ကျွန်မနဲ့ ညီအစ်မသဖွယ်ချစ်ခင်ရတဲ့ မမ၀သုန်တစ်ယောက် ခါးနာနေတာလို့သတင်းကြားတာနဲ့ ဒီပို့စ်လေးတင်ပေးလိုက်ပါတယ်...။ ကျွန်မကိုယ်တိုင်လည်း အခု ယောဂကျင့်စဉ်ကို ပြန်ကစားဖြစ်နေတာနဲ့ စာလာဖတ်သူ သူငယ်ချင်းအားလုံးကိုလည်းမျှဝေချင်တဲ့ ရည်ရွယ်ချက်နဲ့ပါ...။ အခုပြထားတဲ့ ပုံတွေကတော့ အဓိက ခါးနာသက်သာစေတဲ့ ပို့စ်တွေပဲဖြစ်ပါတယ်...။ ကျွန်မတို့ ယောဂ စပြီးကစားရင် အခြေခံအဆင့်မှာကတည်းက ဒီပို့စ်တွေပါပြီးသားပါ...။ မမ၀သုန်အနေနဲ့လည်း နည်းပြဆရာ/ဆရာမကို နည်းစနစ်ကျအောင် မေးပြီးလုပ်ကြည့်ပါ...။
ဒီပုံလေးကတော့ အိပ်ယာထဲမှာ သက်တောင့်သက်သာလုပ်နိုင်တဲ့ ပို့စ်တွေပါ
ကျွန်မ ယောဂကျင့်စဉ်ကို 2013-14 လောက်ကစကစားခဲ့တာ... တစ်နှစ်လောက်ပါပဲ အဲလိုဇွဲရှိတာ။ အဲတုန်းက အေရိုးပစ်တောင်ကစားဖြစ်သေးတယ်...။ တစ်ပတ်ကို ငါးရက်လားမသိ...။ ပြန်မကစားဖြစ်တာ သုံးလေးနှစ်လောက်ရှိနေပြီ...။ ခုနောက်ပိုင်း ကျွန်မတို့ ကွန်ဒိုမှာ Gym သွားသွားကစားဖြစ်နေတော့ စက်ပေါ်လမ်းမလျှောက်ချင်တဲ့နေ့ကျတော့ ယောဂ ကစားဖြစ်တယ်...။ တစ်ပတ်ခြားဆီ စက်နဲ့တလှည့် ယောဂတစ်လှည့်ပေါ့...။ Free Hand ကျတော့ Warm Up လုပ်တဲ့အချိန်နဲ့ အကြောပြန်လျှော့တဲ့ အချိန်လောက်လုပ်ဖြစ်တယ်...။ အသက်ကြီးလာတော့ ပိန်ဖို့ထက် ကျန်းမာဖို့ပဲလိုပါတယ်ဆိုတဲ့ စိတ်ကပိုများသွားတယ်..။ ကျွန်မက အဆီနည်းပြီး အသားကျစ်တော့ ၀ိတ်လျှော့ရတာပိုခက်တယ်...။ လူကြည့်ရင် ပိန်သွားတယ်လို့ ထင်ရပေမယ့် ၀ိတ်ကတော့မကျပါ...။
အမှန်တော့ ကျွန်မ Gym ကစားဖြစ်တဲ့ ပို့စ်ကို သပ်သပ်ရေးထားပြီးသား ဒါပေမယ့် မမ၀သုန်အတွက် ခါးနာသက်သာစေဖို့ ဒီပို့စ်လေးကို အရင်တင်ပေးဖြစ်သွားတာပါ...။ အသက်ကြီးလာရင် ပင်ပန်းတဲ့ အားကစားနည်းထက် ထိုက်ကျိလို ယောဂလိုမျိုး ခန္ဓာအတွင်းကအဆိပ်အတောက်ရှင်းပြီး အတွင်းအားနဲ့ ချွေးထုတ်တဲ့နည်းက ပိုသင့်လျော်ပါတယ်...။
တင်ပါးဆုံနဲ့ကျောအတွက်
လည်ပင်း ပခုံးနဲ့ လက်ပြင်နာသူတွေအတွက်ပါ
ခါးနာနေတဲ့ မမ၀သုန်တစ်ယောက် ယောဂကျင့်စဉ်နဲ့ အမြန်ဆုံး သက်သာပျောက်ကင်းပါစေ...။ ခါးနာတတ်တဲ့ စာလာဖတ်သူ သူငယ်ချင်းမိတ်ဆွေအားလုံးလည်း လိုက်ပြီးလုပ်နိုင်ဖို့ မျှဝေလိုက်ပါတယ်...။ အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ...။
မိုးငွေ့
2 comments:
သိပ်ကျေးဇူးတင်တာပဲ
တန်ဘိုးရှိတဲ့ပို့စ်လေးတစ်ပုဒ်ဖတ်သွားပြီ မိုးငွေ့ရေ။
စကားမစပ်တီတင့် ဘလော့ဂ်ဂါတွေဆီကနေ ပို့စ်အသစ်တစ်ပုဒ်ဆီတောင်းထားတယ်။
ရည်ရွယ်ချက်ကတော့ ဘလော့ဂ်ဂါတို့အတွက်အမှတ်တရဖြစ်အောင် စာအုပ်ထုတ်မလို့။
ဖေ့ဘုတ်မှာပြောထားပေမယ့် မိုးငွေ့ဖတ်ဖြစ်မယ်မထင်ဘူးလေ တီတင့်ဘလော့ဂ်မှာလည်းတင်ထားတယ်။
၃၁ရက် အောက်တိုဘ ၂၀၁၈ ရက်နေ့နောက်ဆုံးထားပြီး -
auntytint@gmail.com ကို ပို့ပေးနော်။ အုပ်ရေ ၂၀၀၀ လောက်ထုတ်မယ်စိတ်ကူးတယ် ဖဘမှာ ရသလောက်တဂ်ထားတယ်။ ဒီကွန်မန့်ဘောက်စ်ကို အသုံးပြုခွင့်ရလို့ ကျေးဇူးအများကြီးတင်တယ် မိုးငွေ့ရေ။
တီတင့် (၂၁-၈-၂၀၁၈)
Post a Comment