မလေးရှားကို ဒီတစ်ခါနဲ့ဆို နှစ်ကြိမ်မြောက်ရောက်ဖူးတာ..။ ပထမကြိမ်တုန်းက KL နဲ့ Genting ပဲရောက်ခဲ့တာ..။ ခုကတော့ မလေးမြောက်ပိုင်း ထိုင်းနယ်စပ်နားက ကလန်တန်ပြည်နယ်မှာရှိတဲ့ Kota Bharu မြို့မှာနေနေတဲ့ သူငယ်ချင်းက အလည်ခေါ်လို့ ဒီက သူငယ်ချင်းတွေနဲ့စုပြီး သွားကြတာ..။ KL မှာတစ်ညအိပ်ပြီး နောက်နေ့ တစ်နေ့လုံး ရှော့ပင်ထွက်ပြီးမှ ညကိုးနာရီလေယာဉ်နဲ့ KB ကိုသွားကြရမှာ..။ မလေးရောက်တော့ ကျွန်မဘလောက်ရေးသက် အလည်လောက်မှာ ခင်မင်ခဲ့ဖူးတဲ့ မလေးက သူငယ်ချင်းတွေကို သတိရမိတယ်..။ မာမီဂျက်နဲ့ ဒယ်ဒီလွင်ပြင်တို့ ဇနီးမောင်နှံ၊ ကိုဖြိုးမောင်မောင်၊ ကိုရဲ၊ သားတွန်နဲ့ အိန်ဂျယ်တို့...။ သူတို့သာမလေးမှာရှိနေသေးရင် ဆုံဖြစ်ကြဦးမယ်...။
ငါးနဲ့ကြက်သား ဘာစားမလဲတဲ့ လေယာဉ်မယ်လေးမေးတယ်..။ ငါးမကြိုက်တော့ အီတလီစာ ကြက်သားနဲ့လုပ်ထားတဲ့ Chicken Lasagne စားခဲ့တယ်..။ စားလို့ကောင်းပါတယ် နည်းနည်းတော့ အီတာပေါ့..။
MH 740 .... MH လို့ အသံကြားတာနဲ့
ခုထိရှာအစအနရှာမတွေ့သေးတဲ့ MH 17 ကိုသွားသတိရမိပြီး လေယာဉ်စတက်တာနဲ့
ဘုရားစာရွတ်ရတော့တာပဲ...း)
မလေးလေဆိပ်ကို ညနေမှရောက် KL မြို့ထဲကိုရောက်ဖို့ကလည်း ကားတော်တော်စီးရသေးတယ်...။ မြို့ထဲကိုTwin Tower နားက ဒီဟိုတယ်မှာတစ်ညတည်းဖြစ်ခဲ့ကြတယ်။
ရေပန်းအကကြည့်ရင်း နောက်ဖက်လှည့်ကြည့်တော့ ဒီတာဝါနှစ်ခုက မီးခိုးမှိုင်းရောင် မိုးကောင်းကင်နောက်ခံနဲ့ လင်းထိန်လှပလို့....။ ကျွန်မတို့လိုပဲ ခရီးသွားဧည့်သည်တွေတော်တော်များများ ရေပန်းအကကြည့်လိုက် အနောက်လှည့်ပြီး တာဝါကြီးကို ဓါတ်ပုံရိုက်လိုက်နဲ့...။
ရေပန်းအက ကြည့်ပြီး ဒီအန်တီကြီးဆိုင်မှာ Nasi Lemak နဲ့ အိမ်ရှင် သူငယ်ချင်းက ဧည့်ခံပါတယ်
ရောင်းကောင်းမကောင်းတော့မသိ နေရာရဖို့ ဒီလို တန်းစီစောင့်ခဲ့ရတယ်
ဒီဆိုင်က မလေးမှာ နာမည်ကြီးတယ်တဲ့..။ အုန်းထမင်းကို ကြက်သားကြော် ကြာက်သားချက် စတာတွေနဲ့စားလို့ ရတယ်..။ ဆိတ်သားကင် ဖက်ထုပ်ကြော်နဲ့ ကြက်တောင်ပံကြော်တစ်ပွဲမှာပြီး ထမင်းမရောက်ခင် အစာပြေစားကြတယ်..။
ကြက်ကြော်က အသားနူးညံ့အိနေရော...တစ်ခုပဲ မလေးကဆန်ကိုတော့ စားလို့မရဘူး ဇတ်တောက်ကြီး တစ်လုံးနဲ့တစ်လုံးမစေးကပ်ဘဲ ဖွာတာနေတာ... ကိုယ်တွေရဲ့ ရွှေဘိုပေါ်ဆန်းလေးနဲ့ ချက်လိုက်လို့ကတော့ တော်တော်စားကောင်းမှာ...။
အကြိုက်ဆုံးအချိုပွဲ ငှက်ပျော်ကြော်နဲ့ ရေခဲမုန့်နဲ့ အချိုတည်းခဲ့ကြတယ်
KLCC Parkson ထဲမှာ Fitflop တစ်ရံဝယ်ခဲ့တယ် ထုံးစံအတိုင်း ကျွန်မနဲ့ဓါတ်အတည့်ဆုံး အနက်ရောင်
နောက်နေ့ နေ့လည်ပိုင်း ဟိုတယ်က check out လုပ်ပြီး Sunway Pyramid ကုန်တိုက်ရှေ့နားက ကုလားဆိုင်မှာ ထမင်းစားကြတယ်...။ လာပြန်ပြီ အုန်းထမင်း... ဟင်းအနှစ်တွေနဲ့မစားနိုင်လို့ ကြက်ဥကြော်နဲ့ ကြက်ကြော်ကို ဒီတိုင်းပဲစားလိုက်တယ်...။
စားပြီးသောက်ပြီးအအီပြေ Ice Lemon Tea သောက်
Vincci မှာ ဖိနပ်တွေဈေးလျှော့ နှစ်ရံကြိုက်တာယူ 69 Ringgit
ဝိတိုရိယစီးကရက်မှာလည်းဝယ်ခဲ့သေးတယ် ရောင်စုံအသားကပ်အရာမထင်တဲ့ Panties လေးတွေ
ငါးထည်ကို 165 Ringgit
Sephora မှာ အလှကုန်တွေ Brand အစုံပဲ...
ညကိုးနာရီ Kota Bharu သွားမယ့်လေယာဉ်ကိုစောင့်ရင်း ညစာကို ဒီလိုတွေပဲ ဖြစ်သလို စားသောက်လိုက်ကြပါတယ်..။
KL ရဲ့ မြို့ပြအလှကို လေယာဉ်ပေါ်ကကြည့်ရတာ ဓါတ်မီးလင်းရောင်တွေက ရွှေရောင်တွေလိုဖိတ်ဖိတ်လက်လို့ ..
Kota Bharu အပိုင်း(၂)ကိုဆက်တင်ပါဦးမယ်...း)
မိုးငွေ့
3 comments:
ခရီးသွားမှတ်တမ်းလေးဖတ်ရင်း သတိရမိတယ်။
ဆက်ဖတ်ဘို့အတွက် စောင့်နေမယ် မိုးငွေ့ရေ။
KL ကို အတူတူ လိုက်လည်ပါတယ်နော်...
နောက်ပို့စ်တွေလည်းမျှော်နေမယ်...
☺️ အပိုင်း ၂ စောင့်မျှော်လျှက်
Post a Comment