Monday, 18 September 2023

My Doodles Art (4).....






Doodle ကိုဆွဲဖန်များလာတော့မှပဲ ကျမ ဘယ်လိုပုံမျိုးကိုဆွဲရတာ ပိုကျွမ်းကျင် ပိုသဘောကျတယ်ဆိုတာ သိလာရတယ်...။ အရင် ဘလော့စရေးခါစက ဘယ်လိုစာအမျိုးစားကို ရေးရတာပိုအားသန်လဲ သိရသလိုပေါ့...။ Doodle မှာ ကျမက မျဉ်းကွေးနဲ့ စက်ဝိုင်းပုံတွေမှာ ပိုအားသန်တယ်ဆိုတာ ခုနောက်ပိုင်းဆွဲရင်းနဲ့ နားလည်လာတယ်..။ အဲဒီလိုပုံမျိုးဆွဲရတဲ့အချိန်မှာ စိတ်ခံစားမှုက ကျေနပ်အားရပျော်ရွှင်မိတယ်...။ တကယ်က ကျမ ပန်းချီပညာကို အခြေခံလေးတောင် မတက်ခဲ့ဖူးပါဘူး...။ ပုံဆွဲရတာကို နှစ်သက်တာကတော့ ဟိုး..ကလေးဘဝကတည်းကဆိုတာ သတိထားမိတယ်...။ ကျောင်းတက်တော့လည်း ပျင်းရင် စာအုပ်အလွတ်တွေမှာ ပုံတွေဆွဲတတ်တယ်...အဲလိုပေါ့...။ Doodle ကိုဆွဲရတာက စိတ်ဖြေရော့စေတယ် အရာရာကို မေ့သွားစေတယ်...ပြီးတော့ ပျော်တယ်...။



































































 

No comments: