ခုနောက်ပိုင်း Ar-T MV တွေတော်တော်များများလိင်တူချင်းကြိုက်တဲ့ BL ဇာတ်လမ်းတွေချည်းပဲ...။ အဲထဲမယ် "အိပ်မက်လေး" MV ကို သီချင်းရော သရုပ်ဆောင်မော်ဒယ်လ်လေးတွေပါကြိုက်တယ်....။ ကျွန်မက LGBT အားပေးသူတစ်ယောက်မို့ ကျွန်မအတွက် ယောကျာ်းချင်းကြိုက်တာဟာ သိပ်အဆန်းကြီးတော့မဟုတ်....။ ဒီလိုဘဝမျိုးကို သူတို့ကိုယ်တိုင်တမင်ဖန်တီးလုပ်ယူထားတာမှမဟုတ်ဘဲ ဒါဟာ မွေးရာပါ စိတ်တစ်ခု....။ အဲဒီစိတ်တွေဟာ ငယ်စဉ်က နစ်မြှုပ်နေခဲ့ရင် အရွယ်ရောက်တဲ့အခါ တချိန်မဟုတ်တချိန်တော့ပေါ်လာမှာပဲ ဖုံးဖိထားလို့မှမရဘဲလေ....။ ဒါကို ဂျီဘုန်း အခြောက်ဘာညာနဲ့ ချိုးနှိမ်မပြောသင့်ဘူးလို့ထင်ပါတယ်....။
ကျွန်မဒီသီချင်းထဲက Jay Baas လေးကို သိပ်ချစ်တာပဲ... သူ့မျက်နှာက sweet ဖြစ်တယ်....။ မျက်နှာမြင်ချစ်ခင်ပါစေဆုနဲ့ပြည့်တယ်....။ သရုပ်ဆောင်လည်း ကောင်းတယ်...။ သူ့ကြည့်ရတာ ပါပါး အားတီရဲ့ ချစ်သားထဲကတစ်ယောက်ဖြစ်ပုံရတယ်...။ မင်းသွေးခန့်လည်း ကောင်းပါတယ် ....။ အဲတလောက Ar-T ရဲ့ MV တွေ ဆက်တိုက်ကြည့်ပြီး Netflix မှာလဲ ထိုင်း gay စီးရီးတွဲလေးတတွဲတောင်ကြည့်ဖြစ်လိုက်သေးတယ်....။ Ar-T MV လေးတွေက ချစ်စရာကောင်းပြီး Idea ကောင်းတယ်...ရိုတယ်ပေါ့လေ.....။ MV ဒါရိုက်တာက "Two Guys In Town"....
အိပ်မက်လေး MV ကိုမကြည့်ခင် Silent ကိုအရင်ကြည့်နော်
ဇာတ်လမ်းလေးက to be continued လုပ်ထားတာ မိုက်တယ်
မူရင်း"အိပ်မက်လေး" သီချင်းရဲ့တေးရေးဆရာကတော့ ဆောင်းဉီးလှိုင်ဖြစ်ပြီး အဆိုရှင်က မို့မို့ ဖြစ်ပါတယ်....။ မို့မို့ဆိုတဲ့အချိန်တုန်းကတော့ သီချင်းခေါင်းစဉ်က "အိပ်မက်လေးထဲမှာ" ပါ....။ ခေတ်အရပြောင်းလဲ တိုးတက်လာတဲ့ ဂီတရေစီးကြောင်းမှာ မို့မို့ဆိုထားတာထက် Ar-T ရဲ့ Version နှစ်ခုလုံးကို ပိုကြိုက်မိတယ်....။
2013 မှာ Ar-T က Version အသစ်ကို ကေကေမိုးနဲ့ featuring ဆိုပြီး ဖွေးဖွေးနဲ့ MV ထွက်ခဲ့ပါသေးတယ်...။ အဲတုန်းက MV ဇာတ်လမ်းလေးက Les ပုံစံလေးရိုက်ထားတာ ခုထွက်တဲ့ BL version နဲ့ရော နှစ်ခုလုံးက LGBT တွေချည်းပဲ...။ "အိပ်မက်လေး" MV က အဲတုန်းက Les ပုံစံလေးနဲ့လည်းကောင်းတယ်...။ လွန်ခဲ့တဲ့ခုနှစ်နှစ်က ဆိုပေမယ့် ခုချိန်ထိခေတ်မှီနေသေးတဲ့ Ar-T ရဲ့ ဆန်းသစ်တဲ့ creation idea လေးကို သဘောကျချီးကျူးမိတယ်....။
မိုးငွေ့
No comments:
Post a Comment