အိန်ဂျယ်ရေ....
ကိုယ့်ရဲ့ ရူးသွပ်မှုကိုခု ချက်ချင်းပဲပြောပြချင်လာလို့ ဒီပို့စ်လေးကိုတင်ဖြစ်တာပါ...။ ဒီလက 31ရက်နေ့က Blog Day လေ...။ အန်တီတင့်က ကိုယ်တို့ လက်လှမ်းမီတဲ့ ဘလော့ဂါတွေအားလုံးကို တဂ်လိုက်တာက ပို့စ်အသစ်တစ်ပုဒ်ဆီ သူ့ဆီကိုပို့ပေးဖို့ပါ...။ ဘလော့ဂါတွေရဲ့ စာတွေတွေ ကဗျာတွေ ပန်းချီတွေ အားလုံးစုပြီး စာအုပ်ထုတ်မယ်တဲ့ ခန့်မှန်းချေ 2019 ဇန်နဝါရီလလောက်ကို အုပ်၂၀၀၀ လောက်ထုတ်မယ်လို့ပြောတယ်....။
ကိုယ့်မှာ ဝမ်းသာရမလား ဝမ်းနည်းရမလားဖြစ်မိတယ်...။ ကိုယ့်စာတွေ ကိုယ့်ရင်ဘတ်ထဲက စကားလုံးတွေကို စာအုပ်တစ်အုပ်အဖြစ် ကိုင်တွယ်ပြီးဖတ်ခွင့်ရတော့မယ်ဆိုပြီးတော့လေ...။ ကိုယ် မင်းနဲ့ ပတ်သက်ပြီး ရေးခဲ့တဲ့ အိန်ဂျယ်စာစု အပုဒ်(၁၂၀)ကိုသွားပြန်မွှေဖတ်ကြည့်တယ်...။ ကိုယ့်ရဲ့ အိန်ဂျယ်စာစုဖြစ်တည်မှုကို မှတ်တိုင်စိုက်စေခဲ့တဲ့ ပို့စ်က “ ပျောက်ဆုံးနေသောအိန်ဂျယ်” ဆိုတဲ့ ပို့စ်လေးပဲ..။ ဘယ်လိုပဲရှာရှာ ဘယ်လိုပဲတွေးကြည့်ကြည့် အဲဒီတစ်ပုဒ်ကိုပဲ ကိုယ်ရွေးချယ်မိတယ်...။ နောက်တော့ အန်တီတောင်းတဲ့ ပို့စ်က အဟောင်းထဲကမဟုတ်ဘဲ အသစ်ရေးရမယ်တဲ့...။ ကိုယ့်ရဲ့“မိုးငွေ့နှင့်အတူ” လို့ပြောလိုက်တာနဲ့ အိန်ဂျယ်နဲ့တွဲမြင်နေတတ်ကြပြီမို့... အမှတ်တရစာအုပ် ထုတ်တဲ့အခါလည်း အိန်ဂျယ်စာစုထဲကတစ်ပုဒ်ကိုပဲထည့်ချင်မိတယ်...။ (မရယ်ကြနဲ့နော်) စာအုပ်က ဘယ်ဆီနေမှန်းမသိပေမယ့် ကိုယ့်မှာ မင်းနဲ့ မင်းသူငယ်ချင်းတွေကို လက်ဆောင်ပေးဖို့ လက်မှတ်ထိုးကျင့်နေခဲ့တာ စာရွက်တွေပလူပျံလို့...။
ကိုယ်အမြဲစိတ်ကူးခဲ့ဖူးတယ်လေ....။ အိန်ဂျယ်စာစုတွေကို စာအုပ်တစ်အုပ်ထုတ်ဖို့...။ ကိုယ့်စိတ်ကူးတွေကို အကောင်ထည်ဖော်ဖြစ်တော့မယ်ဆိုတဲ့အတွေးနဲ့ပေါ့...။ စာစုကလေး တစ်ပုဒ်ပဲပါပါပေါ့...။ ခုတော့ အဟောင်းကို ဆားချက်တာ မောဒီဖိုင်းလုပ်တာမဟုတ်ဘဲ အသစ်စက်စက်ရေးပေးရမယ်ဆိုတော့ကာ...။ အချိန်တွေဟာ ခံစားမှုတွေနဲ့ အတွေးတွေကို တိုက်စားသွားခဲ့ပြီလေ...။ ကိုယ် အရင်လို အတွေးနုနုရွရွလေးတွေနဲ့ စာဖွဲ့နိုင်ပါ့မလား စိုးရိမ်မိတယ်...။ လာမယ့် အောက်တိုဘာ 30 ကိုနောက်ဆုံးပို့ရမယ်...။ ကိုယ့်ကို “ ပျောက်ဆုံးနေသောအိန်ဂျယ်” ပို့စ်လေးပဲ ပို့ခွင့်ပေးပါလို့ ....အန်တီတင့်ကို ဒီပို့စ်လေးနဲ့ တောင်းဆိုရမယ်...။
မိုးငွေ့
3 comments:
ခုကတည်းက ပျောက်ဆုံးနေတဲ့ အိန်ဂျယ်လေးအကြောင်း စိတ်ဝင်စားမိ ... လည်လည်ရောက်ခဲ့ပြန်တယ် မမရေ ... မတွေ့တာလည်းကြာလှပေါ့ ... မိုးညရဲ့ အရင် link လေးတော့ ၀င်မရတော့ဘူး ... ခု blog လေး ဖုန်လာသုတ်ရင်း အိမ်လေးတွေဆီလည်း လည်ရင်း link လေးလည်း ပေးရင်း https://moenyachan.blogspot.com/ ... နေကောင်းတယ်ဟုတ် ...
ပုံလေးရောရှိသေးလား
အိန်ဂျယ်စာစုတွေကိုမျော်နေတယ်
Post a Comment