ကိုမျိုးကျော့သီချင်းကို ကိုမျိုးကျော့မဟုတ်တဲ့ တခြားသူတစ်ယောက်ပြန်ဆိုတာလည်းကောင်းတာပဲ...။ မူလသီချင်းကိုကကောင်းလို့ စာသားကိုကကောင်းလို့ သံစဉ်ကိုကကောင်းလို့လေ....။ ကျနော် ကာဗာပြန်ဆိုကြတဲ့ ဂီတကိုချစ်မြတ်နိုးရူးသွပ်သူတွေကို တကယ်ချီးကျူးလေးစားသောအားဖြင့် "မင်းမရှိတဲ့နေရာ" ကိုတင်ပေးခြင်းပဲဖြစ်ပါတယ်....။
ပြီးတော့ လွန်ခဲ့တဲ့ ဆယ့်ရှစ်နှစ် ဆယ့်ကိုးနှစ်လောက်က ကျနော့်ဘဝရဲ့ပထမဆုံး တစ်ကြိမ်တည်းသော အကြီးအကျယ်အသည်းကွဲခဲ့ဖူးတဲ့ အချိန်တုန်းကထွက်ခဲ့တဲ့ သီချင်းပေါ့ မှတ်မှတ်ရရပါပဲ.....။ တွေ့လား ကျနော့မှာ သီချင်းတွေနဲ့ပတ်သက်တဲ့ Story တွေ အများကြီးရှိခဲ့ဖူးတယ်ဆိုတာ....။
______________________
Revolution will prevail
မိုးငွေ့
No comments:
Post a Comment