Saturday, 18 November 2017

အမြင့်ကြီးပျံတဲ့အခါ.....




ကိုမျိုးကျော့ရဲ့ youtube မှာ ဒီ MTV လေးတွေ့လိုက်တယ်...။ တလောက A Night with Myo Kyawt Myaing အမ်လ်ဘမ်ထဲမှာ ဒီသီချင်းလေးနားထောင်ဖြစ်နေသေးတယ်...။ ကိုမျိုးကျော့က MTV လေးကို သူ့အဖေအတွက် ကိုယ်တိုင်လုပ်ထားတာပါ...။ နိုင်ငံခြားရှုခင်းတွေကို ဖြတ်ညှပ်ကပ်ပြန်ယူပြီး သီချင်းစာသားနဲ့ လိုက်ဖက်အောင် Editing လုပ်ထားတာလေး သိပ်ကောင်းတယ်...။ သီချင်းလေးနားထောင်ရင်း အရုပ်ထဲကိုမျောပါသွားစေလောက်ပါတယ်..။ ကိုမျိုးကျော့ရဲ့ Music Engineering ပညာကိုလည်း တကယ်လေးစားပါတယ်...။ ကိုမျိုးကျော့အဖေက လေယာဉ်မှူးဆိုတော့ ဒီသီချင်းလေးက ကိုယ်စားပြုနေတာပါ...။ နားထောင်ပြီးသား ကြည့်ပြီးသားဖြစ်ပေမယ့်လည်း ကျွန်မဘလော့ဂ်ကိုအလည်လာတုန်း စိတ်အပန်းဖြေရင်း ထပ်နားထောင်သွားကြပါဦးလို့...:)


မိုးငွေ့

No comments: