Tuesday, 30 March 2021

ဓမ္မအထွေထွေမှတ်စု(၁၃)....


 နမောဿတ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ

ပူဇော်သမျှကိုခံယူတော်မူထိုက်သော အလုံးစုံသောတရားတို့ကို မဖောက်မပြန် 

ကိုယ်တော်တိုင်သိတော်မူသော မြတ်စွာဘုရား....



အခုဖြစ်နေတာ အတိတ်ကံကြောင့်မဟုတ်...

ပြည်သူတွေ ယခု ခံစားနေရတဲ့ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲခြင်းတွေဟာ အတိတ်ကံကြောင့် မဟုတ်ဘူး။ သူတပါးရဲ့ လုံ့လပယောဂကြောင့် ဖြစ်တာ ဖြစ်ပါတယ်။ နေရာတိုင်း အတိတ်ကံကို ရမယ်မရှာကြပါနဲ့။ 

သတ္တဝါတွေခံစားရတဲ့ ဆင်းရဲချမ်းသာတွေရဲ့ အကြောင်း (၈) မျိုး ရှိတယ်။ အဲဒါတွေက 

၁။ သည်းခြေ

၂။ သလိပ်

၃။ လေ 

၄။ သည်းခြေ၊ သလိပ်၊ လေ ၃ ပါးပေါင်းဆုံခြင်း

၅။ ရာသီဥတုဖောက်ပြန်ခြင်း

၆။ နေထိုင်မှုပုံစံ မညီမျှခြင်း

၇။ သူတပါး၏ လုံ့လပယောဂ

၈။ ကံ၏အကျိုး။


ဒီ ၈ မျိုးထဲမှာ နံပါတ် ၈ ဖြစ်တဲ့ ကံကြောင့်ဖြစ်ရတဲ့ ဝေဒနာက လွဲလို့ ကျန် ၇-မျိုးကြောင့် ဖြစ်တဲ့ ဆင်းရဲတွေက ကုစားလို့ တွန်းလှန်လို့ ပျောက်ကင်းနိုင်ပါတယ်။ 💯

သလိပ်ကြောင့် ဖြစ်တဲ့ရောဂါအတွက် သလိပ်ကို ငြိမ်စေတဲ့ဆေးပေးရတယ်။ 

လေကြောင့် ဖြစ်တဲ့ရောဂါက လေကို မျှတအောင် လုပ်ပေးရင် ပျောက်တယ်။ 

သူတပါးပယောဂကြောင့် ဖြစ်တဲ့ဆင်းရဲဝေဒနာကတော့ ဒုက္ခပေးတဲ့သူကို တားမြစ်နိုင် ဖယ်ရှားနိုင်မှ ပျောက်ကင်းချမ်းသာပါတယ်။ 💯

ယခုပြည်သူတွေ ခံစားနေကြရတဲ့ ဆင်းရဲခြင်းတွေဟာ နိုင်ငံတော်အာဏာကို အဓမ္မယူခဲ့တဲ့ လူတစုရဲ့ ပယောဂကြောင့် ဖြစ်ပေါ်လာတယ်ဆိုတာ ထင်ရှားပါတယ်။ 💯

ပြောချင်တာက ကံကိုချည်း ပုံမချကြဖို့ပါပဲ။ ကံကြောင့်ဖြစ်တာ မဟုတ်ပါ။ ရောဂါရဲ့ အကြောင်းရင်းကို ရှာဖွေပြီး ဒီအကြောင်းရင်းကို ဖယ်ရှားနိုင်မှသာ ရောဂါပျောက်ကင်းမှာ ဖြစ်ပါတယ်။💯


သီဝကသုတ်အဋ္ဌ

သတပရိယာယဝဂ်


credit 

အရှင်အရိယဝံသာလင်္ကာရ


Saturday, 27 March 2021

နွေဦးတော်လှန်ရေး(၁၆).....














 



ခင်ဗျားတို့ နတ်ဆိုးကြီးက ကလေးတွေရဲ့သွေးပါဆာနေတောင့်တနေပီလား
လပြည့်နေ့မှာ ပူဇော်တဲ့ မြန်မာနိုင်ငံရဲ့ ယဇ်ပွဲ 
စောင့်ရှောက်လိုက် တဲ့ အမျိုးဘာသာ သာသနာကလူ့သွေးတွေနဲ့လား 
တိုင်းပြည်နဲ့ လူမျိုး အတွက် ဆိုတာ ကိုယ့်တိုင်းပြည်က ကိုယ့်လူမျိုး ကိုယ့်ပြည်သူကိုသတ်ရတာမျိုးလား
ခင်ဗျားတို့ကို ပြည်သူတေွက ရွံလိုက်တာတဲ့ 
ရွံတယ်ဆိုတဲ့စကားလုံးက ခင်ဗျားတို့နဲ့နှိုင်းဖို့သိက္ခာရှိလွန်းတယ်။ Crd:





တပေါင်းလပြည့်မှာလုပ်သွားရက်တဲ့ လသားကလေးပါမကျန် သတ်တဲ့လူသတ်ပွဲကြီးကို ကျွန်မတို့တစ်သက်ဘယ်တော့မှမမေ့ဘူး... ။ အေးအဲလိုပျော်ပျော်ကြီးလုပ်ခဲ့ရလို့ ခင်ဗျားတို့သားသမီးတွေ  မြေးမြစ်တွေလဲတန်ပြန်ခံစားစေရမယ်...။ ဒီနေ့မှာကျဆုံးသွားကြရတဲ့ တိုင်းပြည်အတွက်အသက်ပေးသွားကြတဲ့ သူရဲကောင်းအားလုံးအတွက် ဦးညွှတ်ပါတယ်..။ မအလတွေ လုံးဝကမ္ဘာမကြေဘူး...။  😭 








~~~~~~~~~~~~~

ဦးနေဝင်း ခိုးတာ
သူ့ရဲ့မြေး အေးနေဝင်းအထိ 
အလုပ်အကိုင်
မယ်မယ်ရရ မလုပ်ရပဲ
သုံးချင်တိုင်း သုံးပြီး 
ထိုင်စားလို့ရတယ်...👌

ဦးသန်းရွှေ ခိုးတာ
သူ့ရဲ့မြေး နေရွှေသွေးအောင် က
ဘာအလုပ် အကိုင်မှ
မယ်မယ်ရရ မရှိဘဲ
ကမ္ဘာပါတ်ပြီး...
ဖွန်ကြောင်လို့ရတယ်...👌

ဒီမိုကရေစီ လက်ထက်မှ
ကာချုပ်ဖြစ်တဲ့
မင်းအောင်လှိုင် က
သူ့သားသမီးတွေကို
ဆယ်နှစ်အတွင်း
စားမကုန်နိုင်တဲ့
စည်းစိမ်တွေပေးနိုင်တယ်...👌

ဒါတွေ အားလုံး
တစ်တိုင်းပြည်လုံး သိတယ်
ကျုပ်တို့ စစ်ဆေးပိုင်ခွင့် ရှိလား⁉
တိုင်ကြားပိုင်ခွင့် ရှိလား⁉
ဖော်ထုတ်ပိုင်ခွင့် ရှိလား⁉
ခိုးပါတယ်လို့ ဝန်ခံလား⁉
အာဂတိ လိုက်စားပါတယ်လို့
ဝန္ခံလား⁉

မြန်မာပြည်မှာ
စစ်အုပ်စု အကြီးအကဲတွေ 
အကုန္လုံးက
နှစ်ပေါင်း60ကျော်ရှိပြီ
အခွင့်ထူးခံ လူတန်းစားတွေအဖြစ်
ရပ်တည်လာတာ...

ဘယ်မှာလဲ...
အင်ဂျင်နီယာတွေအတွက်
အခွင့်အရေး⁉
ဘယ်မှာလဲ...
ဆရာဝန်တွေအတွက်
အခွင့်အရေး⁉
ဘယ်မှာလဲ...
ကျောင်းဆရာ၊ဆရာမတွေအတွက်
အခွင့်အရေး⁉
ဘယ်မှာလဲ...
စီးပွားရေးပညာရှင်တွေအတွက်
အခွင့်အရေး⁉
ဘယ်မှာလဲ...
အလုပ်သမားတွေအတွက်
အခွင့်အရေး⁉
ဘယ်မှာလဲ...
ကျောင်းသားလူငယ်တွေအတွက်
အခွင့်အရေး⁉
ဘယ်မှာလဲ
ခင်ဗျားတို့ ကျုပ်တို့
ကလေးတွေရဲ့
အခွင့်အရေး⁉

နောင်တစ်ချိန်မှာ
ခိုးမယ့်သူ မရှိလာအောင်
ဒီတိုက်ပွဲကို နိုင်ကိုနိုင်ရမည်။
အရေးတော်ပုံ
အောင်ကို အောင်ရမည်။💪
အရေးတော်ပုံ
အောင်ကို အောင်ရမည်။💪
အရေးတော်
အောင်ကို အောင်ရမည်။💪
✨🙏🕊🇲🇲🕊🙏✨

#Credit
#RejectMilitaryCoup
#WeSupportCRPH
#HowManyDeadBodyNeedForUNtoTakeAction
#CivilDisobedienceMovement
#R2PForMyanmar
#MyanmarSpringRevolution
#WeWantDemocracy
#အရေးတော်ပုံအောင်ရမည်


Thursday, 25 March 2021

နွေဦးတော်လှန်ရေး(၁၅).....




ကူးယူဖော်ပြပါသည်။

တိဘက်က သိုးအရမ်းမွေးတယ် ။ 

သိုးတွေကို ဝံပုလွေက လာလာစားတော့ သိုးအုပ်ပိုင်ရှင်က လာစားတဲ့ ဝံပုလွေကို သတ်ဖို့ ညဖက်စောင့်တယ် ။ 

အဲ့ဒီမှာ အဖြစ် တစ်ခုသွားတွေ့တယ် ။ 

ညဖက် ဝံပုလွေလာခါနီး သိုးတွေက အနံ့ကြိုရတယ် ။ 

ဂဏာမငြိမ်တွေဖြစ်တယ် ။ 

အော်တယ် ဟိုပြေးသည်ပြေးလုပ်ကြတယ် ။ 

ခဏနေတော့ ဝံပုလွေဝင်လာတယ် ။ 

အေးအေးဆေးဆေးပဲ ဝင်လာတာ ။ 

တစ်ကောင်ထဲပဲ ။ 

သိုးတွေမှာ အော်ပြီး ပြေးကြတယ် ။ 

တစ်ခြံလုံးကို ညံနေတာပဲ ။ 

တကယ်က သိုးအုပ်က ရာချီတယ် အများကြီးပဲ ။ 

တစ်ကောင်တစ်ချက်တက်နင်းရင်ကို ဝံပုလွေ အစအနရှာရမှာမဟုတ်ဘူး ။ 

ဒါပေမယ့် ဝံပုလွေ အနားကို မကပ်ဘူး ။ 

ဝံပုလွေကို မထိရဲဘူး ။ 

အချင်းချင်းပဲ တိုးကြဝှေ့ကြတယ် အချင်းချင်းပဲ တက်ကြနင်းကြတယ် ။ 

ငယ်သံပါအောင်ပဲ အော်နေကြတယ် ။ 

ခဏနေတော့ ဝံပုလွေက သိုးတစ်ကောင်ကို ဖမ်းကိုက်တယ် ။ 


အဖမ်းခံရတဲ့ သိုးခမြာ အော်လိုက်တာ !

ဘေးကသိုးတွေက ​ကြည့်နေတယ် !

အဖမ်းခံရတဲ့သိုးခမြာ သွေးတွေရွှဲပြီး 

ရုန်းလိုက်ကန်လိုက်တာ !

ဘေးကသိုးတွေ ကြည့်နေတယ် !

ခဏနေတော့ အဖမ်းခံရတဲ့သိုး သေသွားတယ် !

အသံငြိမ်သွားတယ် !

ဘေးကသိုးတွေလဲ အသံငြိမ်သွားတယ် !


ဝံပုလွေဟာ သိုးအုပ်အလည်မှာ ကျကျနနထိုင်ပြီး သူဖမ်းထားတဲ့သိုးကို အေးအေးဆေးဆေး ထိုင်စားတယ် ။ ဘေးက သိုးတွေက လဲ မြက်လေးဝါးတဲ့သူကဝါး ချောင်လေးမှာခွေတဲ့သူကခွေ ဖြစ်ကုန်တယ် ။ 

ခဏကြာလို့ ဝံပုလွေက စားသောက်ပြီး ဘိုက်ဝလို့ ပြန်ထွက်သွားတဲ့အချိန်မှာ တချို့သိုးတွေက ပြန်အိပ်ပြီး ဟောက်တောင်ဟောက်နေပြီ ။ 

သူတို့စိတ်ချတယ်လေ ဒီနေတော့ ငါမဟုတ်ဘူး ။ 

ငါအစားမခံရဘူး ။ 

တခြားအစားခံလိုက်ရတဲ့သိုးဟာ ငါမဟုတ်ဘူး 

ငါနဲ့မဆိုင်ဘူး ။ 

နောက်နေ့ဝံပုလွေလာရင် ငါမဟုတ်ဖို့ပဲ အရေးကြီးတယ် ။ 

ငါနဲ့လွတ်အောင်ငါနေမယ် ။ 

ဝံပုလွေမမြင်ဖို့ မမိဖို့ပဲ လိုတယ် ။ 

ဝံပုလွေမမိဖို့ တခြားသိုးကို နင်းဆိုလဲနင်းမယ် 

ဝှေ့ဆိုလဲဝှေ့မယ် ဝံပုလွေကိုတော့ 

ကြည့်တောင်မကြည့်ရဲ ထိတောင်မထိရဲ ငါနေမယ် ။ 

ဒါဟာ တိရိစ္ဆာန်လောကမှာတော့ ဖြစ်နေကျပါပဲ ။ မထူးဆန်းပါဘူး ။ 


ဒါပေမယ့်ဒီလိုအဖြစ်မျိုး လူတွေကြားမှာ ဖြစ်လာရင်တော့ အတိုင်းထက်အလွန် ဝမ်းနည်းစရာပဲ ။ 

ကျွန်တော်တို့က လူတွေမဟုတ်လား ။ 

ဒါပေမယ့် အလွန်ကို စိတ်မကောင်းစရာပါ ။ 

ခုလူတွေကြားမှာ သိုးတွေ တွေ့ရပါတယ် ။ 


အချင်းချင်းနင်းတဲ့သိုးတွေ !

ချောင်လေးမှာ ကပ်နေတဲ့သိုးတွေ !

ဝံပုလွေစာ ကိုယ်မဖြစ်ဖို့အရေး !

တခြားသူကို ထိုးကျွေးနေတဲ့သိုးတွေ !

ဝံပုလွေကိုငဲ့ပြီး အချင်းချင်း လက်နက်နဲ့ 

ရန်ပြုပေးချင်တဲ့သိုးတွေ !

ဝံပုလွေကို ကာကွယ်နေတဲ့သိုးတွေ !


ဖြစ်ရလေဗျာ ။ 

