တက္ကသိုလ်ကျောင်းနဲ့ ဝေးကွာနေပြီဖြစ်ပေမယ့် ကျောင်းတော်ကြီးအနားပတ်ဝန်းကျင်ရှိတဲ့ လမ်းမတွေကို နေ့စဉ်ဖြတ်သန်းနေရတော့ ကျောင်းဆောင်တွေ စိန်ပန်းပင်တွေ အထူးသဖြင့် အခုလိုနွေရာသီမှာ အရွက်မရှိ ပင်လုံးကျွတ်ဝင်းဝါနေတဲ့ ငုဝါပင်တွေကို မြင်ရတော့ စိတ်ထဲမယ် ကျောင်းတော်နဲ့မဝေးဘူးလို့လည်း ခံစားမိတယ်....။ မနေ့က ရုံးကညီမလေးတစ်ယောက် တက္ကသိုလ်ဝင်းထဲက ဧကရီဆောင်မှာ BE.d သင်တန်းလာတက်တဲ့ သူ့ငယ်သူငယ်ချင်းရောက်နေလို့ သွာတွေ့ရင်းနဲ့ အဝေးသင်ကျောင်းဝင်းထဲကိုရောက်ဖြစ်ခဲ့တယ်....။ တက္ကသိုလ်ဖက် ဝင်ပေါက်ကနေဝင်တော့ ဘယ်ဘက်က တက္ကသိုလ်ရေကူးကန်ပြီးရင် ဘောလုံးကွင်းရှိတယ်....။ ကျမတို့ ကျောင်းတက်တုန်းက ကျမတို့ RC3 က မေဂျာပေါင်းစုံ ဘောလုံးပြိုင်ပွဲရှိတယ်....။ အဲနေ့မနက်က ပထဝီမေဂျာက ကျမ Crush လေး Botany မေဂျာနဲ့ ဘောလုံးကန်ပြိုင်ကြတာကို ဝီရိယကောင်းကောင်းနဲ့ သွားအားပေးခဲ့တယ်...။ ကျမက Zoology ကိုယ့်မေဂျာက မဟုတ်ဘဲ လာအားပေးလို့ ကျမကို ဘယ့်သူလာအားပေးလဲဆိုပြီး စပ်စုကြသေးတယ်...။ ဟော...ဟိုက ဂိုးတိုင်နားမှာ ဘောလုံးဖမ်းဖို့စောင့်နေတဲ့ ပထဝီမေဂျာက ဂိုးသမားလေးကိုလာအားပေးတာလို့...။ ဘောလုံးကွင်းလေးက တော်တော်ဟောင်းနေပြီး ပြုပြင်ထားပုံလည်းမရဘူး ဒါပေမယ့် ကလေးတွေ ဝတ်စုံပြည့်နဲ့လာကန်နေတာ အပြန်ကျတော့တွေ့တယ်....။ သတိရလိုက်တာ အဲအချိန်လေးတွေကို ပြန်မရနိုင်တော့တဲ့ ကြည်နူးစရာအချိန်လေးတွေ...။
ဒီသီချင်းက တစ်နှစ်နေမှတစ်ခါလောက်တောင်မဆုံဖြစ်ကြတဲ့ သူငယ်ချင်းတွေစုံလို့ ကာရာအိုကေသွားဟစ်ကြရင် ဆိုနေကျသီချင်းလေးတစ်ပုဒ်ပေါ့...။
Revolution will prevail
မိုးငွေ့
No comments:
Post a Comment