~နွေရာသီအဝေးပြေးလမ်းမများကို ရူးသွပ်သူ
~နွေရာသီ၏ အပွင့်အလင်းအတက်အဆင်းကို ချစ်သူ
~နွေမြက်ပင်တို့၏ စိမ်းလန်းဝါခြောက် တလှည့်စီသိမ်မွေ့နေမှုကို
ဂရုထားသူ ~နွေရာသီတွင် ကော်ဖီပိုသောက်သူ
~နွေရာသီအောက်ရှိ အိမ်သေးသေးလေးများကို
ငေးသူ
~နွေရာသီကို ကဗျာစပ်သူ
~နွေရာသီသစ်ရွက်များအကြောင်း မှတ်တမ်းတင်ထားချင်သူ
~နွေရာသီကို တစ်ယောက်တည်းကုန်ဆုံးရမှ ပျော်ရွှင်သူ
~နွေရာသီ တိတ်ဆိတ်အေးချမ်းစွာ အမြဲလှပနေပါစေဟု
ဆုတောင်းသူ
~နွေရာသီကို မော့ကြည့်သူ
~နွေရာသီကို မျှော်လင့်စောင့်စားသူ
~နွေရာသီကို ပြုံးရွှင်စွာ ကြိုဆိုသူ
~ကျွန်တော့်ကို ဆောင်းရာသီ ရက်တစ်ရက်မှာ
မွေးပါသည်။ ။
ရေးသားသူ။ ။ Croton
No comments:
Post a Comment