ကျနော် ဒီသီချင်းကို ကျနော်အခုမောင်းနေတဲ့ကားထဲက CD ကနေ နေ့တိုင်းနားထောင်ဖြစ်နေတာ ခံစားမှုအားကောင်းတယ် နားထောင်သူကိုမျောစေတယ် သံစဉ်တွေလှတယ် အဆိုရှင်ဘယ်သူမှန်းကျနော်မသိဘူး သီချင်းနာမည်မသိတော့ You Tube ကနေဘယ်လိုမှသွားရှာလို့မရဘူး ဒါနဲ့ကျနော်အရမ်းသိချင်လာလို့ CD ဘမ်းထားတဲ့ ကျနော့်မောင်လေးကိုမေးလိုက်တော့မှ အဆိုတော်နာမည်က "လူခေတ်" တဲ့ လွန်ခဲ့တဲ့နှစ်နှစ်ကမှ တင်ထားတဲ့သီချင်းလေး တစ်ပုဒ်ကောင်းလေး လူသိပ်မသိလို့မပေါက်တာ....။ တကယ်တမ်းကျ သူ့သီချင်းလေးက သီချင်းကောင်းလေးတစ်ပုဒ်ပါ...။ ကျနော့်လို ဆယ့်နှစ်ရာသီအလွမ်းအဆွေးသမားမို့လည်း ကြိုက်တာနေမယ်...။
🎵 🎵 မင်းရဲ့အနား အရိပ်လိုပဲ
လိုက်လို့စောင့်ရှောက်ချင်တယ်
အကြင်နာစစ်ပါတယ်
မင်းအတွက် အဆင်သင့်ရှိချင်ပါတယ် ဟေ့🎵🎵
သူငယ်ချင်းကနေ ချစ်သူဖြစ်သွားတဲ့သူတွေအတွက်ရော ချစ်သူကနေ သူငယ်ချင်းပြန်ဖြစ်သွားတဲ့သူတွေအတွက်ပါ အဆင်ပြေနားထောင်ကောင်းတဲ့ သီချင်းလေးတစ်ပုဒ်ပါပဲ...။ ကျနော်က Rap နှစ်သက်သူမို့ Rapping ပါတဲ့ R&B ဆန်ဆန်သီချင်းတွေကိုဆို သိပ်ကြိုက်တာ...။
ရာသီဥတုအရမ်းပူတယ် ဂရုစိုက်ပါ....
Revolution will prevail
မိုးငွေ့
No comments:
Post a Comment