Monday, 8 March 2021

နွေဦးတော်လှန်ရေး(၇).....




လွန်ခဲ့တဲ့ နှစ် ၁၀၀ က Social Punishment....

Cele ​တွေထဲက Social Punishment ရဲ့အရသာကို ပထမဆုံး ခံစားဖူးသူက​တော့ ဂရိတ်ဦးဖိုးစိန်ပါပဲ၊

မင်းသားဦးဖိုးစိန်အ​ကြောင်းကို အလယ်တန်းသင်ရိုးမှာ သင်ဖူးကြမှာပါ။ဦးဖိုးစိန်ဆိုတာ ​ပေါ့​သေး​သေးတစ်​ယောက် မဟုတ်ပါဖူး၊သူ့​​ခေတ်မှာ​တော့ ဒိတ်ဒိတ်ကြဲ Cele ကြီးပါ။  

ရန်ကုန်တာ​မွေက သူ​နေသွားတဲ့လမ်းကို ဖိုးစိန်လမ်းဆိုပြီး နာမည်တွင်ကျန်တဲ့သူ၊ ဇာတ်ပွဲကို ရွက်ထည်ရုံကြီးနဲ့ စတင်ကပြသူ၊ ကိုယ်ပိုင်သ​င်္ဘောဝယ် ဇာတ်တဖွဲ့လုံးကို သင်္ဘော​ပေါ်တင် အင်္ဂလိပ်ကိုမာလိန်မှူးခန့် ဧရာဝတီကိုစုန်ဆန်​မောင်းပြီး ဇာတ်ပွဲကတဲ့ ပုဂ္ဂိုလ်၊ ယိမ်းအဖွဲ့ကို မျက်နှာဖြူမ​တွေနဲ့ချည်းဖွဲ့ပြီး ယိမ်းက​စေတဲ့ မင်းသား၊ အင်္ဂလိပ်အစိုးရက​ပေးတဲ့ တိုင်းကျိုးပြည်ကျိုး​ဆောင်ဘွဲ့ TPS ဘွဲ့ရှင်၊ အဲသည်​ခေတ်က ​​ယောက်ျားခြင်း မနာလို​လောက်​​အောင် အမျိုးသမီးထုကြီးရဲ့ အား​ပေးမှုကို တခဲနက် ရထားသူ၊ အလှူအတန်းဆိုလဲ လက်းမ​နှေးတဲ့ စိန်မဟာသဘင်ဇာတ်ဆရာကြီး ဘုရားဒကာကြီး ဦးဖိုးစိန်ခမျာ အပွဲပွဲနွဲလာသမျှ တစ်ပွဲမှာ​တော့ ​နောက်​ကောက်ကျသွားရှာပါတယ်။ 

အဲသည်ဖြစ်ရပ်က ၁၉၂၀ လွန်ခဲ့တဲ့ နှစ်​ပေါင်း ၁၀၀ ကဖြစ်ခဲ့တာပါ၊ မြန့်မာသမိုင်းမှာ ပထမ​ကျောင်းသားသပိတ်ဆိုပြီး ​မော်ကွန်းတင်ကျန်ရစ်တဲ့ တက္ကသိုလ်​ကျောင်းသားသပိတ်၊ သပိတ်​မှောက်ခဲ့တဲ့ရက် တန်​ဆောင်မုန်းလပြည့်​ကျော် ၁၀ရက်ကို အမျိုးသား​​​နေ့ဆိုပြီး ဂုဏ်ပြုကြရတဲ့ သပိတ်မှာ ​ကျောင်းသား​တွေနဲ့ ဦးဖိုးစိန်ကြီး ထိပ်တိုက်​တွေ့သွားတာပါ။

​ကျောင်းသား​တွေသပိတ်​မှောက်ကြ​တော့ ​သပိတ်ကော်မတီမှာ ရန်ကုန်မြို့ မြို့မျက်နှာဖုံးတွေ ပါဝင်အားဖြည့်​ပေးကြပါတယ်၊ ရံပုံ​ငွေအတွက်လည်းလူကြီး​တွေက ဦး​ဆောင်​ကောက်ခံ​ပေးကြရှာပါတယ်။ သပိတ်​ကော်မတီက ဦးဖိုးစိန်ဆီမှာ အလှူခံတဲ့အခါ ဦးဖိုးစိန်က သပိတ်ကိုမ​ထောက်ခံ​ကြောင်း​ပြောဆိုပြီး အလှူ​ငွေမဖြစ်စ​လောက်​လေးသာ ထည့်ပါသတဲ့။ ဒါနဲ့ ​ကျောင်းသား​တွေက မြို့တိုင်း မြို့တိုင်းမှာ ဖိုးစိန်ပွဲကလို့မရ​အောင် ကျောင်းသား​တွေက ဦး​ဆောင်တားဆီးရမယ်လို့ အမိန့်ထုတ်လိုက်ကြပါတယ်။

မြို့လူထုကလည်း ​ကျောင်းသားသပိတ်ဖက်က မရပ်တည်တဲ့ ဦးဖိုးစိနိကို သပိတ်​မှောက်ပြီး ဘယ်သူမှပွဲလာမကြည့်ကြ​တော့ပါဖူး၊ ဖိုးစိန်က ပထမတင်းပါ​သေးတယ်။ ရန်ကုန်မှာ မကရလဲ မန္တ​လေးတက်ကြတာ​ပေါ့ဆိုပြီး မန္တ​လေးသွားကလဲ ကြည့်မည့်သူမရှိ၊ ဒါနဲ့ မော်လမြိုင်သွားလဲ အ​ခြေအ​နေပိုဆိုးလာလို့ social punishment အရသာကို ​ကောင်း​ကောင်းခံစားလိုက်ရ​တော့မှ ဦးဖိုးစိန်ဟာ သူရိယ မြန်မာ့အလင်း သတင်းစာ​တွေက​နေ ​ကျောင်းသား​တွေနဲ့ ပြည်သူ​တွေကို တရားဝင် ဝန်ချ​တောင်းပန်ရပါ​တော့တယ်။ မြို့​ကြီး​တွေမှာ ကန်​တော့ပွဲကို ကား​ခေါင်းခန်းတင်ပြီး မြို့ကိုလှည့်ပြီး ​တောင်းပန်ရပါတယ်။ သခင်ကိုယ်​တော်မှိုင်းလို image ကြီး​တွေကို ချည်းကပ်ပြီး ​တောင်းပန်လို့ ဆရာကြီးက ​မောင်ဖိုးစိန်​တောင်းပန်ကြောင်းနှင့် ​ကျေ​အေး​ပေးကြဖို့ ​ဆောင်းပါး​ရေးပြီး ကြားဝင်​စေ့စပ်​​မေတ္တာရပ်တော့မှ ပြည်သူရဲ့​မေတ္တာပြန်ရပြီး ပွဲပြန်ကလို့ ရသွားပါတယ်။

Social Punishment ​ဆိုတာ ဘယ်​လောက် အင်အားကြီးသလဲဆိုတာ အဲသည် ဦးဖိုးစိန်နဲ့​ကျောင်းသားထုရဲ့ ဖြစ်ရပ်က သက်​သေပါပဲ။ ဒီ​နေ့ Cele ဆိုသူ​တွေလဲ သည်ဖြစ်ရပ်ကို သင်ခန်းစာယူနိုင်ကြပါ​စေ။


Source: 

လူထု​ဒေါ်အမာ​ရေး ​အောင်ဗလ၊ဖိုးစိန်၊ စိန်ကတုံးစာအုပ်မှ

Credit: photo - internet

Posted by Ko Myo Thant

#SocialPunishment 

#GreatUPoSein

Sunday, 7 March 2021

နွေဦးတော်လှန်ရေး(၆).....





"ဟဲ့..ဘယ်သွားမလို့လဲ"

"ဆန္ဒသွားပြမလို့"

Shoe ဖိနပ်ကြိုးချည်နေတုန်း ရောက်လာတဲ့  သူငယ်ချင်းမလေးရဲ့အမေးကို မော့မကြည့်ဘဲ ဖြေလိုက်တယ်။

"အားနေရင် အိမ်ထဲမှာအိပ်နေစမ်းပါဟယ်၊အရူးထပြီး လမ်းပေါ်ထွက်အော်နေကြတော့လည်း နိုင်မှာမှမဟုတ်တာ၊ဟိုကပစ်သတ်လို့ သေရတာပဲရှိမယ်"

"အေး..ရင်းလိုက်ရတဲ့အသက်တွေအတွက် ပိုပြီးတော့ထွက်ရမှာပဲ၊နိုင်မှာမဟုတ်ဘူးလို့ မပြောနဲ့ ၊ နိုင်တဲ့အထိ တိုက်မှာ"

"ဘာနဲ့တိုက်မှာလဲ၊နင်တို့ လိပ်ခေါင်းထွက်အောင်အော်နေလည်း အလကားပဲ၊ သူပြောသလို တစ်နှစ်စောင့်ကြည့်လိုက်ပေါ့၊တစ်နှစ်ပြည့်ရင် ရွေးကောက်ပွဲပြန်လုပ်ပေးမယ် ပြောထားတာပဲဟာ၊အဲဒီအချိန်မှ ကတိမတည်ရင် အားလုံးဝိုင်းအော်ကြပေါ့.."

