နမောတသ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ
နမောတသ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ
နမောတသ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ
ဗုဒ္ဓဘာသာဝင်စစ်မှန်ရင် အခြေခံဘုရားရှိခိုးနည်းပြီရင် ဗုဒ္ဓမြတ်စွာဘုရားရဲ့ ဂုဏ်တော်ကိုလည်း သိထားသင့်ပါတယ်....။ ဂုဏ်တော်ကိုးပါးကို နှုတ်တိုက် အလွတ်ရွတ်ဆို ပုတီးစိပ်လုပ်နေကြပေမယ့် အနက်အဓိပ္ပါယ်ကိုရော သိရဲ့လားလို့ ကိုယ့်ကိုယ်ကို ပြန်စမ်းစစ်သင့်ပါတယ်...။ ပုတီးစိပ်လည်း ပုတီးတစ်လုံးတစ်လုံးချတဲ့အခါ ဂုဏ်တော်တစ်ခုခြင်းစီကို စိတ်ကဖြစ်စေ နှုတ်ကဖြစ်စေ ရွတ်ဆိုရင်း အဓိပ္ပါယ်ကိုလည်းတစ်ခါတည်း နှလုံးသွင်းရွတ်ဆိုတာ ပိုပြီး ထိရောက် အကျိုးရှိပါတယ်....။ ခုလို ဝါတွင်းသုံးလမှာ ရက်ကိုးဆယ် သစ်တံခါးဆရာတော်ရဲ့ ဂုဏ်တော်ကိုးပါး အဓိဌာန် ပုတီးစိပ်နည်း တော်တော်များများ စိပ်ကြတယ်....။ ပုတီးစိပ်တဲ့အခါ ဩကာသ ဘုရားရှိခိုး သီလယူ အမျှဝေပြီးတာနဲ့ ကိုယ်စစိပ်မယ့် ဂုဏ်တော်ကိုရွတ် အနက်ဓိပ္ပါယ်ကိုပါတခါတည်းရွတ်ပြီးမှ ပုတီးတစ်လုံးခြင်းဆီစိပ်တာ ကိုယ့်ရဲ့အဓိဌာန် ကိုယ့်ရဲ့ဆုတောင်းကို ပိုပြီးထိရောက်စေပါတယ်...။ ဒါကြောင့်မို့လို့ ဂုဏ်တော်ကိုးပါး အနက်ကို မသိသူတွေ သတိမမူမိသူတွေ အားလုံးသိရအောင်လို့ ဒီပို့စ်လေးနဲ့ ကုသိုလ်ယူမျှဝေပေးလိုက်ပါတယ်နော်....။
ဘုရား ဂုဏ်တော် ၉ ပါး
- အရဟံ
- သမ္မာသမ္ဗုဒ္ဓေါ
- ဝိဇ္ဇာစရဏ သမ္ပန္နော
- သုဂတော
- လောကဝိဒူ
- အနုတ္တရော ပုရိသဓမ္မသာရထိ
- သတ္ထာဒေဝ မနုဿာနံ
- ဗုဒ္ဓေါ
- ဘဂဝါ
ကိလေသာကင်းစင်၍ အမြတ်ဆုံး ပုဂ္ဂိုလ်ဖြစ်ခြင်း၊ လူ၊ နတ်၊ ဗြဟ္မာတို့၏ ပူဇော်အထူးကို ခံယူထိုက် တော်မူသော မြတ်စွာဘုရား။
သမ္မာသမ္ဗုဒ္ဓေါ ဂုဏ်တော်
- တရားအလုံးစုံကို သဗ္ဗညုတဉာဏ်ဖြင့် အလိုလိုသိခြင်း၊ ဉာဏ်ပညာအကြီးဆုံးပုဂ္ဂိုလ်ဖြစ်တော်မူသော မြတ်စွာဘုရား။
- ဝိဇ္ဇာဉာဏ် ၃-ပါး(၈ပါး) ၊ စရဏ အကျင့် ၁၅ ပါးတို့နှင့်
ပြည့်စုံတော်မူခြင်း၊ အကြီးဆုံး ဝိဇ္ဇာနှင့် အကောင်းဆုံး
အကျင့်ရှိသူဖြစ်တော်မူသော မြတ်စွာဘုရား။
- အကျိုးရှိသော ဟုတ်မှန်သောစကားကိုသာ ကောင်းစွာဆိုတတ်သောမြတ်စွာဘုရား။
- သတ္တလောက၊ သင်္ခါရလောက၊ ဩကာသလောက တည်းဟူသော လောကသုံးပါးကို အကုန်အစင်သိမြင်တော်မူသော မြတ်စွာဘုရား။
- မယဉ်ကျေးသော ဆုံးမထိုက်သူတို့ကို ယဉ်ကျေးသိမ်မွေ့အောင် ဆုံးမရာ၌ အသာလွန်ဆုံးဖြစ်တော်မူသောမြတ်စွာဘုရား။
- လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအားလုံးတို့၏ ဆရာတစ်ဆူဖြစ်တော်မူသော မြတ်စွာဘုရား။
- သစ္စာလေးပါးကို ကိုယ်ပိုင်ဉာဏ်ဖြင့် သိတော်မူပြီး တစ်ပါးသူ တို့အားလည်း ဟောကြားညွှန်ပြနိုင်သောမြတ်စွာဘုရား။
- ဘုန်းတော် ၆-ပါးနှင့် ပြည့်စုံတော်မူခြင်း၊ ဘုန်းတန်ခိုးအကြီးဆုံးပုဂ္ဂိုလ်ဖြစ်သော မြတ်စွာဘုရား။
- ----------------------------------------------------
- ဝိဇ္ဇာဉာဏ်(၃)ပါး (ဂုဏ်တော်ကိုးပါး အမှတ်စဉ်(၃)မှရှင်း)
- ၁. ဗုဗ္ဗေနိဝါသဉာဏ် = ရှေးဘဝမှ နေခဲ့သော ခန္ဓာအစဉ်ကိုအောက်မေ့နိုင်သောဉာဏ်
- ၂. ဒိဗ္ဗစက္ခုဉာဏ် = နတ်တို့၏ မျက်စိကဲ့သို့ အပိတ်အပင်အတားအဆီးမရှိြမင်နိုင်သောဉာဏ်
- ၃. အာသဝက္ခယဉာဏ် = အာသဝေါတရား လေးပါးကို ကုန်စင်အောင်ပြုတတ်သောအရဟတ္တ မဂ်ဉာဏ်
- ကာမာသဝ = ကာမ (၁၁)ဘုံ၌ မျောအောင် မြုပ်အောင် ပြုလုပ်တတ်သော လောဘတရား။
- ဘဝါသဝ = နေဝသညာ နာသညာယတနဘုံ တည်းဟူသော ရူပ (၁၆)ဘုံနှင့် အရူပ (၄)ဘုံပေါင်း ဗြဟ္မာဘုံ (၂၀)၌ မျောအောင် မြုပ်အောင် ပြုလုပ်တတ်သော လောဘတရား။
- ဒိဌာသဝ = အပါယ်လေးပါးသို့ကျအောင် ပြုလုပ်တတ်သော ဒိဌိတရား။
- အဝိဇ္ဇာသဝ = (၃၁)ဘုံလုံးကို ခြုံပြီး မျောအောင် မြုပ်အောင် ပြုလုပ်တတ်သော မောဟတရား။
- သီလသံဝရ = ကိုယ်ကျင့်သီလလုံခြုံခြင်း ။
- ဣန္ဒြိယသံဝရ = မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ် ဆိုတဲ့ ဣန္ဒြေခြောက်ပါးကို လုံခြုံအောင် စောင့်ထိန်းခြင်း။
- ဘောဇနမတ္တညုတာ = စားသောက်ဖွယ် အာဟာရရေဘောဇဉ်၌ ချင့်ချိန်တိုင်းတာမှုရှိြခင်း။
- ဇာဂရိယနုယောဂ = နိုးနိုးကြားကြားရှိြခင်း ။
- သဒ္ဓါ = ရတနာမြတ်သုံးပါးနဲ့ ကံတရားကို ယုံကြည်ခြင်း ။
- သတိ = ကုသိုလ်၊ အကုသိုလ်တရားတို့၌ မမေ့မလျော့ဘဲ အမြဲသတိရနေခြင်း ။
- ဗာဟုသစ္စ = ကုသိုလ်၊ အကုသိုလ် တရားတို့၌ အကြားအမြင်များခြင်း ။
- ဝီရိယ = ကုသိုလ်အလုပ်များ၌ ကြိုးစားအားထုတ်မှုရှိြခင်း ။
- ပညာ = တတ်ကောင်း သိကောင်းတဲ့ ပညာ၊ အသိပညာတို့မှာ ကျွမ်းကျင်လိမ္မာခြင်း ။
- ဟိရီ = မကောင်းသောဒုစရိုက်များကို ကျူးလွန်ရန် ရှက်ခြင်း ။
- ဩတ္တပ္ပ = မကောင်းသော ဒုစရိုက်များကို ကျူးလွန်ရန် ကြောက်ခြင်း ။
- ရူပဝစရ ပထမဈာန်
- ရူပဝစရ ဒုတိယဈာန်
- ရူပဝစရ တတိယဈာန်
- ရူပဝစရ စတုတ္ထဈာန်
- အာသဝေါတရားဆိုသည်မှာ အထက်ဘဝဂ်မှ အောက်အဝီစိတိုင်အောင် မျောအောင် မြုပ်အောင် ပြုလုပ်တတ်သောတရားဖြစ်သည် ဟု ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ဣတိဝုတ်ပါဠိတော်၊ အာသဝက္ခယသုတ်မှာ ဟောကြားတော်မူခဲ့သည်။
အာသဝေါတရားလေးပါးမှာ -
ခက်ဆစ်
ဘဝဂ် = အမြင့်ဆုံးအဆင့် (ရဲရင့်ကြွေးကြော်သံ ဘဝဂ်တိုင်ညံစေ)
----------------------------------------------------------
စရဏအကျင့်(၁၅)ပါး (ဘုရားဂုဏ်တော်အမှတ်စဉ်(၃)မှရှင်း)
စရဏတရားများက မဟာဂရုဏာတော်ကို ပြည့်စုံအောင် ပံ့ပိုးပေးကြပြီး သတ္တဝါများကို အကျိုးမဲ့မှုမှ ကယ်တင်ကာ အကျိုးရှိရာသို့ ပို့ဆောင်ပေးတော်မူသည်။ ( စရဏအကျင့်(၁၅)ပါးကို အရိပ်စစ်ဘလော့မှ ကူးယူပါသည်)
ကိုးကား ။ ။ ဝီကီပီးဒီးယား
မိုးငွေ့
No comments:
Post a Comment