Monday, 6 February 2017

Coffee Barista Traning Class (3)




ဘယ်လိုလဲ ကျွန်မလက်ရည်တက်လာပြီမဟုတ်လား သစ်ခက်ပုံလေးတော်တော်လှနေပြီ.......:) ။ ကိုယ့်ဘာသာကိုယ်ချီးကျူးနေရတာ အားပေးနေရတာပါ ..။ တကယ်တမ်း ကျွန်မ မုန့်သင်တန်းမှာပိုပျော်တယ်...။ ကော်ဖီကိုနှစ်သက်ပေမယ့် ကော်ဖီဖျော်ရတာ ဖိအားသိပ်များတယ်...။ စိတ်ကို လွတ်လွတ်လပ်လပ် ကြည်ကြည်လင်လင်မထားတတ်သေးဘူး..။ Espresso ကောင်းတစ်ခွက်ရဖို့ နည်းပညာပိုင်းအပြင် စိတ်နဲ့လုံးဝ သက်ဆိုင်နေသေးတာ....။ Latte ပန်းချီ Latte Art လို့ခေါ်တဲ့ espresso ပေါ်မှာ နို့အမြှုပ်တွေနဲ့ ပုံဖော်ရတဲ့ ပညာက သာခက်သေးတယ်...။ နို့အအေးကို အမြှုပ်ရိုက်ပြီး အပေါ်မှာ ကိုကာပေါင်ဒါဖြူးပြီး ကျင့်ရတာ...။ ဆရာက သစ်ခက်ပုံ Rosetta ကိုအရင်ကျင့်ပါတဲ့...။ ပြီးမှ ကျူးလစ်ပုံကျင့်ရင်းနဲ့ အသည်းပုံပါတစ်ခါတည်းတတ်သွားလိမ့်မယ်တဲ့...။ ခုထိတော့ သစ်ခက်ပုံလေးကို ကျင့်တုန်းပေါ့...။ ပြောရဦးမယ် ကျွန်မ အိမ်မှာ နို့foam ရိုက်ဖို့ ဘက်ထရီနဲ့သုံးတဲ့ hand creamer အသေးလေးတစ်ခု ၀ယ်ထားတယ် ...။ အံမယ်..... သူက စက်ထက်တောင်သာသေး အမြှုပ်များ ချောမွတ်တောက်ပြောင်နေအောင်ရိုက်ပေးနိုင်တာ...။


ပုံထွက်ကောင်းတုန်း ကောက်ရိုက်ထားရတာအမောပေါ့...





 ခဏနားတုန်း ကော်ဖီဆိုင်က ဆားမိုးငင်းမ်/ဆားမုန်ညှင်း(ကိုးရီးယားလိုသူဌေးကတော်) ကိုယ်တိုင် decoration ပြန်ပြင်ထားတာကို ဓါတ်ပုံတွေလျှောက်ရိုက်...။ ဆားဆန်းငင်းမ်(သဌေး)က ကော်ဖီအိုးတွေ ရှေးဟောင်းကော်ဖီနှပ်စက်တွေ ကော်ဖီကြိတ်စက်တွေ စုံနေအောင် စုဆောင်းထားတာ...။ နောက်နေ့ကျ hand drip တို့ ကော်ဖီစေ့လှော်နည်းတို့ကို သူတို့ကိုယ်တိုင်သင်ပေးမှာ...။
















သူဌေးကတော်ယူလာတဲ့ (ကွီးယားနိုင်ငံကသယ်လာတာတဲ့) ပန်းပွင့်လက်ဖက်ခြောက် ဘာပန်းလဲမေးတော့ သူလည်းမဖြေတတ်...။ ဂန္ဓမာပန်းနဲ့တော့တူတယ် ..အနံ့က သံပရိုနံ့လေးသင်းတယ်...။ အဲဒါကို လက်ဖက်ခြောက်နှပ်အိုးလေးနဲ့နှပ်ပြီးတိုက်လို့တစ်ခွက်သောက်လိုက်ရသေး...။ အရသာမွှေးတေးတေးနဲ့...။



မီနူးသင်ခန်းစာထဲက Kiwi Smoothe





Fresh Fruit (စတော်ဗယ်ရီဖျော်ရည်)


two group espresso စက်


ကျွန်မကို ကော်ဖီသင်ပေးတဲ့ ဆရာ Kelvin





Orange Soda Aid



Hot Fruit Tea


 မိုးငွေ့

No comments: