ဘန်ကောက်သွားတုန်းက ရိုက်ထားတဲ့ အစားသောက်ပုံလေးတွေပြန်ကြည့်ပြီး
ပြန်စားချင်လာမိ...။ ကိုယ့်ချင်ခြင်းတက် သရေကျစရာအစားများကို
စာလာဖတ်သူများလည်း သရေကျအောင်လို့ တင်ပေးလိုက်ပါတယ်...။
စရောက်တဲ့နေ့က ဟိုတယ်နားက မောတစ်ခုမှာ နေ့လည်စာဝင်တီးကြတာ သဘောင်္သီးထောင်း ကြက်ကင်နဲ့ ကောက်ညှင်းပေါင်း
ကျွန်မတို့ ရန်ကုန်မှာ ထိကရုန်းကို တို့စရာအနေနဲ့ပဲစားတတ်ကြတာ
သူတို့ထိုင်းဟင်းပွဲတွေမှာတော့ ထိကရုန်းဝက်သုံးထပ်သားကြွပ်ကြော်က နာမည်ကြီးဟင်းပွဲ ..
ထိကရုန်းကနုနေမှ စားကောင်းတာ ခရုဆီနိုင်းချင်းနဲ့ ကြော်ထား
ယိုးဒယားမုန့်ဟင်းခါး... ငါးကို အုန်းနို့နဲ့ သူတို့ ထိုင်းဟင်းခတ်အမွှေးတွေနဲ့ခပ်ပျစ်ပျစ်လေးချက်ထားတာ ပဲသီး ပဲပင်ပေါက် နံနံပင် ဂေါ်ဖီနဲ့စားရတာ ချိုဆိမ့်မွှေး စားလို့အရမ်းကောင်း
ဘလူးဗယ်ရီဖျော်ရည်တဲ့ ကိုယ်တွေဆီက သံဗူးလိုမျိုးပါပဲ
ဒါက ပိုးဈေးနားက တရုတ်တန်းလမ်းဘေးဆိုင်က ကွေ့သယို
မောထဲက ဂျပန်ဆိုင်မှာ ညစာစား ဖက်ထုပ်ပေါင်း
ဂျပန်စာစားနေရင်းနဲ့ တွေ့ခဲ့တဲ့ ငှက်ပျော်ကြော်ကို လက်လွှတ်လိုက်ရမှာစိုးလို့ ထပြီးခဏသွားဝယ်လိုက်သေး
ဟောင်ကောင်တရုတ်ဆိုင်တစ်ဆိုင်က နေ့လည်စာ ဒီဆိုင်လည်းအစားသောက်ကောင်းတယ်...
ဝက်အသားကင် အခေါက်ကင်
ဘဲခြေထောက်ခေါက်ဆွဲပေါင်း ဒီဟင်းလေးလည်း သိပ်ကောင်းတယ်
ဟိုတယ်က မနက်စာ ဆန်ပြုတ်
Union Mall အပေါ်ထပ်က Boat Noodles တစ်ပွဲကို အဲလောက်ပိစိကလေးပဲပါတယ် မ၀ဘူး နှစ်ပွဲလောက်စားမှ
Boat Noodles က ငရုတ်ကောင်းများတော့ စပ်တယ် စားပြီး မုန်လက်ဆောင်းနဲ့ အချိုတည်း
အသက်ကြီးလာရင် မပြိုလဲအောင်အချိုတည်းတဲ့ ကြားဖူးတယ်မဟုတ်လား
ဟိုတယ် မနက်စာ
ထိုင်းပိုးဈေးက နေ့လည်စာ ကြက်ဆီထမင်း
ကြက်ဆီထမင်းစားပြီးတော့ ထိုင်းဖါလူဒါ သိပ်ကောင်းပဲ
ပြန်ခါနီးမနက် wet market သွားပြီး အသားလုံးသွားဝယ်တာ
သူတို့ ငါးခြောက်တွေသန့်ပြီးလှနေလို့ ပုံတွေရိုက်လာခဲ့
ငါးခြောက်ကြော်ပြီးသားတွေကို အဲလို ပလပ်စတစ်အိတ်နဲ့ သပ်သပ်ရပ်ရပ်လေးစီပြီးရောင်း
အစားအသောက်မှာ presentation သိပ်လှတော့ ၀ယ်ချင်စရာဖြစ်တာပေါ့
ဒီတစ်သက်တော့ ၀ိတ်ကျဖို့လမ်းမမြင် အစားဆိုရင်လာထား...ဆိုတဲ့အမျိုး...း)
မိုးငွေ့
1 comment:
အိပ်ခါနီးလေးလာတာ
ဗိုက်ဆာသွားတယ်ဗျာ...
း))))
စကားမစပ်..
ဆန်ပြုတ်ဆိုလာခဲ့
အချိန်မရွှေး
စားနိုင်တယ်..
Post a Comment