ဒီရက်ပိုင်း နှစ်စဉ် ဖေဖော်ဝရီလတိုင်း တင်ဖြစ်တဲ့ "နွေဦး" စာစုလေးကို Mood ရလို့ နောက်နှစ်အတွက် ကြိုရေးနေရင်း အတွေးတစ်ခုရလိုက်တယ်...။ အတွေးရလိုက်တယ်ဆိုတာက သတိထားလိုက်မိတာ ကျမ "နွေဦး" စာစုကိုရေးတဲ့အချိန်တိုင်းက အမြဲတမ်း မိုးရာသီမှာဖြစ်နေတယ်ဆိုတာပဲ...။ ကျမ နှစ်တိုင်း အဆက်မပြတ်ရေးလာတဲ့ အဲဒီစာစုလေးဟာ ခုလာမယ့်နှစ်ဆို ဆယ့်လေးပုဒ်မြှောက် ...။ အဲစာစုတွေရေးတဲ့အချိန်တိုင်းက နီးကပ်မှရေးတာမဟုတ်ဘဲ နှစ်တိုင်း ခြောက်လလောက်ကြိုရေးလေ့ရှိတာကိုပါ သတိထားလိုက်မိတယ်...။ နွေဦးစာစုလေးရေးဖို့ ကျမရဲ့ ရေးချင်စိတ်ဖြစ်တာကလဲ မိုးရာသီထဲအမြဲဖြစ်နေတာလည်းပါတယ်...။ များသောအားဖြင့် မိုးရာသီဟာ ကျမအတွက် စာရေးဖို့ အတွေးတွေ ဈာန်တွေ အပေးနိုင်ဆုံးအချိန်ဖြစ်လို့ပဲနေမှာ...။ တကယ်တော့ ကျမရေးနေတဲ့ အိန်ဂျယ်စာစုဆိုတာ ကျမတစ်ယောက်ထဲအတွက် စိတ်ခံစားမှုသက်သက်က ထွက်လာတဲ့ စကားလုံးတွေပဲ...။ ဘယ်သူ့ဘယ်သူအတွက်မှ အကျိုးရှိစေတဲ့ စာမဟုတ်လို့ စာဖတ်သူတွေကိုအားတော့နာမိတယ်...။ ဒါပေမယ့် စကားလုံးလေးတွေ တစ်လုံးချင်းရဲ့ ခံစာမှုရသတွေကိုတော့ ရနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်...။
revolution will prevail
မိုးငွေ့
No comments:
Post a Comment