ကျွန်တော်တို့က လူတွေလေ သိုးတွေမှ မဟုတ်ဘဲ ။ 

လူနဲ့ တိရာစ္ဆာန် မှာ ကွာတာက 

အသိဉာဏ် စဥ်းစားဉာဏ်ပဲ ရှိပါတယ် ။ 

စဥ်းစားဉာဏ်မရှိပဲ မဆင်ခြင်ဘဲ လုပ်နေမယ်ဆိုရင် 

လူဟာ တိရိစ္ဆာန်နဲ့မကွာတော့ပါဘူး ။ 

ပြီးတော့လေ တိရိစ္ဆာန်ဝံပုလွေက သိုးကိုသတ်တာ လောလောဆယ် သူစားဖို့ပဲ သတ်တာ သိလား ။ 

သူတစ်ကောင်နဲ့ဘိုက်ဝရင် ဆက်မသတ်တော့ဘူး ။ 

လူဝံပုလွေကတော့ 

ငါ့ဖို့ ငါ့သားသမီးဖို့ ငါ့မြေးဖို့ ငါ့မြစ်ဖို့နဲ့ 

လောဘက ဘယ်တော့မှ အတောမသတ်ဘူး ။ 


ဒါအတွက်သတ်ရမယ်ဆိုလဲ  တစ်ရာနှစ်ရာ 

တစ်ထောင်နှစ်ထောင် သူဂရုစိုက်မှာမဟုတ်ဘူး ။ 

စဥ်းစားဖို့ပါ ။ 

နိုင်ငံအသီးအပွင့် 70% လောက်ငါယူမယ်

 မင်းတို့ကျန်တဲ့ပြည်သူတွေက ကျန်တဲ့ 30% လောက်ကို

 ခွဲယူကြကွာ 

အဲဲ့ဒီမှာ အချင်းချင်း နင်းချင်နင်းကြ 

ကောက်ကျစ်ချင်ကောက်ကျစ်ကြ 

ယုတ်မာချင်ယုတ်မာကြ 

အချင်းချင်း နိုင့်ထက်စီးနင်းလုပ်ချင်လုပ်ကြ 

အချင်းချင်းခေါင်းပုံဖြတ်ချင်ဖြတ်ကြ ဆိုပြီး အုပ်စိုးတာကို အရိုးအရင်းကိုက်ရလဲ မနည်းဘူးဟ ဆိုပြီး ပြည်သူချင်းချင်းပဲ  ရမယ်ရှာချင်တဲ့သူတေပဲ များနေရင်တော့လဲ ကျွန်တော်တို့နိူင်ငံရဲ့ ကံပေါ့ဗျာ ။

Crd


Ps: အဲတော့စဉ်းစားပါ ကိုယ်တိုင်ကရော သိုးတစ်ကောင်ဖြစ်နေလားလို့ !!!

Sunday, 21 March 2021

Stockholm syndrome.....

 



Stockholm syndrome အကြောင်း ကျွန်တော့်ပိုစ့်တွေထဲမှာ မကြာခဏ ထည့်ပြောခဲ့ဖူးပါတယ်.. မမှတ်မိမှာစိုးလို့ တစ်ခါလောက်ထပ်‌‌ပြီးပြောပြချင်ပါတယ်....။

စတော့ခ်ဟုန်းစင်ဒရုန်းဆိုတာ သမင်က ကျားသစ်ကို ဖြစ်တဲ့ နာခံရိုကျိုးစိတ်မျိုး.. သိုးက ဝံပုလွေကို ဖြစ်တဲ့ သံယောဇဉ်စိတ်မျိုးကို ခေါ်တာပါ.....။

ကိုယ်ကြောက်ရွံ့မုန်းတီးရွံရှာရမယ့်.. ကိုယ့်ကို ဒုက္ခပေးခဲ့တဲ့.. ဆက်ပြီးတော့လဲဒုက္ခပေးနေမှာကိုသိရက်နဲ့ ခဏတာ ကိုယ့်အပေါ်ပျော့ပျောင်းညင်သာပြလိုက်တဲ့အချိန်မှာ ကျေးဇူးတွေရေစီးကမ်းပြိုတင်ပြီး မေတ္တာတွေဒလဟောသက်၀င်လိုက်တာမျိုးကို စတော့ခ်ဟုန်းစင်ဒရုန်းလို့ခေါ်ပါတယ်.....။

အမြဲရုပ်တည်နဲ့အရိုက်ကြမ်းတဲ့ဆရာကြီးက စာသင်ချိန်တစ်ချိန်လောက်မှာ အရွှန်းဖောက်ဟာသနှောလိုက်တာလေးကို တစ်တန်းလုံးကကျောင်းသားတွေမေ့မရဖြစ်ကြတာမျိုး....။

အမြဲတမ်းအနိုင်ကျင့်နှိပ်စက်တဲ့အမျိုးသားက တစ်ရက်တစ်လေစိတ်ကောင်း၀င်တုန်း ဈေးဖိုးပိုပေးတာကို မိန်းမလုပ်သူက တသသရင်ခုန်ရတာမျိုး.....။

ကိုယ့်ကိုမတရားဖမ်းဆီးချုပ်နှောင်ထားတဲ့ရန်သူခေါင်းဆောင်က တစ်ရက်လောက်မှာ ဟင်းကောင်းတစ်ခွက်ချကျွေးပြီး "စားလိုက်ဦး.." လို့ပြောတာကို မျက်ရည်လည်ရွဲနဲ့ကျေးဇူးတင်မိတာမျိုး.....။

