"နွေရာသီ အနုပညာ (၁)"
ငှက်ကန်းတွေလည်း လှတယ်
ကျီးအာသံလည်း သာတယ်
မြက်တွေ တသွေ့သွေ့ ခြောက်ကုန်တဲ့ ဓာတ်ပုံ..
နေကာမျက်မှန်ချွတ်ပြီး ဘီယာဗူးကို ဖောက်ချလိုက်တော့
ကျွန်တော့်သီချင်းစာသားတွေ ပါသွားတယ်
ကျေးလက်ဂီတဟာ ရင်ဘတ်ကြီးနဲ့မအော်ဘဲ
ငြိမ့်ငြိမ့်ညောင်းညောင်း တိုက်စားသွား..
အဝေးပြေးလမ်းများ ပျော်ပါးတဲ့ရာသီ။ ။
ရေသားသူ- Craton
"နွေရာသီ အနုပညာ (၂)"
မူးမော်ပျို့အန်ချင်နေတာကိုက နွေရဲ့ကော်ဖီမိတ်ပဲ
ချွေးတလုံးလုံး သံတရဲရဲ နေ့လည်ခင်းတွေ
သံပုရာသီးများများလိုအပ်တဲ့ ညနေတွေ
တလူးလူးတလှိမ့်လှိမ့် အိပ်ရာခင်း အကျိုးအကြေတွေ
ပေါင်ဖော်ကျောဖော် အလန်းဇယားတွေ
နွေရာသီဟာ အချိုများများလိုနေဆဲ..။ ။
ရေသားသူ- Craton
No comments:
Post a Comment