်းက မင်းနဲ့တခဏ ပြန်လည်ဆုံတွေ့ရလို့ မင်းပေးခဲ့ဖူးတဲ့ အမှတ်တရများစွာထဲက နောက်ထပ်အမှတ်တရတစ်ခုကို ကိုယ်ဒီနေရာလေးမှာ လာသိမ်းဆည်းသွားတာပါ အိန်ဂျယ်......။
မင်းရောက်တဲ့ အရပ်မှာ ကျန်းမာစွာ ဘေးကင်းစွာနဲ့ စိတ်ချမ်းမြေ့စွာရှိပါစေလို့ ကိုယ်ဆုတောင်းပေးပါတယ်...။
မိုးငွေ့
Thursday, 10 May 2018
ခုတလော ဓါတ်ကျနေတဲ့အစာ.....
Monday, 30 April 2018
တရံရောအခါက ဘလော့ဂါတွေ.....(၅)
- “အဖြူရောင်လမ်းကလေး”ဒီဘလော့ဂါအစ်ကို ကိုတော့ အပြင်မှာတခါမှမတွေ့ဖူးပါဘူး...။ ဒါပေမယ့် ကျွန်မတင်ခဲ့တဲ့ 2011 2012 လောက်က ပို့စ်တွေအတော်များများမှာ ကော်မန့်လာပေးပြီး ကျွန်မစာလုံးပေါင်းမှားရင် အမြဲလာပြင်ပေးတတ်တဲ့ ကျွန်မပို့စ်တွေရဲ့ စာပြင်ဆရာတစ်ယောက်လည်းဖြစ်ပါတယ်...။ အစ်ကို ဆူးသစ်က ကျွန်မတို့လို အွန်လိုင်းမှာ မတတ်တခေါက်နဲ့ စာတွေလျှောက်ရေးနေတဲ့သူမဟုတ်ပါဘူး...။ အစ်ကို့အကြောင်းအကြမ်းဖျင်းကို “ကျွန်တော့်အကြောင်း” မှာ သွားဖတ်ကြည့်လို့ရပါတယ်...။ ကျွန်မတို့ထက် စီနီယာကျတဲ့ စာရေးဆရာ ကဗျာဆရာတစ်ယောက်ဖြစ်ပါတယ်...။ နောက်ပိုင်းတော့ ဘလော့ဂါတော်တော်များများဟာ ဘလော့လောကကနေ ကင်းကွာသွားကြပြီး အရင်လို တစ်ယောက်အိမ်တစ်ယောက်လည်ပတ်ပြီး ကော်မန့်ပေးတာမျိုးသိပ်မလုပ်ကြတော့ဘူး...။ ဒါကြောင့် နောက်ပိုင်းနှစ်တွေမှာ ကျွန်မရဲ့ ပို့စ်တွေမှာ အစ်ကိုဆူးသစ်ရဲ့ ကော်မန့်တွေ သိပ်မတွေ့ရတော့ပါဘူး...။ အစ်ကိုက ဘလော့မှာ လုံးဝအဆက်ပြတ်သွားတာမျိုးမဟုတ်ဘဲ ကြိုကြားတော့ တင်နေတာတွေ့ရပါတယ်..။ အစ်ကိုတင်တဲ့ ပို့စ်တွေမှာ တက္ကသိုလ်ရဲ့ အငွေ့အသက်တွေကို အများကြီးမြင်တွေ့ရမှာပါ...။ အစ်ကိုဆူးသစ်ရဲ့ ချစ်ဇနီးလည်း ဟင်းချက်နည်းပို့စ်တွေကိုတင်နေတဲ့ “ရသာချို” ရဲ့ ဘလော့ပိုင်ရှင် ပါပဲ...