Friday, 27 May 2016
Monday, 23 May 2016
ဒီမိုး.....
မိုးစက်တွေ အိပ်စက်နေကြတုန်းပဲ အိန်ဂျယ်......
နွေခေါင်ခေါင်မှာ ကိုယ်တစ်ယောက်တည်းပဲ မိုးတွေရွာချနေခဲ့တယ်...
မင်းကတော့ ပင်လယ်ပြင်မှာ ပေါလောမျောပြီး မုန်တိုင်းကြားထဲ သက်စွန့်ဆံဖျား ခရီးဆက်နေရတုန်းပေါ့...။
မိုးကို ကိုယ်စောင့်နေတယ်...
ဒီမိုးကျရင် မင်းနဲ့ပတ်သက်မယ့် မိုးကဗျာတွေ တသီကြီး ရေးခွင့်ရမယ် ထင်တာပဲ...။
လောလောဆယ်တော့ ....
ကိုယ်ဟာ နွေကန္တာရထဲ အထီးကျန်နေဆဲပေါ့...
အိန်ဂျယ် ဖန်ဆင်းမယ့်နေ့ညတွေကို စောင့်မျှော်နေရင်းပေါ့....
မြက်ပြင်စိမ်းစိမ်းပေါ်က ဖက်ဆွတ်မိုးတွေကို ခြေဗလာနဲ့နင်းဖို့ စိတ်ကူးယဉ်ရင်းနဲ့ပေါ့...
မိုးငွေ့
Friday, 13 May 2016
မလိုချင်ဘူး စစ်.....
Tuesday, 3 May 2016
Tuesday, 26 April 2016
နွေရာသီအနုပညာ..... (၁၂)
~Primrose လေးများ မျိုးသုဉ်းသွားသောအခါ
~သူအပျင်းပြေခူးဆွတ်ရန် ကျနော့်နှလုံးသားကို အစားထိုးလွှင့်ထားပြီး
~သူအပျင်းပြေမွှေးကြူရန် ကျနော့်ပါးပြင်ကို ပွင့်ထားခဲ့သည်
~သို့သော်..
~သူသည် နှလုံးသားကိုဓားနှင့် တမြည့်မြည့်ထိုး၍
~ပါးကို ဖြန်းခနဲမြည်အောင် ရိုက်သွားခဲ့၏
~ကျနော့်အိပ်မက်အိုးလေး ဗြန်းဗြန်းကွဲခဲ့တဲ့ပေါ့။ ။
ရေးသားသူ ။ ။ Craton
Thursday, 21 April 2016
နွေရာသီအနုပညာ..... (၁၁)
~နွေရာသီအဝေးပြေးလမ်းမများကို ရူးသွပ်သူ
~နွေရာသီ၏ အပွင့်အလင်းအတက်အဆင်းကို ချစ်သူ
~နွေမြက်ပင်တို့၏ စိမ်းလန်းဝါခြောက် တလှည့်စီသိမ်မွေ့နေမှုကို ဂရုထားသူ ~နွေရာသီတွင် ကော်ဖီပိုသောက်သူ
~နွေရာသီအောက်ရှိ အိမ်သေးသေးလေးများကို ငေးသူ
~နွေရာသီကို ကဗျာစပ်သူ
~နွေရာသီသစ်ရွက်များအကြောင်း မှတ်တမ်းတင်ထားချင်သူ
~နွေရာသီကို တစ်ယောက်တည်းကုန်ဆုံးရမှ ပျော်ရွှင်သူ
~နွေရာသီ တိတ်ဆိတ်အေးချမ်းစွာ အမြဲလှပနေပါစေဟု ဆုတောင်းသူ
~နွေရာသီကို မော့ကြည့်သူ
~နွေရာသီကို မျှော်လင့်စောင့်စားသူ
~နွေရာသီကို ပြုံးရွှင်စွာ ကြိုဆိုသူ
~ကျွန်တော့်ကို ဆောင်းရာသီ ရက်တစ်ရက်မှာ မွေးပါသည်။ ။
ရေးသားသူ။ ။ Croton
Friday, 8 April 2016
နွေရာသီအနုပညာ.....(၉)(၁၀)
"နွေရာသီအနုပညာ (၉)"
လူထဲသူထဲ နွေနေပူထဲ ပြုတ်ထွက်သွားတဲ့ ကျွန်မဒေါက်ဖိနပ်ကို ကယ်တင်ပေးခဲ့ရာက
ကျွန်မဘဝထဲ စတင်ဝင်ရောက်လာတဲ့ အမျိုးသမီးကို
ဒီနေ့ပဲ ကျွန်မ နွေနေပူထဲ လူထဲသူထဲမှာ နမ်းခဲ့တယ်
ကျွန်မအမျိုးသား ဘယ်နည်းနဲ့မှ မစွမ်းသာတဲ့ ရင်ခုန်မှုမျိုးနဲ့ပေါ့
သူဘယ်တော့မှ သိလိမ့်မယ်မဟုတ်တဲ့ သူမနဲ့ကျွန်မရဲ့ နွေဒိုင်ယာရီတွေ
အဲ့နေ့ကစပြီး ကျွန်မ တိတ်တိတ်ပုန်း ရေးဖြစ်ခဲ့တယ်။ ။
ရေးသားသူ ။ ။ Craton
"နွေရာသီအနုပညာ (၁ဝ)"
ခရမ်းရောင်ပန်းတစ်စည်းနဲ့ ပျစ်ပျစ်ကလေးဖျော်ထားတဲ့ ကျွန်တော့်ရဲ့ညတွေ
မျှော်လင့်ချက်တွေဟာ အရောင်မဲ့ဆိုရင်
သူ့အတွက် ဖွင့်ချထားတဲ့အခန်းတံခါးတွေဟာ ဘာရောင်လဲ..
နွေဟာ ရက်ရက်စက်စက် ပျတယ်။
ရေးသားသူ ။ ။ Craton





