နမောတသ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ
နမောတသ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ
နမောတသ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ
ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ မိမိယုံကြည်ကိုးကွယ်တဲ့ ဘာသာရဲ့ နေ့ထူးနေ့မြတ်တွေကို သိထားသင့် မှတ်ထားသင့်တယ်ထင်လို့ တချို့နေ့တွေိကို မသိသေးတဲ့သူတွေအတွက် တင်ပေးလိုက်ပါတယ်...။ ဝါတွင်းသုံးလပတ်လုံးထဲမှာ ဗုဒ္ဓဘာသာဝင်တစ်ယောက်လို့ ကိုယ့်ကိုယ်ကိုသတ်မှတ်သိထားပေမယ့် ကိုယ်ဟာ ဗုဒ္ဓဘာသာ(၅)မျိုးထဲက ဘယ်လိုလူမျိုးလည်းဆိုတာ စမ်းစစ်လို့ရအောင်လို့ရည်ရွယ်ပြီး မသိသေးသူများအတွက်လည်း ဗဟုသုတဖြစ်အောင် ကျွန်မဖတ်မှတ်လေ့လာ စုစည်းထားသလောက်လေးတွေကို ''ဓမ္မအထွေထွေ မှတ်စုများ" ဆိုတဲ့ ခေါင်းစဉ်နဲ့ တင်ပေးသွားပါမယ်....။ ဗုဒ္ဓဘာသာ(၅)မျိုးဆိုတာကိုတော့ မနှစ်က ဒီပို့စ်မှာ တင်ထားခဲ့ဖူးပါတယ်....။
ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်အခါကြီးရက်ကြီးများ
- မြန်မာနှစ်ဆန်း ၁ ရက်နေ့ မင်္ဂလာအခါတော်နေ့
- ကဆုန်လပြည့်နေ့ ဗုဒ္ဓအခါတော်နေ့
- နယုန်လပြည့်နေ့ မဟာသမယ အခါတော်နေ့
- ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်နေ့
- ဝါဆိုလပြည့်ကျော် ၅ရက် အနတ္တလက္ခဏာအခါတော်နေ့
- ဝါခေါင်လပြည့်နေ့ မေတ္တာအခါတော်နေ့
- တော်သလင်းလပြည့်နေ့ ဂရုဓမ္မအခါတော်နေ့
- သီတင်းကျွတ်လပြည့်နေ့ အဘိဓ္ဓမာအခါတော်နေ့
- တန်ဆောင်မုန်းလပြည့်နေ့ သာမညဖလအခါတော်နေ့
- နတ်တော်လပြည့်နေ့ ဓမ္မစာဆိုတော်နေ့
- ပြာသိုလပြည့်နေ့ ရှင်တစ်ထောင်အခါတော်နေ့
- တပို့တွဲလပြည့်နေ့ ဩဝါဒပါတိမောက်အခါတော်နေ့
- တပေါင်းလပြည့်နေ့ မြတ်ဗုဒ္ဓပြည်တော်ဝင်အခါတော်နေ့
ကိုးကား။ ။ ဝီကီးပီးဒီးယား
မိုးငွေ့
No comments:
Post a Comment