။ ကျွန်မပို့စ်တွေမှာ အမှားတွေ့ရင် အမှန်လာလာပြင်ပေးတတ်တဲ့ တချိန်က ကျွန်မရဲ့ အိန်ဂျယ်စာစုတွေကို အများကြီးအားပေးခဲ့ဖူးတဲ့ လေးစားရတဲ့ဆရာတစ်ယောက်ဖြစ်တဲ့ အစ်ကိုဆူးသစ်ကို ဒီပို့စ်နဲ့ ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်...။ကျွန်မရေးခဲ့ဖူးတဲ့ အိန်ဂျယ်စာစုတစ်ပုဒ်ဖြစ်တဲ့ “မိုးညလေပြေ” မှာ အစ်ကိုဆူးသစ်က အောက်က ကဗျာကော်မန့်လေးရေးသွားခဲ့ဖူးတာကို အမှတ်တရတင်ပေးလိုက်ပါတယ်...။ဆူးသစ် said...လေပြေကသူကိုယ်ကမိုးငွေ့အလွမ်းတို့ တိုးဝှေ့တဲ့အခါဟိုးမှာ...ကြည့်စမ်းမိုးညရဲ့လမ်းမှာမျက်ရည်တွေ မခမ်းစတမ်းရွာတယ်။သားလတ်၂၈.၈.၁၂၂၂:၅၀ နာရီဘာရယ်မဟုတ်ဘူး။ ဒီပို့စ်ကိုခံစားပြီးရေးလိုက်တာ။ ကဗျာရေးရင်ကျွန်တော်ကသားလတ်ဆိုတဲ့ကလောင်နဲ့ရေးလို့ ဒီကဗျာကိုမိုးငွေ့ကိုအမှတ်တရရေးပေးလိုက်ပါတယ်။28 August 2012 at 10:52လွင်ပြင်လှိုင်းငယ်ဒီနာမည်ကိုဖတ်မိရင် သူနဲ့တွဲလျက် သူ့ရဲ့ ချစ်ဇနီး မစံပယ်ချိုကိုလည်း သိကြမှာပါ...။ သိမ်မွေ့နူးညံ့လှတဲ့ ကဗျာများစွာကို ဖန်ဆင်းတဲ့ ကဗျာမောင်နှံတွေပေါ့...။ သူတို့မှာ သားသမီးမရှိပေမယ့် တချိန်က သူတို့မောင်နံှတွေ မလေးမှာရှိနေတုန်းက ကျွန်မကို ဖဘမှာတွေ့ရင် သူတို့ဆီမှာ မွေးစားသားတွေများတော့ ကျီစယ်ပြီး ချွေးမလို့ခေါ်ခဲ့ဖူးတယ်...။ ခုချိန်ထိလည်း ဒယ်ဒီ မာမီတို့က အွန်လိုင်းမှာ ကျွန်မနဲ့ဆုံတိုင်း ချွေးမလို့ခေါ်ဖြစ်နေသေးတုန်း...။ အရမ်းချစ်ဖို့ကောင်းတဲ့ ဇနီးမောင်နှံတွေပါ...။ သူတို့ကို အပြင်မှာမဆုံဖူးပေမယ့် ဖုန်းစကားတော့ပြောဖူးခဲ့တယ်...။ ကဗျာရေးကောင်းတဲ့အပြင် မာမီဂျက်ဆို ဟင်းချက်သိပ်တော်ပြီး ဒယ်ဒီကတော့ သီချင်းဆိုကောင်းသူပေါ့...။ သူတို့ရဲ့ ချစ်စရာကောင်းတဲ့ ကဗျာလေးတွေကို သွားဖတ်စေချင်ပါတယ်..။ တခါထဲလည်း ဘလော့လောကကို အပြီးတိုင် စွန့်မသွားပါနဲ့လို့ ကဗျာအသစ်လေးတွေတင်ကြပါဦးလို့ တောင်းဆိုချင်ပါတယ်..။ဒယ်ဒီတို့ မာမီတို့အကြောင်းပြောရင် ဒီလူကြီးကိုတော့ ချန်ထားလို့မရနိုင်ဘူး...