ကြိုးချည်ပြီးသွားတဲ့ဖိနပ်ကို နေသားကျအောင်ခါလိုက်ရင်း သူ့မျက်နှာကို တည့်တည့် ပြန်ကြည့်ဖြစ်တယ်။

"အင်း..ထားပါ၊ ဒါနဲ့ ဟိုဘက်ရပ်ကွက်က ကျော်ကြီး နင့်ကိုအဖြေတောင်းတာ ငြင်းလိုက်တယ်ဆို၊သူ့ကို လက်ထပ်ဖို့တောင်းဆိုတာကို နင်ကအဖက်မလုပ်ဘူးဆို.."

"ဟဲ့ ဒီလို ဆေးသမား အရက်သမား လူရမ်းကားကို ငါကအဖက်လုပ်စရာလား၊ မုဒိန်းကောင် ထောင်ထွက်ကို"

"လက်မခံရင် ကားတင်ပြေးမှာလို့ပြောနေတယ်နော်၊ အတင်းအဓမ္မအနိုင်ကျင့်ယူရင် နင်ဘာလုပ်လို့ရမလဲ၊ သူကဇနဲ့ဟ၊အဖော်လူမိုက်တွေလည်းရှိတယ်၊အင်အားမမျှဘူးလေ"

"မမျှလည်း အသေခံပြန်ချမှာပဲ၊ဒင်းလိုကောင်မျိုးတော့ မယူဘူး"

"ပြန်ချလည်း နင်နိုင်မှာမှ မဟုတ်တာ"

"ဟဲ့ မနိုင်ဘူးဆိုတိုင်း ကြယ်သီးအဆင်သင့်ဖြုတ် ငြိမ်ခံပေးနေရအောင် ငါက မိန်းမပျက် မဟုတ်ဘူး၊ အသက်နဲ့ရင်းပြီး ရသလောက်တော့ ပြန်လုပ်မှာပဲ၊ဒီလိုကောင်လက်ထဲတော့ ဘဝအပျက်မခံဘူး"

သူ့အဖြေကိုကြားတော့ အသံထွက်အောင်ရယ်မိရော..။

"ဘာဖြစ်လဲ၊ သူနင့်ကို လူသိရှင်ကြားယူမှာပဲဟာ၊ တကယ်လို့ မကောင်းရင်လည်း တရားဝင်ပြန်ကွာရှင်းပေးပါ့မယ်လို့ အာမခံတယ်လေ၊တစ်နှစ်လောက် ပေါင်းကြည့်ပေါ့၊နင့်ကိုချစ်တဲ့စိတ်နဲ့ သူ့အကျင့်တွေပြင်ချင်ပြင်မှာပေါ့၊ မကောင်းရင် ကွာလိုက်ပေါ့ ၊ အဲချိန် မကွာပေးရင် ငါတို့လည်း ဝိုင်းပြောပေးမှာပေါ့.."

"ဘာ၊ ဘယ်တုန်းကမှ အကျင့်မကောင်းဖူးတဲ့လူကို နောက်ကောင်းချင်ကောင်းလာမှာပေါ့ဆိုပြီး ယူကြည့်ရအောင် ငါကအရူးလား၊ ပေါင်းကြည့်ပြီးမှ မကောင်းလို့မယူတော့ပါဘူး ပြောလို့ရအောင်ကလည်း အဲကောင်က လွယ်လွယ် ပြန်ကွာပေးမယ်တဲ့လား၊ ပြီးတော့ အဲအကောင်က သူ့လက်ထဲက အချိန်တွေမှာ ငါ့ကိုအလှကြည့်ထားမှာမို့လား၊ တစ်နှစ်မပြည့်ခင်ကို ဖွတ်ဖွတ်ညက်ညက်ကြေနေလိမ့်မယ်၊ မတော်လို့ ကလေးပါရသွားရင် ထွက်လာတဲ့ဟာလေးတွေက ပြန်ထည့်လိုမရဘူးဟဲ့ မသာမရဲ့၊ဒါ ဘဝတစ်ခုလုံးနဲ့ဆိုင်တဲ့ကိစ္စဟ၊ငါက လူယုတ်မာရဲ့ မျိုးဆက်ကိုတော့ မမွေးထုတ်ပေးနိုင်ဘူး "

