အိမ်မှာ ကျွန်မ ညီမလေး ရောင်စုံချည်တွေနဲ့ တစ်ချောင်းထိုးအပ်နဲ့ အရုပ်လေးတွေ သော့ချိတတ်လေးတွေ ကားမှန်အလှတွဲလောင်းချိတ်လေးတွေကို အော်ဒါလက်ခံထိုးပေးနေတယ်...။ ဒီအသဲပုံသုံးလုံးတွဲလေးက ပထမဆုံးအော်ဒါလေး... ဈေးနှုန်းက ငါးထောင်ပါ...။
ဝက်ရုပ်ကလေးလည်း အော်ဒါလေးပါ ၅၀၀၀ကျပ်
ဒါလေးကတော့ အစမ်းထိုးထားတာ
သော့ချိတ်အော်ဒါလေးပါရှင့်
ကျွန်မတို့အိမ်က မီးခလုတ်အလှဆင်တဲ့ အရုပ်လေးတွေ ချစ်စရာကောင်းလို့ အွန်လိုင်းကနေ၀ယ်ထားတာ..
ဒီနေရာလေးက ကျွန်မစာဖတ်တဲ့နေရာလေး အစကတော့ စာဖတ်မယ့် နောက်မှီဇိမ်ခံ တစ်ယောက်ထိုင် ဆိုဖာဝယ်ဖို့ စဉ်းစားထားပေမယ့် နေရာအခက်အခဲကြောင့် ဧည့်ထိုင်ဆိုဖာမှာပဲထိုင်ဖတ်ရတဲ့ ဘ၀...။ စာဖတ်မီးတိုင်လေးက Ikea က၀ယ်တာ အဲလိုလေးဧည့်ခန်းမှာထားတာကြိုက်တယ်..။ ကျွန်မရဲ့ စာဖတ်ဗီဒိုကတော့ တကယ့်လက်ရွေးစင်စာအုပ်တွေပဲထားတော့တယ် ကျန်တာတွေနေရာမဆန့်လို့ သိပ်မဖတ်တော့တဲ့ စာအုပ်တွေကိုလည်းပေးစရာရှိပေးလိုက်တယ်..။
အမှန်တော့ ဒီထိုင်ခုံလေးက ကလေးထိုင်ခုံလေး Myaniture က၀ယ်ထားတာ အိမ်ကို ကျွန်မရဲ့ကလေးလေးတွေ လာလည်ရင်ထိုင်ဖို့ဝယ်ထားပေးတာ ခုလောလောဆယ်တော့ coffee table လေးဖြစ်...။
ဒီစာအုပ်လေးကို မဖတ်ရသေးဘူးထင်ပြီး ၀ယ်ပြီးမှ ဖတ်ပြီးသားဖြစ်နေ
စာအုပ်တစ်အုပ်ဝယ်ရင် ကျွန်မကို ပထမဆုံးဆွဲဆောင်တာက စာရေးဆရာနာမည်ပြီးရင် မျက်နှာဖုံးဒီဇိုင်းပဲ...။ ပုညခင်စာအုပ်ကို ကျွန်မတခါမှမဖတ်ဖူးဘူး...။ သူ့ဝတ္ထုတွေရုပ်ရှင်ပြန်ရိုက်တာတော့ တော်တော်များများကောင်းပါတယ်...။ ခုသူ့စာအုပ်လေးရဲ့နာမည်နဲ့ မျက်နှာဖုံးလေးကိုစိတ်ဝင်စားလို့ မ၀ယ်ဖတ်စဖူး ၀ယ်လိုက်မိတယ်...။ ထင်သလောက် ကျွန်မသူ့အရေးအသားတွေကိုမကြိုက်ဘူး...။ ဇာတ်အိမ်ဖွဲ့စည်းပုံလေး ကောင်းချင်ကောင်းမယ် သူ့အရေးအသားက ကျွန်မကိုဘယ်လိုမှ မဆွဲဆောင်နိုင်ခဲ့ဘူး...။ အဲဒါနဲ့ ဒီစာအုပ်လေးနှစ်အုပ်ကို ဆက်မဖတ်ဖြစ်တော့ပါ..။ နာမည်ရ စာရေးဆရာတွေတော်တော်များများရဲ့ ၀တ္ထုတွေက ရုပ်ရှင်ပြန်ရိုက်ရင် စာအုပ်ကိုမမီဘူးလို့ ပြောတတ်ကြတယ်...။ ပုညခင်ကတော့ စာအုပ်ထက် ရုပ်ရှင်တွေက ပိုကောင်းတယ်..။ အဲလို ကျွန်မမြင်တယ်...။