။ ကဗျာဆရာကြီး ကိုမင်းဧရာသူ့ကို ကဗျာဆရာကြီးလို့ခေါ်လို့ ဒီပို့စ်ဖတ်ပြီးရင် ကျွန်မကို စိတ်ဆိုးလောက်ပြီ...း)...။ “ဘ”ကို မလေးကပြန်ရောက်ပြီး ရန်ကုန်မှာတစ်ခါဆုံဖူးခဲ့ပါတယ်...။ တချိန်က ဖဘမှာ ဖလန်းဖလန်းထခဲ့တုန်းက ကိုမင်းဧရာနဲ့ စကားတွေတော်တော်ပြောခဲ့ဖူးပါတယ် အများအားဖြင့် ကဗျာတွေအကြောင်း ကျွန်မရဲ့ အိန်ဂျယ်စာစုနဲ့ အက်ဆေးတွေအကြောင်းပေါ့ သူက ကျွန်မကို ဘိုဆန်လို့ဆိုပြီး ဘိုမလို့ခေါ်တတ်တယ် သူကတော့ အဲတုန်းကတည်းက ဖဘမှာ လူတိုင်းက “ဘ”လို့ခေါ်ခံရတဲ့သူ..။ ကျွန်မရဲ့ အိန်ဂျယ်စာစုအတော်များများမှာ ကော်မန့်လာပေးတတ်သော ကျွန်မစာတွေကို အဲဒီအချိန်တွေတုန်းက အားပေးတတ်သော ကဗျာသည်တစ်ယောက်ဖြစ်ပါတယ်...။ ကိုမင်းဧရာရဲ့ ကော်မန့်တွေကို သဘောကျတယ်ဆိုတာ သူက ကော်မန့်ပေးရင် သူများတကာနဲ့မတူဘဲ ကဗျာတိုလေးတွေ စပ်ပြီးပေးသွားတတ်လို့ပါ...။ အဲဒီကဗျာကော်မန့်လေးတွေအတွက် ကျေးဇူးပါ ကိုမင်းဧရာ..။ ဘလော့လေးကိုလည်း တစ်ချက်လောက်ငှဲ့ကြည့်ပါဦးလို့ ထပ်ဆင့်သတိပေးပါတယ်...။“ အောက်တိုဘာရဲ့ နောက်ဆုံးမှာသာတဲ့လ”မြူနှင်းတွေကြားကသာနေတဲ့လမင်းအိန်ဂျယ်ရဲ့ ရင်တွင်းမှာလည်းလင်းနေမှာပါ“မိုးထဲလေထဲ”သွားလိုက်ပါ လှော်ခတ်ပြီးတော့အေးဖြော့ဖြော့ နှုတ်ခမ်း သူ့အနမ်းနဲ့နွေးပါစေ။အပေါ်ကတစ်ယောက်ကိုလည်းအီကြာကွေးပုပုလေး ကြွေးလိုက်ပါလေ း)။ကျွန်မ ဘေဘီအီကြာကွေးလုပ်နည်းလေးတင်ထားတာကို ဖတ်ပြီး သူက အဲလိုကော်မန့်ပေးသွားခဲ့ဖူးတာ..။ ကျေးဇူးပါ ဘရေ...။မှတ်ချက်။ ။ တရံရောအခါက ဘလော့ဂါတွေကို ရေးရတဲ့ ရည်ရွယ်ချက်က ဘလော့လောက ကနေ အတန်ကြာပျောက်ကွယ် ပုံးလျှိုးနေကြတဲ့ ဘလော့ဂါတွေကို ပြန်နှိုးလိုက်တာပါပဲ...။ ပြီးတော့ အွန်လိုင်းပေါ်အသစ်ရောက်လာတဲ့ စာဖတ်သူတချို့နဲ့လည်း ပြန်မိတ်ဆက်ပေးချင်တာရယ်.. အဲဒီဘလော့ဂါပုဂ္ဂိုလ်များ အားလုံးကို စာပြန်ရေးစေချင်တဲ့ ရည်ရွယ်ချက်က အဓိကပါပဲ...။မိုးငွေ့