ဒေါသတကြီးနဲ့ လေသံမာလာတဲ့ သူငယ်ချင်းမကို ကြည့်ပြီး တစ်ချက်ပြုံးလိုက်မိတယ်။ 

"အေး..နင့်တစ်ယောက်နဲ့ပဲဆိုင်တဲ့ ဘဝတစ်ခုစာအိမ်ထောင်ရေးတောင်မှ လူကောင်းကိုပဲ နင်လိုချင်ရင်၊ လူယုတ်မာကို စောင့်ကြည့်ဖို့ မယုံကြည်နိုင်ရင် မျိုးဆက်ပေါင်းများစွာရဲ့ အနာဂတ်နဲ့ဆိုင်တဲ့ နိုင်ငံအရေးမှာ ငါတို့ကလည်း သမိုင်းမကောင်းတဲ့လူကို အချိန်ပေး စောင့်ကြည့်ဖို့ ယုံကြည်စရာအကြောင်းမရှိဘူး၊ ခု လက်ရှိကိုတောင်မှ ဘာကတိမှမတည်တဲ့၊ပြည်သူကိုငဲ့ညှာမှုမရှိဘဲ သတ်ချင်သလိုသတ်၊ ဥပဒေကိုလည်း ပြင်ချင်သလိုပြင်နဲ့ အမျိုးမျိုးကလိန်ကျနေတဲ့ လူက တစ်နှစ်ပြည့်ရင် ပြန်ပေးမယ်ဆိုတဲ့စကားကို နင်ကဘာကြည့်ယုံနေတာလဲ၊ဒီကြားထဲ သူလုပ်ချင်ရာလုပ် အနိုင်ကျင့်တာကို ငုံ့ခံနေရမှာလား၊ ဒီလို လူယုတ်မာလက်ထဲ နိုင်ငံကို တစ်နှစ်မပြောနဲ့ တစ်ရက်လေးတောင် မထားချင်လို့ အသက်နဲ့ရင်းပြီးပြန်တိုက်ယူနေရတာပဲ၊ ရှင်းလား"

ဒါမှ မရှင်းသေးရင် လူမလုပ်နဲ့တော့။


Crd..နွေဦးဝိုင်


Friday, 5 March 2021

ဓမ္မအထွေထွေမှတ်စုများ.....(၁၀)


 နမောဿတ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ

ပူဇော်သမျှကိုခံယူတော်မူထိုက်သော အလုံးစုံသော

တရားတို့ကို မဖောက်မပြန် 

ကိုယ်တော်တိုင်သိတော်မူသော မြတ်စွာဘုရား....


လမ်းပေါ်မထွက်တဲ့ အိမ်မှာနေနေကြတဲ့ Gen Z နဲ့ Gen Y တချို့ အိမ်မှာနေရင်း Facebook ချည်းကြည့်ပြီး စိတ်ဖိစီးနေမယ့်အတူ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ တိုင်းပြည်အတွက် ကူနိုင်ပါတယ်.....။

လူတိုင်း...... အိမ်တိုင်း .....

ပဋ္ဌာန်း (၂၄)ပစ္စည်း ကို 

တနေ့ ... (၃)ကြိမ်ရွက်ဆို ပူဇော်၍ 

အန္တရာယ်တွေကို ကျော်လွှားကြပါစို့။


🔅 ပဋ္ဌာန်း (၂၄)ပစ္စည်း 🔅


ဟေတုပစ္စယော = ဟိတ်ခြောက်ပါးဖြစ်၍ ပစ္စယုပ္ပန်တရားတို့အား အမြစ်သဖွယ် ကျေးဇူးပြုတတ်သော တရားလည်းကောင်း။

(ရေသောက်မြစ်လျှင်၊ ယင်းသစ်ပင်ကို၊ စည်ပင်စေမှု၊ ကျေးဇူးပြု၊ ဟေတုပစ္စည်းခေါ်)


အာရမ္မဏပစ္စယော = အာရုံခြောက်ပါးဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။

(တောင်ဝှေးကြိုးတန်း၊ သူမစွမ်းကို၊ မပန်းစေရစေ၊ ထိုင်ထစေမှု၊ ကျေးဇူးပြုပြန်၊ အာရမ္မဏခေါ်)


အဓိပတ္တိပစ္စယော = အကြီးအမှူးဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။

(စကြာမင်းရှင်၊ အုပ်စိုးသွင်သို့၊ ပြိုင်ရှင်မရှိ၊ စိုးအုပ်ဘိ၊ အဓိပတိခေါ်)


အနန္တရပစ္စယော = အခြားမဲ့ (တဆက်တည်း အကြားမရှိ) ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။

(စကြာမင်းဖျား၊ နတ်ရွာလားသော်၊ သားကြီးနန်းရ၊ ဖြစ်ရပမာ၊ ခြားရာမရှိ၊ ကျေးဇူးရှိ)


သမနန္တရပစ္စယော = ကောင်းစွာ အခြားမဲ့ (တဆက်တည်း အကြားမရှိ) ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။

(စကြာမင်းဖျား၊ တောထွက်သွားသော်၊ သားကြီးနန်းရ၊ ဖြစ်ရပမာ၊ ခြားရာမရှိ၊ ကျေးဇူးရှိ)


သဟဇာတပစ္စယော = အတူတကွ ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း၊

(ဆီမီးတောက်သော်၊ အလင်းပေါ်သို့၊ ထို့တူတသီး၊ ပစ္စည်းပစ္စယုပ္ပန်၊ အတူဖြစ်ဟန်ကို)


အညမညပစ္စယော = အချင်းချင်းအပြန်လှန် ကျေးဇူးပြုတတ်သော တရားလည်းကောင်း၊

(သစ်သားသုံးခွ၊ ချင်းချင်းမသို့၊ အညမညံ၊ ပြန်လှန်သမှု၊ ကျေးဇူးပြု)


နိဿယပစ္စယော = မှီရာဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း၊

(သစ်ပင်တည်ရာ၊ မြေပမာလျှင်၊ မှီရာတည်မှု၊ ကျေးဇူးပြု)


ဥပနိဿယပစ္စယော = အားကြီးသော အကြောင်းဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။

(မိုးကြီးပမာ၊ သတ္တဝါတွေ၊ တည်နေနိုင်မှု၊ ကျေးဇူးပြု၊ ဥပနိဿယခေါ်)


ပုရေဇာတပစ္စယော = ရှေး၌ ဖြစ်နှင့်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။

(ကမ္ဘာဦးက၊ နေနှင့်လသို့၊ ရှေ့ကဖြစ်လာ၊ နောက်ကဖြစ်လာသည့်၊ တရားစုစု၊ ကျေးဇူးပြု)


ပစ္ဆာဇာတပစ္စယော = နောက်၌ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။

(လင်းတငယ်သော်၊ အစာမျှော်သို့၊ နောက်ပေါ်လာသည့်၊ ပစ္စည်းတရားစု၊ ကျေးဇူူးပြု)


အာသေဝနပစ္စယော = အဖန်တလဲလဲ မှီဝဲထုံအပ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။

(ရှေးရှေးထုံထား၊ နံ့သာလားသို့၊ ရှေ့ဖျားကျမ်းဂန်၊ လေ့လာသန်လပ်၊ နောက်ထပ်ကျမ်းဂန်၊ အမြင်သန်သည်၊ ဧကန်အာသေဝနသဘောတည်း။)


ကမ္မပစ္စယော = အကြောင်းကံဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။

(မျိုးစေ့အလား၊ ပမာထား၍၊ နှစ်ပါးသောကံ၊ အခြေခံကာ၊ ဝေဘန်သမှု၊ ကျေးဇူးပြု)


ဝိပါကပစ္စယော = အကျိုးဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။

(ချမ်းရိပ်နားနေ၊ သွန်းလေပြေသို့၊ ကံနေအလား၊ အဖြစ်များမှု၊ ကျေးဇူးပြု)


အာဟာရပစ္စယော = ထောက်ပံ့ ခိုင်ခံစေတတ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။

(အိမ်ကို ကျားကန်၊ ဖြစ်ရဟန်သို့၊ သဏ္ဍာန်တူစွ၊ ထောက်ပံ့မသည့်၊ အာဟာရဖြစ်မှု၊ ကျေးဇူးပြု။)


ဣန္ဒြိယပစ္စယော = အစိုးရသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။

(မိမိဆိုင်ရာ၊ ကိစ္စမှာလျှင်၊ ကောင်းစွာစိုးရ၊ ဖြစ်ရစင်စစ်၊ ပဒေသရာဇ်၊ စိုးအုပ်လှစ်သို့)


ဈာနပစ္စယော = ကမ္မဋ္ဌာန်းအာရုံသို့ကပ်၍ စူးစူးစိုက်စိုက် ရှုတတ်သည်၏ အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရားလည်းကောင်း။

(သစ်ပင်တောင်ငူ၊ တတ်သသူသည်၊ အောက်သူတို့အား၊ ကြည့်ပြောငြားသို့။)


မဂ္ဂပစ္စယော = သံသရာမှ ထွက်မြောက်ကြောင်းနည်းလမ်းဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။

(ပမာကူသို့၊ ဆောင်ယူပို့သို့၊ ထို့တူနိဗ္ဗာန်၊ ရောက်ကြောင်းမှန်ပြု၊ ကျေးဇူးပြု။)


သမ္ပယုတ္တပစ္စယော = ယှဉ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။

(စတုမဓူ၊ ရောသည့်တူပေ၊ စိတ်စေနှစ်ပါး၊ ခွဲခြားမရ၊ ယှဉ်ကြသမှု၊ ကျေးဇူးပြု။)


ဝိပယုတ္တပစ္စယော = မယှဉ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။

(ရသခြောက်ပါး၊ ရောစပ်ထားသို့၊ ခြားနားမတူ၊ ဖြစ်ဟန်မူသို့၊ ထို့တူမခြား၊ ကျေးဇူးပြု။)


အတ္ထိပစ္စယော = ထင်းရှားရှိဆဲဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။

(မြင့်မိုရ်မြေကြီး၊ ထောက်ပံ့နည်းသို့၊ ပစ္စည်းသတ္တိ၊ ကျေးဇူးရှိ၊ အတ္ထိပစ္စည်းခေါ်။)


နတ္ထိပစ္စယော = မရှိသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။

(ငြိမ်းသေလေပြီး၊ ဆီမီးတန္တု ကျေးဇူးပြုသို့၊ ထို့တူမှတ်ဘိ၊ မရှိသမှု၊ ကျေးဇူးပြု။)


ဝိဂတပစ္စယော = ကင်းမဲ့ချူပ်ပျောက်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။

(နေရောင်ပျောက်ကင်း၊ လရောင်လင်းသို့၊ ချုပ်ကင်းလေမှု၊ ကျေးဇူးပြု။)


အဝိဂတပစ္စယော = မကင်းသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။

(သမုဒ္ဒရာ၊ ငါးပျော်ရာသို့၊ မကင်းသောအား၊ ယင်းတရားစု၊ ကျေးဇူးပြု။)


ဣတိ၊ ဤသို့။ စတုဝီသတိ ပစ္စယာ၊ နှစ်ဆယ့်လေးပစ္စည်းတို့သည်။ မဟာပကရဏေ၊ အနန္တနယ သမန္တ မဟာပဋ္ဌာန်းကျမ်းကြီး၌။ ဌိတာ၊ တည်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။

 

Source : DhammaDownload

Thursday, 4 March 2021

နွေဦးနိမိတ်.....

  



ခူးလိုက်တာတော့ နှင်းဆီပဲ...ဒါပေမယ့် 

ဘယ်ဘက်လက်မှာ သစ္စာပန်း

ညာဘက်လက်မှာ ဗေဒါပန်း


မြူတွေကြားထဲ တိုးထွက်လာတဲ့ 

အလင်းအရိပ်လေးကိုကြည့်လိုက်တော့ ...

( ဟာ! ) ..... အမေ 


လျှောက်လှမ်းလာတဲ့ အမေ့ခြေလှမ်းတွေဟာ 

အရင်လို ပေါ့ပါးသွက်လက်စွာနဲ့ 

ကလေးတွေကြားမှာ ပြုံးပျော်နေလိုက်တာ


အမေ့အလုပ်စားပွဲမှာ 

သစ္စာပန်းလေးထိုးထားပေးမယ်။

ဗေဒါပန်းကတော့ အမေ့ကိုပေးဖို့ ပြီးတော့ ...

ပန်းပေးရင်းနဲ့ နွေးထွေးစွာ 

တင်းတင်းကြပ်ကြပ်လေး ပွေ့ဖက်မယ်လို့ ကြံရွယ်...


အမေပြန်လာလို့ ဝမ်းသာတယ် ` အမေ´...။


ဒေါင်းတောင်

4-3-2021

9:01 AM


ကဗျာမရေးတာကြာပြီဖြစ်တဲ့ ထာဝရစာဖတ်သူလေးဆီက ခွင့်တောင်းကူးယူထားတာပါ...တန်ဖိုးမဖြတ်နိုင်တဲ့ အမေ့အတွက်လှပတဲ့ နွေဦးကဗျာတစ်ပုဒ်ကို ဖန်တီးပေးခဲ့လို့ ကျေးဇူးအကြီးကြီးတင်ပါတယ်....:)


Wednesday, 3 March 2021

နွေဦးတော်လှန်ရေး(၅).....



မနေ့က စမ်းချောင်းကျွန်တောလမ်း မှာ (၃)နာရီ လောက်က အစောကြီး ဆန္ဒပြ ပွဲပြီးသွား ပါတယ်...။

GZ တစ်ယောက် hand Speaker နဲ့ ခပ်လှမ်းလှမ်း က စစ်သားတွေ ကို လှမ်းပြောပြ နေတာလေး ကို သဘောကျ လို့ မျှဝေ ပါရစေ....။

အောက်မှာစစ်သားများ ရှိလို့ Video ရိုက်ခြင်း၊ဓါတ်ပုံ ရိုက်ခြင်းကိစ္စအဆင်မပြေ လို့၊မှတ်မိသလောက် မျှဝေပါရစေ......။

အကိုတပ်မတော်သား တို့

ကျွန်တော်တို့ဟာ ကျောင်းသားလူငယ်တွေပါ၊အစ်ကိုတို့ ဟာ ကျနော်တို့ထက် အသက်အရွယ် လည်းကြီးပါတယ်၊ လက်နှက်တွေ လည်းကိုင်ထား ပါတယ်၊ ကျနော်တို့မှာ အပ်တို တစ်ချောင်းတောင် မှ မပါပါဘူး၊ကျနော်တို့ဟာ ငြိမ်းချမ်းစွာ နဲ့ ဆန္ဒပြ တောင်းဆို နေတာတွေဟာ ကျနော်တို့ အနာဂါတ် အတွက်၊ညီလေး၊ညီမလေး တွေ အတွက်၊နောင်လာ နောက်သားတွေ အတွက်ပါ....။

ကျတော်တို့ရဲ့ အမေ ဒေါ်အောင်ဆန်းစုကြည် ကလည်း အကြမ်းဖက် မှုကို မလိုလား ပါဘူး၊

အကြမ်းဖက် ရန်လိုနေသူတွေဟာ ပြသနာဖြစ်စေချင်တဲ့ ဒရှိုတွေပါ၊

ကျနော်တို့က ရိုးသားတဲ့ လူငယ်တွေပါ၊

အကြမ်းဖက်လိုစိတ် မရှိကြပါဘူး၊

မြန်မာပြည်ကြီးဟာ အရင် (၈၈)တုန်းက ပုံစံမျိုးမဟုတ်ပါဘူး၊

(၂၁)မှာ အဲ့လို လုပ်လို့မရပါဘူး၊ကမ္ဘာကြီးဟာ ရွာကြီးတစ်ရွာ ဖြစ်သွားပါပြီ၊

အမိမြန်မာနိုင်ငံကြီး ကို အမြန်ဆုံးတိုးတက် စေလိုပါပြီ၊

အရာရာနောက်ကျ ကျန်ရစ်ခဲ့ရတဲ့ အကြောင်းအရင်း ဟာလည်း အာဏာရှင် စစ်အစိုးရ ကြောင့် သာဖြစ်ပါတယ်၊

အကိုတပ်မတော်သား တို့ လွယ်လွယ်လေး စဉ်းစားကြည့်၊အစ်ကိုတို့ မှာပင်ပန်းဆင်းရဲစွာ စစ်တိုက်နေရသော်လည်း ကနေ့အထိ အိမ်တစ်လုံး မပိုင်သေးပါဘူး၊

စစ်ခေါင်းဆောင် လူကြီးပိုင်းသာ ထားစရာ မရှိအောင် ချမ်းသာကြ၊

သားသမီးတွေ ကို နိုင်ငံခြားမှာ သွားထားကြ နဲ့

ရှင်းရှင်းပြောပါ့မယ် သူတို့ရဲ့သားသမီးတွေ စစ်သားလုပ်ခိုင်းလား၊စစ်ထဲ ဝင်ခိုင်းလား၊ရ

ကျနော်တို့ အစ်ကို နဲ့က ရန်သူတွေမှ မဟုတ်တာ၊ဘာလို့ သေနတ် တစ်ကားကား နဲ့ ပစ်ချင်နေရတာလည်း ဗျာ၊

ကျန်တဲ့ အပိုင်းတွေ ကိုတော့ အစ်ကိုတို့ ဂျူတီပြီးတဲ့ အချိန်ကျ ဆက်စဉ်းစား ကြည့်ပါ၊

ဘာပဲ ဖြစ်ဖြစ် အစ်ကိုတို့ မှာမိသားစု တော့ ရှိကြမှာပါ ပဲ၊

အကောင်းနဲ့ အဆိုး၊

အမှန် နဲ့ အမှား၊

ဓမ္မ နဲ့ အဓမ္မ မှာ

လူများ စု ရှိနေတာက ဘယ်ဘက်က လည်း၊ငါတို့ ဘယ်ဘက်မှာ နေသင့်လည်း ဆိုတာ ဦးနှောက် ရှိတဲ့ လူသား တစ်ယောက် အနေ နဲ့ စဉ်းစား ချင့်ချိန် နားလည်နှိုင်ကြပါစေ၊

ကနေ့ အတွက် ကျေးဇူးတင်ပါတယ်၊

ကျနော်တို့က တော့ ကျနော်တို့ လိုချင်တာ မရမချင်း ဆက်တိုက် နေဦးမှာပါ ဆိုပြီး

ကြွေကြော်သံများ ဖြင့် အဆုံးသပ် သွားပါတယ်၊

Congratulations ပါ GZ

Credit:













#3.3.2021_7:00PM 

ယနေ့ ကျဆုံးသွား‌သော အာဇာနည်များ 😭😭

စုစုပေါင်း - 61 ဦး ကျဆုံး 💔
Yangon - 22 💔
Dawei - 4 💔
Myeik - 5 💔
Bago - 2 💔
Mandalay - 10 💔 
Mawlamyine - 2 💔
Pakkoku - 1 💔
Nay Pyi Taw - 1 💔
Htan Talan - 1 💔
Taung Twin Gyi - 1 💔
Myingyan- 2 💔
Monywa - 9 💔
Salin - 1 💔

#BLACK WEDNESDAY❗ 😢😢😢

ကျေးဇူးပြုပြီးဒါလေး ပြိုင်တူတင်ကြရအောင်
မရှဲပါနဲ့ ကိုယ့်ဝေါမှာ ကိုယ်ပြန်တင်ပါ။ 😥

#HowManyDeadBodyNeedForUNtoTakeAction
#March3Coup 
#WhatsHappeningInMyanmar
#RejectMilitaryCoup
#SaveMyanmar


Sunday, 28 February 2021

နွေဦး.....(၁၁)





နွေဦးမနက်ခင်းမှာ  မြူတွေကြားတိုးဝှေ့လင်းဖြာရတဲ့ နေခြည်နုတွေက သိပ်လှတာပဲ.....။

အိန်ဂျယ်ရေ........မင်းဘယ်ရောက်နေလဲ

နွေဦးမှာ မြက်ပင်တချို့ခြောက်သွေ့ တချို့စိမ်းလန်း မြူငွေ့တွေလွှမ်းခြုံထားခံရလို့ ချမ်းနေလေရော့လား...
နွေဦးလေပြေကတော့ တသုန်သုန်တိုက်ခတ်နေလေရဲ့....အိန်ဂျယ်
အဝါနုရောင် မှိုင်းမှုန်နေတဲ့ ပတ်ဝန်းကျင်အနေအထားဟာလည်း မိုးရာသီမှာမြင်တွေ့နေကျ မိုးခိုးရောင်တွေလိုပဲ လွမ်းစိတ်ကို တိုးတိတ်နဲ့ တရိတ်ရိတ်တက်စေတာပဲ....

နွေဦးရောက်တိုင်း မနက်နိုးထလာတဲ့အခါ မြင်တွေ့ရတဲ့ မြင်ကွင်းတစ်ခုကို နှစ်စဉ်နှစ်တိုင်း ရုပ်ရှင်တစ်ကားလိုသိမ်းဆည်းထားပါတယ်...။

ဘယ်လိုပဲဖြစ်ဖြစ် ဒီနှစ်လည်း လူမသိသူမသိ အိန်ဂျယ်ရောက်လာလိမ့်မယ်လို့ ကိုယ်ယုံကြည်ပါတယ်...။ 
Take Care ပါ အိန်ဂျယ်ရေ........



🎵♬ နွေဦး....နဲ့ လေရူး....မမေ့ဘူး....ထားခဲ့သူ
ငါ့အနားက ထွက်သွား....ဒီအချစ်များ အလှမ်းဝေးကွာ...🎵♬


@@@@@







မိုးငွေ့

Milk Tea Alliances.....



 





















အရေးတော်ပုံ အောင်ရမည်......💪 💪