ကျွန်မရဲ့မနက်စာ ပေါင်မုန့်ကြက်ဥကြော်နဲ့ကော်ဖီ၊ ပဲပြုတ်ထမင်းကြော်။ ထမင်းကြော်နဲ့စားဖို့ သရက်သီးသနှပ် တူးတူးငါးပိကြော်...။ ကျွန်မရဲ့ ပေါင်မုန့်ကြက်ဥကြော်လေးကို ဗူးထဲထည့်ပြီးရုံးယူလာရင် လုစားကြတယ်..။ ပေါင်မုန့်ကြက်ဥကြော်လေးက မွှေးနေတာပဲတဲ့...။ ကျွန်မက ကြက်ဥနှစ်လုံးကို သကြား နွားနို့နဲ့ ခလောက်ပြီး ထောပတ်နဲ့အိုးကပ်ကြော်တာ ဒါကြောင့် ပေါင်မုန့်လေးက မွှေးပြီးအိနေရော...။ ပေါင်မုန့်ကိုတော့ Whole Meal Bread ဂျုံကြမ်းပေါင်မုန့်ကိုပဲသုံးတာကြိုက်တယ်...။
Old Town ကော်ဖီဆိုင်က Ice Coffee နဲ့ ပဲနို့ကျောက်ကျော
မှိုနဲ့ကြက်သားထမင်းပေါင်း
ကျွန်မတို့ရဲ့ အွန်လိုင်းရှော့ပင်လေးက ခုတစ်ခေါက် ပ၀ါလေးတွေရောက်တယ်...။ အရောင်ဒီဇိုင်းသိပ်လှတာပဲ အသားလည်းကောင်းတယ် မထူပေမယ် ပါးလည်းမပါးဘူး..။ အလျားအနံ နှစ်ကိုက်ခွဲ တစ်ကိုက်လောက်ရှိတယ်...။ ခြုံရင်သိပ်နွေးတယ်...။ ကျွန်မကတော့ အပြင်သွားလည်းခြုံ ဘုရားရှိခိုးလည်းခြုံ ရုံးမှာသိပ်အေးရင်လည်းခြုံဖြစ်တယ်..။ သူငယ်ချင်းက မရောင်းခင် ဟိုတခေါက်သူလာကတည်းက လက်ဆောင်တစ်ထည်ပေးထားဖူးလို့လေ...။ နမူနာ ဆယ်ထည်ပဲပို့ပေးတော့ တစ်ထည်ကို 8500/- နဲ့ရောင်းတာ ကုန်ပြီ...။ ဒီတစ်ခေါက်က ပစ္စည်းနည်းနည်းပဲယူခဲ့လို့ နောက်တစ်ခေါက် များများပါမယ်။
ကျန်းမာရေးဘီးတဲ့...။ ဆံသားမပြတ်ဘူး ဆံပင်ကျွတ်တတ်တဲ့သူ ဦးရေမကောင်းတဲ့သူတွေ ဦးရေကိုဖိပြီး ဖီးပေးရတဲ့ ကျန်းမာရေးဘီးလေးပါ...။ တစ်ခုကို ၂၂၀၀၀/- နဲ့ အော်ဒါ ၃၇ ခုရတာ ပစ္စည်းရောက်ပြီ ...။ ပြီးတော့ လီမွန် ပျားရည်နဲ့ဆား နဲ့ပဲလုပ်ထားတဲ့ အော်ဂင်းနစ် သကြားလုံးလည်းပါလာတယ်...။ တစ်ထုပ်ကို 2500/-...။ ခုတော့ ညောင်ပင်လေးစေျးနဲ့ 15လမ်းကို ဦးစားပေးပြီး စပ်ရောင်းနေပါတယ်...။
မိုးငွေ့
4 comments:
မင်္ဂလာပါရှင် နေကောင်းလား မမိုး :)
ကောင်းပါ၏ ညီမမြတ်မွန် မတွေ့တာကြာပြီ...း)
ပါင်မုန့်ကြက်ဥကြော်နဲ့ကော်ဖီ၊ ပဲပြုတ်ထမင်းကြော်။ ထမင်းကြော်နဲ့စားဖို့ သရက်သီးသနှပ် ငါးပိကြော်.ဆီတိုဟူးရှမ်းချဉ်အဲတာတွေနဲ့စားလဲကြိုက်တယ်
မိုးငွေ့ရေ သတိရတယ် စာမူမျှော်နေတယ်နော် ❤️
Post a Comment