ပန်းသီးတစ်နေ့တစ်လုံးစားပေးရင် ဆရာဝန်နဲ့တွေ့စရာမလိုဘူးလို့ ကြားဖူးတယ်...။
အသိတစ်ယောက်ဆီက နည်းရလာလို့ ဖျော်သောက်ကြည့်တာ...။ အချိုးကဒီလိုပါ ပန်းသီးတစ်လုံး မုန်လာဥနီအလုံးတစ်ဝက် သံပုရာသီးတစ်စိပ်နဲ့ ရေအေးခွက်တစ်ဝက်သို့မဟုတ် ရေခဲငါးတုံးထည့်ပါ....။ အသီးတွေကို ကြိတ်စက်ထဲစိပ်ပြီးထည့် သံပုရာသီးညှစ်ထည့် ရေထည့်ပြီး မွေှ့လိုက်တော့....။ စက်က အရည်တခြား အဖတ်တခြားထွက်တဲ့စက်ရှိရင်ပိုကောင်းတယ်...။ သကြားမပါပေမယ့် ပန်းသီးအချိုနဲ့.... ဥနီနံ့စိမ်းရွှေရွှေလည်းမရဘဲ သံပုရာနံ့လေးမွှေးတဲ့ ပန်းသီးအဆီချဖျော်ရည်လေးတစ်ခွက်ရပြီပေါ့...။ အဲဒီအချိုးနဲ့ဆို ဖျော်ရည်နှစ်ခွက်စာရပါတယ်....။ တစ်နေ့ကို တစ်ခွက်နှုန်းနဲ့သောက်ရင် အဆီလဲကျ ကျန်းမာရေးအတွက်လည်းကောင်းတယ်...။
မိုးငွေ့

18 comments:
ဥနီက အနံ့ ကို သံပုရာသီး တစ်စိတ်နဲ့ ထိမ်းလို့ ရတယ် မမ မိုးငွက်။ မျက်စိ အားကောင်းစေတယ်။ အဆီကျမကျတော့ မသိဘူး။ သောက်လို့ တော့ သိပ်ကောင်း။ :D
ဟုတ်တယ် သောက်လို့တော့တော်တော်ကောင်းတယ်။ အဆီကျမှန်းမသိဘူး။ ကြိုက်လို့သောက်ဖြစ်နေတာ။
ခုမှသိတယ် စမ်းကြည့်အုံးမှပဲ မမ..:):)
အရည်တခြားအဖတ်တခြားထွက်ချင်ရင် ကြံရည်ကြိတ်
စက်နဲ့ကြိတ်ကြည့်ရင်ကောင်းဝူးလား.....မမီး....:P
ဟိ....အလကားစတာနော်....ကျွန်တော်လည်းအဲ့ဖျော်
ရည်ကိုကြိုက်တယ်၊ဒီမှာ အုနီနဲ့ လိမ္မော်သီးလည်း တွဲ
ဖျော်လေ့ရှိတယ်ဗျ....။
နည်းကောင်းလေးပါလား ဖတ်ပြီးမှတ်သွားပြီ မိုးငွေ့ရေ အဆီကျချင်သူတွေအတွက် ဒီနည်းလေးကို လက်ဆောင်ပေးမယ်။ ကျေးဇူးနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
မှတ်သွားဦးမှ :D
သံပုရာသီးထဲ့ပြီးမသောက်ဖူးသေးဘူး
သကြားနဲ့တော့ဖျော်သောက်ဖူးတယ်
မှတ်ထားပြီး သောက်ကြည့်ဦးမှ
ပန်းသီးလည်း စားတယ်.. ဥနီလည်း စားတယ်.. သံပုရာရည် (သကြားမပါ) လည်း သောက်တယ်.. ရောတော့ မသောက်ဖူးဘူး.. စမ်းကြည့်ဦးမှ..
မနက်ဖန်အတွက် ဘလိတ်ဖတ်ရပြီ။
ကျေးကျေး..
မနက်တိုင်းအသီးဖျော်ရည်ဘဲကြိတ်နေတယ်။
ရှိသမျှအသီးနွားနို့ နဲ့ ရောလို့ ။
အဆီကျချင်နေတာနဲ့အတော်ပဲ
ပန်းသီးများများစားရင် အသားအရည်ပန်းရောင်သန်းစေတယ်မမရေ
ပန်းသီးများများစားရင် အသားအရည်ပန်းရောင်သန်းစေတယ်မမရေ
နေ့တိုင်းသောက်ဖြစ်တယ် ပန်းသီးကလဲ မပြတ်
ဒါပေမယ့် စနေနေ့ညနေက ဘလန်ဒါကြီးပျက်တွားဘီ
အတစ်ဝယ်ရဒေါ့မယ်း((
ချစ်တဲ့
ဂျာရစ်
ညီမလေး အသားအရည်လှတာ၊ အဆီတွေ မရှိတာ ဒီလို အသီးအနှံတွေကို စံနစ်တကျ စားတတ်နေလို့ ