သြော်....နွေဦး အသစ်တဖန်ရောက်ခဲ့ပြန်ပြီပဲ.......။
ဘာမှသိပ်မကြာလိုက်သလိုနဲ့ နွေဦးဟာ မြူခိုးငွေ့တွေကြားကနေ
လေပြေလေးတွေကိုဖြတ်သန်းရင်း ....... ဥသြငှက်လေးတွေရဲ့ တေးသံသာကို သယ်ဆောင်ရင်း..... ပင်လယ်လှိုင်းရိုက်ခတ်သံတွေနဲ့စည်းချက်လိုက်ရင်း.... အဝါရောင်အလင်းတန်းလေးအောက်ကနေ အချိန်တွေကိုဖြတ်သန်းလာရတာ ခုနှစ်နှစ်တိုင်ခဲ့ပြီ...။
အချိန်တွေဘယ်လိုပဲ ကြာကြာ နွေဦးဟာ အသက်ဝင်ဆဲ(မြဲ)ပါပဲ....။ နွေဦးရဲ့ ရှေ့တော်ပြေး သစ်ရွက်ခြောက်တွေကလဲ လေရူးရဲ့ စည်းဝါးချက်အတိုင်း အကိုင်းအခက်ကနေ ဝေ့၀ဲကြွေကျနေလိုက်ကြတာ...။ အိန်ဂျယ်ကိုယ်တိုင် ကိုယ့်ကို လက်ဆောင်အဖြစ် အပ်နှင်းပေးသွားခဲ့တဲ့ နွေဦးကို ကိုယ်ကိုယ်တိုင် အသက်သွင်းပုံဖော်ရတာ ကိုယ့်အတွက် အနှစ်သာရအရှိဆုံး အချိန်လေးတစ်ခုလည်းဖြစ်တယ်...။
“အိန်ဂျယ်ရေ...” ကြည့်စမ်း ကိုယ်မင်းကို ဒီလိုမခေါ်ရတာ ဘယ်လောက်ကြာခဲ့ပြီလဲ...။ အချိန်တွေဘယ်လိုပဲ ကြာညောင်းပြောင်းလဲသွားပါစေ...နွေဦးကတော့ ကိုယ်နဲ့ နှစ်တိုင်းလိုက်ပါစီးမျှောနေဦးမှာပဲ...။
နွေဦး... မင်း ငါ့ကို မချစ်တော့ဘူး ... ငါရူးသွားလိမ့်မယ် ငါရူးသွားလိမ့်မယ်...
နွေဦးကို အစကနေ ပြန်ဖတ်ချင်သူများအတွက်......
မိုးငွေ့
No comments:
Post a Comment