ကြာပွတ်တရွှမ်းရွှမ်းနဲ့အရှိုးရာပေါင်းများစွာကိုယ့်ကျောပေါ်တင်ခဲ့သူသခင်က တစ်ခါလောက်မရိုက်ပဲ ရွယ်ရုံရွယ်တာကို ကျွန်ဖြစ်သူစိတ်ထဲမှာ ငါ့သခင်ကြင်နာလှချည်ရဲ့လို့ တွေးတာမျိုးတွေအားလုံးဟာ စတော့ခ်ဟုန်းစင်ဒရုန်းတွေချည့်ပါပဲ.....။

ဒီစင်ဒရုန်း၀င်လာချိန်မှာ လူဟာ ကိုယ့်အပေါ် abuse လုပ်နေသူအပေါ် တဖြည်းဖြည်းနားလည်လက်ခံလိုစိတ်၀င်လာပြီးသံယောဇဉ်တွယ်မိတတ်ပါတယ်.. သူ့ဘက်ကနေ မရည်ရွယ်ပဲရပ်တည်မိသွားတတ်ပါတယ်.. ပိုဆိုးလာရင် ကိုယ့်ကို ကယ်ဆယ်မယ့်သူကိုတောင် အနှောင့်အယှက်လို.. ရန်သူလိုပြန်မြင်လာတတ်ပါတယ်.. ....။

သမိုင်းမှာ မင်းစောလူးဟာ သူ့ကိုဖမ်းချုပ်ထားတဲ့ ငရမန်အပေါ် ယုံကြည်အားကိုးလာပြီး နောက်ဆုံးငရမန်လက်ချက်နဲ့ပဲအသက်ပျောက်ခဲ့ရတာက အထင်ရှားဆုံး စတော့ခ်ဟုန်းစင်ဒရုန်းလို့ ဆိုင်နိုင်မလားပဲ.....။

လူရဲ့ခံစားချက်ဟာ အကိုင်အလှုပ်ကြမ်းတဲ့သူအပေါ် ပိုပြီး အက်ကွဲ ယိုစီးလွယ်ပါတယ်.. ကျိုက်ကျိုက်ဆူတဲ့ရေနွေးတွေလောင်းထည့်ထားတဲ့ခွက်ထဲ ရုတ်တရက် ရေခဲရေထည့်လိုက်တဲ့အခါ ခွက် အက် သွားတတ်သလိုပေါ့.. ဒီအတိုင်းချစ်အောင်လုပ်တာထက် မုန်းအောင်အရင်လုပ်ပြီးမှချစ်‌အောင်ပြန်လုပ်ရတာက ပိုလွယ်တယ်.. ဒီအတိုင်း လေးစားမှုရယူတာထက် ကြောက်အောင်လုပ်ပြီး ရိုသေမှုကိုပြန်ယူတာက ပိုလွယ်တယ်.. ပြောရရင်တော့ဖြတ်လမ်းနည်းပေါ့.. psychological cheat code တွေ.....။

လူဟာအခြားလူအ‌ပေါ် ရက်ရက်စက်စက် လုပ်ခွင့်မရှိဘူးလို့ အခိုင်အမာယူဆထားတဲ့လူတစ်ယောက်ရှေ့မှာ နေ့စဉ်ရက်ရက်စက်စက်တွေလုပ်ပြမယ်ဆို အဲ့ဒီ့လူရဲ့အတွေးအမြင်ဟာ တဖြည်းဖြည်းအကြောက်တရားစိမ့်၀င်ပြီးပြောင်းလဲသွားတယ်.. တစ်ရက်မှာ ရက်ရက်စက်စက်လုပ်ပြနေခြင်းကို အရင်ထက်လျှော့ပြလိုက်မယ်ဆိုရင် သူကိုယ်တိုင်ကိုက "ဒီ‌နေ့လိုသာဆိုတော်သေးတာပေါ့" လို့ လက်ခံသွားတော့တာပဲ.. Good cop bad cop technique လဲ ထိုနည်း၎င်းပဲ.. သူကကျ လူနှစ်ယောက်သုံးတာပဲကွာတယ်.....။

ဒါတွေဟာ ဦးနှောက်မှာရေးသားထားပြီးသား wired program တွေချည့်ပဲမို့ နည်းသိရင် လုပ်လို့ရတာတွေချည့်ပဲ.. တချို့အဖွဲ့အစည်းတွေဟာ အကြောက်တရားကိုအဆင့်ဆင့်ပေးပြီး အုပ်ချုပ်ရတယ်.. အကြောက်တရားကို ဘယ်လိုရိုက်ထည့်ရမလဲ.. ဘယ်လိုတစိမ့်စိမ့်သွင်းရမလဲ.. ဘယ်လိုပြန်ထုတ်ရမလဲ.. တဖက်ကမ်းခတ်ကျွမ်းကျင်ကြတယ်.. ...။

ဒါတွေနဲ့အကျွမ်းမ၀င်သူတွေကျတော့ အဟုတ်ကြီးမှတ်တယ်.. တစ်ခါလောက်အစာ၀နေတုန်း ကိုယ့်လည်မြိုကိုကိုက်မဖောက်ပဲ လျှာနဲ့လာသပ်တာကို ကိုယ့်အပေါ် တကယ်ကောင်းလို့ ညှာတာထောက်ထားတယ်လို့ ထင်မှတ်မှားတယ်.....။

ကျားအတွက် သမင်ဟာ အမြဲတမ်းသမင်ဆိုပေမယ့်..သမင်တွေကတော့ တခါတရံ ကျားကို ကျားဆိုတာ မေ့မေ့သွားတတ်ကြတယ်.....။


Crd


Saturday, 20 March 2021

နွေဦးတော်လှန်ရေး(၁၃).....



တော်လှန်​ရေးတိုင်းရဲ့ သင်္ကေတဟာ လှိုင်းလုံးကြီးများလိုပါ။ အမြင့်ဆုံးတက်လိုက် 
နိမ့်ကျလိုက် ပြီးရင် ကျရှိန်နဲ့ ပြန်မြင့်တက်လိုက် ၊ ဒီလိုနဲ့ပဲ လိုရာကမ်း​ခြေ​ ​ရောက်မြဲပါ။

မြို့ပြကြီး​တွေရဲ့  လမ်းမလမ်းခွဆုံတွေမှာ အနုပညာရှင်​တွေ၊ထင်ရှားသြဇာကြီး​သူ​တွေနဲ့ ​​အောင်လံစုံ တလူလူလွှင့်၊သပိတ်မျိုးစုံ၊ ပိုစတာစုံ၊ပါ​ဖောင်းမင့်စုံ​တွေနဲ့၊ဝန်းရံသူ​တွေ
အပြည့်နဲ့လူပင်လယ်သပိတ်မျိုးလည်း ဖန်တီးနိုင်ခဲ့သလို၊လမ်း​တွေပိတ်ဆို့ ခုခံကာကွယ်ရ၊​ပြောက်ကြားသပိတ်ဆင်နွှဲရ၊လူမဲ့သပိတ်​တွေနဲ့တုန့်ပြန်ရတာ​တွေဟာလည်းရှိရမြဲပါ။ ကြုံသမျှအ​ခြေအ​နေအ​ပေါ်ရရာနည်းနဲ့ အာခံပြ၊အညံ့မခံတွန်းလှန်ဆဲဖြစ်​ကြောင်းကမ္ဘာကိုပြရတာပါပဲ။

လှိုင်းလုံးကြီး​တွေကျရှိန်နဲ့ပြန်တက်ချိန်ကို ကြိုပြင်ကြရာမှာ ယုံကြည်မှုသာ အင်အားပါ။ CDM သပိတ်​တွေ​ကြောင့် စစ်​ကောင်စီဟာ အစိုးရဖြစ်ခွင့်​တောင် အိပ်မက်မက်ခွင့်
မရှိ​​အောင် ယန္တယား​တွေ ဆွံ့အသွားပါပြီ။

တိုင်းရင်းသား​ဒေသ​တွေမှာ EAO အပါအဝင်အဖွဲ့အစည်း​ပေါင်းစုံရဲ့  လုပ်နိုင်စွမ်းစည်းရုံးနိုင်စွမ်း​တွေ​ကြောင့် CDM ဝန်ထမ်း​တွေ စစ်​ကောင်စီရဲ့ လက်နက်ကိုင်​တွေ စု​ပေါင်းအင်အားရာ​ကျော်​ထောင်ချီခိုလှုံပူး​ပေါင်းလာကြလို့ ​နေရာချစီစဥ် ​ဆောင်ရွက်မှု​တွေ လက်မလည်​အောင်လုပ်​နေရပါပြီ။

နိုင်ငံတကာမျက်နှာစာကိုတချက်ကြည့်​ပေးပါ။ Scandinavian တိုင်းပြည်​တွေအပါအဝင် EU နိုင်ငံများ၊ ဗြိတိန်၊
အ​မေရိကန် တို့မှ သံအမတ်ကြီးများရဲ့ ထုတ်ပြန်ချက်မှာ စစ်​ကောင်စီတပ်ဖွဲ့​တွေရဲ့
သူရဲ​​ဘော​ကြောင်ရမ်းကားမှု​တွေအ​ပေါ် ပြင်းထန်တဲ့ တုံ့ပြန်မှု​တွေ​တွေ့ရမှာပါ။ ပါးစပ်နဲ့ဟန့်မရရင်လက်ပါကြရစမြဲပါ။ အ​ရေးယူ​ဆောင်ရွက်မှု​တွေတန်းစီ​နေပါတယ်။

သပိတ်အပါအဝင် အင်အား​ပေါင်းစုံရဲ့ ပေါင်းစုမှုနဲ့ ပန်းတိုင်ကိုကြည့်ပါ။ ဖက်ဒရယ်ဒီမိုက​ရေစီပါ။နိုင်ငံ​ရေးအနှစ်သာရအပြည့်နဲ့သ​​ဘောတူမှုအပြည့်နဲ့ပါ။

ဒီမိုက​ရေစီနဲ့ဖက်ဒရယ်ဟာ​ ​​ငွေစက္ကူတချပ်ရဲ့ မျက်နှာနှစ်ဖက်လို ​ကျောချင်းကပ်ခွာမရ​တော့​အောင်တသားထဲဖြစ်သွားပါပြီ။ ပြည်​ထောင်စု​သွေးချင်း​တွေရဲ့ ညီညွတ်မှုအား ပြယုဂ်​ကောင်းပါ။

တိုင်းရင်းသား​တွေကို ကြည့်မယ်ဆိုရင် လက်နက်ကိုင်အဖွဲ့နဲ့ နိုင်ငံ​​ရေးပါတီ​​တွေကို
ကြည့်ယုံနဲ့ မပြည့်စုံပါဘူး။ ဥပမာ တခုပဲ ​ပြောပါမယ်။ KPICT ကိုကြည့်ပါ။ ယခင် လူသိများတဲ့ KIO / KIA တင်မက ကချင်လူထု​လူတန်းစားအလွှာအသီးသီး၊ လူမှုအဖွဲ့၊ဘာသာ​ရေးဆိုင်ရာ​ခေါင်း​​ဆောင်များ၊ကမ္ဘာအနှံ့က မျိုးဆက်အစုံ​တွေ​ပေါင်းစုထားတာပါ။အဖွဲ့​​ပေါင်းစုံ ရာချီ​ပေါင်းမိသွားတာမျိုးပါ။ဖက်ဒရယ်ဒီမိုက​ရေစီအတွက် အပြည့်ပူး​ပေါင်း​နေပါပြီ။

ဒါ ဥပမာ တခုပဲ ရှိပါ​သေးတယ်။ကျန်
တိုင်းရင်းသားလူမျိုးစု​တွေလည်း ကိုယ်စီနီးစပ်တူရာစုဖွဲ့​တော်လှန်​နေပါပြီ။ CRPH နဲ့ ပြည်သူအစိုးရအ​နေနဲ့လည်း ထိုအဖွဲ့​ပေါင်းစုံနဲ့ တိုင်ပင်ပြီး သ​ဘောတူ​အ​ခြေခံ
​​ကောင်း​တွေရထားပြီဆိုတာကျ​နော်တင်ပြခဲ့ပြီးသားပါ။

​ဒေသတွင်းမှာလည်းတသက်လုံးငုပ်တုပ် ASEAN လိုအဖွဲ့အစည်းမျိုး​တောင် လှုပ်လှုပ်ရွရွထတဲ့ပြီး မြန်မာအ​ရေးကိုမဝင်မဖြစ်ဝင်ဖို့ ဦး​ဆောင်လှုံ့​ဆော်​နေပါပြီ။
အင်ဒိုနီးရှားသမ္မတရဲ့မိန့်ခွန်းနဲ့နှိုး​​ဆော်ချက်ကိုသာ နမူနာဖတ်ကြည့်ကြပါ။အားလုံးမဖြစ်မ​နေ အ​ဖြေရှာကြရမယ်လို့ အချက်​ပေး​နေပါပြီ။ ​နေ့ချင်းညချင်းဆက်သွယ် စည်း​ဝေးဖို့ ပြင်​နေပါပြီ။

ကမ္ဘာ့ကွန်ယက်ကြီးနဲ့ချိတ်ပြီး စစ်​ကောင်စီရဲ့ ဘဏ္ဍာ​ရေးကိုထိန်းချုပ်နိုင်စွမ်း၊သံတမန်နည်းလမ်းအရပြည်သူ့အစိုးရဖက်က အမြင့်ဆုံးအသာစီးရ​နေမှု​တွေရှာ​ဖွေသုံးသပ်မြင်နိုင်ကြရင် မြန်မာ့​နွေဦးအ​ရေး​တော်ပုံဟာ
ပင်လုံးကျွတ်ပုရစ်ဖူး​တွေ ​ဝေသစ်​နေတာ ​သေချာ​တွေ့ရမှာပါ။

ကုလသမဂ္ဂမှာလည်းလမ်း​ကြောင်းများစွာကျန်ပါ​သေးတယ်။ဖြစ်နိုင်​​ချေ၊စွမ်းနိုင်​ချေ အပြည့်နဲ့ပါ။

ကုလရဲ့ UNSC လုံခြုံ​ရေး​ကောင်စီမှာ မြန်မာအ​ရေးအတွက် သ​​ဘောတူ​ကြေညာချက် ၂ ကြိမ်ရတယ်ဆိုတာ၊ ရခဲတဲ့​​အောင်မြင်မှု​တွေပါ။တဆင့်ခြင်းတက်ရတာ​တွေရှိပါတယ်။ကုလလူ့အခွင့်အ​ရေး​ကောင်စီ၊ အ​ထွေ​ထွေညီလာခံစသဖြင့်
အခွင့်အလမ်း​ကောင်းများစွာအတွက် တာဝန်ရှိသူအားလုံးစွမ်းရည်အပြည့်အရယူပြကြဦးမှာပါ။

ပြည်တွင်းမှာ အပစ်မဲ့ပြည်သူ​တွေအ​ပေါ် စစ်​ကောင်စီရဲ့ ကြမ်းကြုတ်ရက်စက်မှု​တွေ လူ့ကျင့်ဝတ်လူ့ဂုဏ်သိက္ခာကို​စော်ကားကျုးလွန်မှု​တွေ(လမ်း​​​ပေါ်ကအနိုင်ကျင့်မှု​တွေ) ကိုမှတ်တမ်းတင်​ပေးပို့ထားတဲ့ ပြည်သူ​တွေရဲ့တာဝန်​ကျေမှုဟာ တကယ်စွမ်းခဲ့ပါတယ်။
ကမ္ဘာကြီးဘယ်လိုမှ သည်းမခံနိုင်​တော့​အောင် ရင်​​တွေကို ထိမှန်ခဲ့ပါတယ်။

အ​ရေးယူ​ဆောင်ရွက်မှု​တွေ သွက်လက်ထိ​ရောက်ဆက်တိုက်လာမှာပါ။ပြည်သူ​တွေအ​နေနဲ့"​အောင်စိတ်"နဲ့သာ ယုံ​နေဖို့၊အထိ
အခိုက်အကျအဆုံးအနဲဆုံးနည်း​​တွေနဲ့ ပြင်ဆင်ဖို့၊မျိုးဆက်တခုနဲ့တခုကြားစိတ်ဝမ်းကွဲ​သွေးခွဲစကားအပြုအမူ​တွေကို အဝင်မခံပဲတသားထဲ တခုထဲဖြစ်​နေဖို့ပါပဲ။

CDM သမား​တွေအတွက် သတင်း​ကောင်းရှိပါတယ်။အနာဂါတ်နိုင်ငံ​တော် အစိုးရ
ယန္တယားမှာ ပြည်သူ့သစ္စာ​ဖောက်များနဲ့ ဗျူရိုကရက်များအတွက်​​နေရာမရှိ​စေရ၊CDM ဝန်ထမ်းများ၊မျိုးဆက်သစ်ဝန်ထမ်းများနှင့်သာ၊ အစိုးရယန္တယားသစ် တည်မှာဖြစ်​ကြောင်း မကြာခင် ကိုယ်​​​ယောင်ထင်ရှားမြင်ရပါလိမ့်မယ်။

မ​ဝေး​တော့တဲ့ အနာဂါတ်မှာ ပြည်သူကိုနှိပ်စက်တဲ့စစ်တပ်​နေရာရှိ​တော့မှာ မဟုတ်ပါ။ ဖက်ဒရယ်တပ်မ​တော်သာရှိလာပါလိမ့်မယ်။ရဲတပ်ဖွဲ့ဟာလည်းနိုင်ငံသား​​တွေကို ​​စောင့်​ရှောက်ကာကွယ်မည့်အသစ်ကျပ်ချွတ် ရဲတပ်ဖွဲ့သာဖြစ်လိမ့်မယ်လို့ အခိုင်အမာ​ပြောပါရ​စေ။

လူငယ်မျိုးဆက်သစ်​တွေ အတွက် 
ဖက်ဒရယ်တပ်မ​တော်၊ ရဲတပ်ဖွဲ့အသစ်ဖြစ်လာ​အောင် ပြင်ဆင်​လေ့ကျင့်​နေပါပြီ။

အ​ရေး​တော်ပုံ​အောင်ရမည်။

#မင်းကိုနိုင်
၂၀.၃.၂၀၂၁


Friday, 19 March 2021

ဓမ္မအထွေထွေမှတ်စုများ(၁၂).....

နမောဿတ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ

ပူဇော်သမျှကိုခံယူတော်မူထိုက်သော အလုံးစုံသောတရားတို့ကို မဖောက်မပြန် 

ကိုယ်တော်တိုင်သိတော်မူသော မြတ်စွာဘုရား....



အစွမ်းထက်တဲ့ "သမ္ဗုဒ္ဓေဂါထာ" မြန်မာပြန်

(၁) သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ၊ ဒွါဒသဉ္စ သဟဿကေ၊ပဉ္စသတ္တ သဟဿာနိ၊ နမာမိ သိရသာမဟံ။

🔴နှစ်ကျိပ်ရှစ်ဆူသော ဘုရားရှင်၊

တစ်သောင်းနှစ်ထောင်သောဘုရားရှင်၊

 ငါးသိန်းသောဘုရား ရှင်  "၅၁၂ဝ၂၈ "ဆူသော ဘုရားရှင်တို့ကို ဦးခေါင်းဖြင့် ရိုသေစွာရှိခိုးပါ၏။

(၂) အပ္ပကာ ဝါဠုကာ ဂင်္ဂါ၊ အနန္တာ နိဗ္ဗူတာ ဇိနာ။ တေသံ ဓမ္မဉ္စ သံဃဉ္စ၊ အာဒရေန နမာ မဟံ။

🔴ဂင်္ဂါမြစ်ကမ်းရှိ သဲပွင့်များမှာနည်း၏

ပရိနိဗ္ဗာန် စံတော်မူပြီးသော 

အောင်တော်မူဘုရားရှင်တို့ကား အဆုံးမရှိကုန်။ 

ထိုဘုရားရှင်များနှင့် ထိုဘုရားရှင်တို့၏ ဓမ္မနှင့်သံဃာကိုလည်း ရိုသေစွာရှိခိုးပါ၏။

(၃) နမက္ကာရာနုဘာဝေန၊ ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ။ အနေကအန္တရာယာပိ၊ ဝိနာသန္တု အသေသတော။

🔴ရှိခိုးရသည့်အာနုဘော်ကြောင့် 

ဘေးရန်ခပ်သိမ်းကို ရှောင်ရှား၍ 

အန္တရာယ်များစွာတို့လည်း အကြွင်းမဲ့ 

ပျောက်ကင်းပါစေသတည်း။

🌹🙏🏼🙏🏼🙏🏼🌹🙏🏼🙏🏼🙏🏼🌹🙏🏼🙏🏼🙏🏼🌹🙏🏼🙏🏼🙏🏼🌹🙏🏼🙏🏼🙏🏼🌹


Crd