တေးရေးဆရာမလေး Phoebe Phoenix ရေးပေးတဲ့ " The Answer" ဆိုတဲ့ အယ်လ်ဘမ်က မောင်ချို့အတွက် မှတ်တိုင်တစ်ခုလို့တောင် ပြောလို့ရမယ်ထင်တယ်....။ ကျနော်တို့ငယ်ငယ်က တီဗီမှာ ဆေးကျောင်းသူလည်းဖြစ်တဲ့ "အိအိ" ဆိုတဲ့ အဆိုတော်ရဲ့ သီချင်းတွေ အမြဲကြည့်ခဲ့ရတယ်...။ ချမ်းမြေ့မောင်ချိုက အိအိရဲ့သမီးလေး .....။ သူသီချင်းဆိုတဲ့လေသံနဲ့ Tone က သူ့အမေနဲ့ တော်တော်ဆင်တယ်...။
မောင်ချိုထွက်ပြီးတဲ့ အယ်လ်ဘမ်ဆယ့်တစ်ခုမှာ "The Answer" က ကျနော်အကြိုက်ဆုံးဖြစ်မယ်ထင်တယ်..။ တကယ်က ကျနော်သူ့သီချင်းတွေကို အခုမှ ပထမဆုံး ဘလော့မှာရေးဖူးတင်ဖူးတာပါ...။ Aboy နဲ့ featuring ဆိုထားတဲ့ " အငွေ့အသက်များ " ကိုလည်းကြိုက်တယ်...ပြီးတော့ " Don't Know What To Do" ကိုကြိုက်တယ်...။
"The Answer" ကတော့ လောလောလတ်လတ် ကျနော် အိမ်ပြန်ရောက်လို့ အခန်းထဲရောက်ရင် ဖွင့်ဖွင့်နားထောင်နေဖြစ်တာပဲ နေ့တိုင်း...။ 🎶♥️ ....... ဒီရင်မှာအချစ်များ..... သူမြင်နိုင်ပါမလား.....🎶♥️
No comments:
Post a Comment