Friday, 10 November 2017

မင်းအနားမှာ..... ဆုံနိုင်ခွင့်





ဆုံနိုင်ခွင့်ဆိုတဲ့ စီးရီးစထွက်တော့ ကျွန်မက ယူနီဗာစီးတီးကျောင်းတက်ခါစ...။ အဲတုန်းက ဘားလမ်းက တေးသံသွင်းဆိုင်တွေမှာ ခွေကို ကိုယ်တိုင်သွားဝယ်တာ မခိုင်ကြီး(ထွန်းအိန္ဒြာဗို)နဲ့ အဲလက်စ်တို့ရဲ့ ပိုစတာလိုချင်လို့...။ စီးရီးတစ်ခွေဝယ်ရင် ပိုစတာတစ်ခုရတယ်...။ ရလာခဲ့တဲ့ပိုစတာကို မှတ်မိသေးတယ် ကျွန်မအိပ်တဲ့ ကုတင်နံရံဘေးမှာကပ်ထားခဲ့တာ....။ ကိုယ့်ခေတ်က သီချင်းမို့လားမသိ ဘယ်ချိန်နားထောင် နားထောင်ရိုးအီမသွားဘူး...။ မနှစ်က မခိုင်ကြီးနဲ့ အက်လက်စ်တို့ ဆုံနိုင်ခွင့်ဆိုပြီး MCC Hall မှာ ပွဲလုပ်တော့ သွားကြည့်ချင်လိုက်တာဆို မကြည့်လိုက်ရပါဘူး..။ ဒီသီခ ျင်းနှစ်ပုဒ်လဲ ကျွန်မနေ့စဉ်အလုပ်လာတိုင်း နားထောင်နေကျ I Tune ထဲက ကျွန်မအကြိုက်ဆုံး သီချင်းတွေထဲကပဲ...။






ဒီတစ်ပတ် သုံးရက်ဆက်ပိတ်တယ်... 
ပင်လယ်ကို အိန်ဂျယ်နဲ့တွေ့ဖို့ ခရီးသွားမှာမို့ ဒီသီချင်းလေးနှစ်ပုဒ်နဲ့ နှုတ်ဆက်ခဲ့ပါတယ်...
~~~~~~ Hello Angel... see you on the beach  ~~~~~~
 ပျော်ရွှင်သောပိတ်ရက်ကလေးများဖြစ်ကြပါစေ..:)
TGIF!!!!!


မိုးငွေ့

No comments: