Friday, 19 May 2023

မညီမျှခြင်း/မိန်းကလေးအချစ်......


ဒီသီချင်းလေးနားထောင်ဖြစ်တဲ့အကြောင်းက You Tube ဖွင့်တော့ စစခြင်း ချယ်ရီသင်းကသူ့ချယ်နယ်မှာ ကိုယ်တိုင်ဂီတာလေးတီးပြီးပြန်ဆိုထားတာ "မိန်းကလေးအချစ်"ဆိုလို့ ဝင်နားထောင်လိုက်တာ သီချင်းလေးကိုကြားဖူးတယ်ဆိုပြီး ထပ်ရှာနားထောင်ကြည့်တော့ ပထမချမ်းချမ်းလို့ထင်တာ နောက်တော့ ချမ်းချမ်းအစ်မ "နေနေ"ဖြစ်နေတာ သူ့သီချင်းတွေ လွန်ခဲ့တဲ့ ဆယ့်လေးငါးနှစ် ကျနော် ဘလော့စရေးကတည်းက နားထောင်ဖူးတာပါ ...။ သူတို့ညီအစ်မတွေက အသံကောင်း သီချင်းအဆိုကောင်းလေးတွေ.....။ တကယ်က သီချင်းနာမည်က မိန်းကလေးအချစ်မဟုတ်ဘူး "မညီမျှခြင်း" တဲ့....။ နောက်ထပ် "မိန်းကလေးအချစ်"လည်းထပ်တွေ့တယ် ဂျိုးကြာနဲ့ စင်ဒီတို့ညီအစ်မတွေရဲ့သီချင်း အဲသီချင်းလည်း ကျနော် ဟိုတုန်းက အမြဲနားထောင်ခဲ့ဖူးတဲ့သီချင်းလေး ကြိုက်လည်းကြိုက်တယ် ကျနော် Zen mp3 music player လေးနဲ့ နားကြပ်လေးတပ်ပြီးနားထောင်ခဲ့ဖူးတဲ့ခေတ်တုန်းကပေါ့...။ 



နေနေရဲ့ "မညီမျှခြင်း"




မိန်းကလေးအချစ်



__________________
Revolution will prevail
မိုးငွေ့

 

No comments: