သူငယ်ချင်းအိမ်က ရေခဲသေတ္တာမှာ ကပ်ထားတာ သဘောကျလို့ရိုက်လာတာ
ဒါက ညက KL ကနေ KB ကိုရောက်ပြီး ရေမိုးချိုး ထမင်းဝိုင်းမှာ စကားထိုင်ပြောရင်း သူငယ်ချင်းအိမ်ရှင်က ဧည့်ခံတဲ့ ကော်ဖီနဲ့ ဒူးရင်းသီး Tart မုန့်
ဒီတပို့စ်ကတော့ အစားအသောက်တွေများမယ်...။ ကျွန်မက အချက်အပြုတ်
အစားအသောက် ၀ါသနာပါတော့ ရောက်လေရာအရပ်မှာ wet market ကိုတော့
ရောက်အောင်သွားတယ်..။ ခုလည်း KB ကိုရောက်ပြီး နောက်တစ်နေ့မနက်မှာပဲ
သူငယ်ချင်းက သူ့သမီးလေး ကျောင်းလိုက်ပို့ရင်း
ရှမ်းခေါက်ဆွဲချက်ကျွေးမှာမို့ ဈေးထဲ ခေါက်ဆွဲဖတ်နဲ့ လိုတဲ့ အသီးအရွက်တွေ
သွားဝယ်မယ်ဆိုလို့ ညကတည်းက လိုက်ခဲ့မယ်လို့ ကြိုတင် ဘိုကင်ထားခဲ့တာ..။
ကျန်တဲ့ သူငယ်ချင်းတွေအားလုံးက ခရီးပန်းပြီး အိပ်ကြတာ ကျွန်မတစ်ယောက်ထဲ
ငါးနာရီခွဲကတည်းက နိုးပြီး အိမ်ရှင်သူငယ်ချင်းနဲ့ သမီးလေးကျောင်းလိုက်ပို့
ပြီးတော့ ပန်းခြံလေးထဲမှာ မိုးမလင်းခင်ထိ လမ်းလျှောက်ကြသေးတယ်..။
လမ်းလျှောက်ရင်း ဒီပန်းခြံလေးထဲက အပင်တွေအကြောင်းပြောဖြစ်ကြတယ်..။ ဒေါ်ခင်နှင်းယုစာအုပ်ထဲမှာ အမြဲပါတတ်တဲ့ ပုန်းညက်တို့ ခွာညိုတို့ ကရမက်ပန်းတို့ ဆိတ်ဖလူးပန်းတို့...။ မလေးမှာ
နေက မနက် ၇နာရီခွဲမှထွက်တာ...။ ဈေးထဲစ၀င်တော့ ကျွန်မတို့ဆီကလိုပဲ တောဈေးသယ်လေးတွေ အောက်မှာထိုင်ရောင်းနေကြတာ..။ အစကတော့ ကျွန်မ ကင်မရာယူလာမလို့ပါပဲ..မလေးမှာ ခါးပိုက်နှိုက်ပေါတယ် နိုင်ငံရေးမကောင်းဘူးနဲ့ သတိထားဖို့ ပြောကြတော့ ကင်မရာမယူလာဖြစ်တော့တာ..။ ဒါနဲ့ ဖုန်းနဲ့ပဲပုံတွေရိုက်လိုက်ရတယ် နည်းနည်းတော့ သီးခံကြည့်ကြပါနော်..။
အ၀ိုင်းလေးနဲ့အထုပ်တွေက ကြသံကာတွေ
ခြံထွက်သီးနှံတွေနဲ့ကြံသကာတွေ
ကြက်သွန်ဖြူအနုကို အပင်လိုက် အချဉ်စိမ်ထားတဲ့အထုပ်
အသီးရွက်စိမ်းစိမ်းစိုစိုတွေ
ကျွန်မတို့ဆီမှာတောင် အဲလို ကြက်သွန်နီဥအစီးလိုက်တွေမရှိဘူး သူတို့ဈေးလေးက သိပ်သဘာဝဆန်တယ်
ဂေါ်ဖီထုပ်ပေါက်စနလေးတွေ
ကောက်ညှင်းထုပ်လေးတွေ
ဇလုံထဲက ကောက်ညှင်းကစော်ထုပ်
ငါးအူချောင်းတဲ့
မုန့်ဆီကြော်လိုမုန့်မျိုးတွေ
ဘာမုန့်လဲမသိ ရိုက်သာရိုက်လိုက်တယ်
မုန့်အချိုလေးတွေ စုံပလုံစေ့
မလေးအုန်းနို့ခေါက်ဆွဲ
ပိန်းဥပြုတ်
သီဟိုဠ်ရွက်နုလေးတွေ
ဂုံးလှော်တဲ့
သာခွေယိုင်နဲ့ အုန်းနို့အချိုပွဲတွေ
ဒညင်းသီးဆားစိမ် ဘဲဥဆားစိမ်တွေ
ဒညင်းသီးဆားစိမ်အောက်က အနှစ်က ဒူးရင်းသီးငါးပိထောင်းနှစ်တွေ
စေျးကပြန်ရောက်တော့ အိမ်ရှင်သူငယ်ချင်းချက်ကျွေးတဲ့ ရှမ်းခေါက်ဆွဲစားကြ
ဈေးက၀ယ်ခဲ့တဲ့ ကောက်ညှင်းကစော် စားကောင်းတယ်
နေ့လည်ဖက် KB မြို့ထဲက Pacific Shopping Mall ကိုအရင်သွားကြတယ် သူငယ်ချင်းအိမ်ရဲ့ လမ်းထိပ်မှာပဲ သိပ်မဝေးဘူး။ အဲက သကြားလုံးလေးတွေဝယ်လာတယ် သူက ဂရမ်နဲ့ရောင်းတာ...။ ပြီးတော့ ဈေးပတ်ပြီး ခြေညောင်းဆန့်တုန်း ဒူးရင်းရေခဲမုန့်ကိုတန်းစီစနစ်နဲ့ ၀ယ်စားခဲ့တယ်။ ရောက်တဲ့ ဆိုင်တိုင်း ပုံတွေပုံတွေ တဖျတ်ဖျတ်ရိုက်..။ ကျွန်မတို့ဆီမှာဆို အဲလိုဓါတ်ပုံရိုက်ရင်လာပြောမှာ သူတို့ဆီကတော့ တစ်ဆိုင်လုံးမှာ တခါတလေ ကောင်တာမှထိုင်တဲ့ Cashier တစ်ယောက်နှစ်ယောက်ပဲရှိတာ ဓါတ်ပုံရိုက်လည်းဘာမှမပြောဘူး အေးဆေးပဲ..။ အကြိုက်ဆုံးက အိမ်သုံးပစ္စည်းတွေ အလှဆင်ပစ္စည်းတွေရောင်းတဲ့ဆိုင်ပဲ အဲထဲကနေကိုမထွက်ချင်တော့တာ..။ ကျွန်မတို့ အဲနေ့က Mall နှစ်ခုရောက်ခဲ့တယ် နောက်တစ်ခုက Aeon Mall သူငယ်ချင်းအိမ်ကနေသွားရင် 10မိနစ်လောက်ပဲ နီးတယ်..။ ဖွင့်ထားတာသိပ်မကြာသေးဘူးပြောတယ် အကျယ်ကြီးပဲ Mall တစ်ခုလုံးတောင်မနှံ့ခဲ့ဘူး..။ KB မှာ ငါးရက်နေရတာ ဈေးဝယ်လို့တောင်အချိန်မလောက်ဘူး..။ ကျွန်မတို့က KL မှာတစ်ည KB မှာက ငါးည...။
Aeon Mall ထဲမှာ အဲဒီနေ့က ထိုင်းအစားစာပွဲတော်ရှိလို့ လက်ဖက်ရည်အေးနဲ့ ခေါက်မုန့်ဝယ်စားကြတယ်..
သူတို့အခေါ် Roti Tisu တဲ့ ခေါက်မုန့်လိုပါပဲ.. ထန်းလျက်ရည်အစား ချောကလက်ရည်ဆမ်းပေးတယ်...
Thai Ice Tea
Churros ကို ချောကလက် ကာရား နဲ့ vanilla Sauce မျိုးစုံကြိုက်တာဆမ်းစားလို့ရတယ် ပြီးတော့ ငုံးဥထည့်ထားတဲ့မုန့်အုပ်ကလေး
sushi ထမင်းလိတ်နဲ့ ဆာရှိမိတွေ
နေ့လည်စာကို ညနေလေးနာရီမှစားကြတယ်
ပုံတွေရိုက်လာတာတော့ အများကြီးပဲ မျက်စေ့နောက်မှာစိုးလို့ တချို့ကိုပဲရွေးတင်လိုက်တာ နောက်အပိုင်းကို မျှော်ပါဦးလေ...း)
မိုးငွေ့
No comments:
Post a Comment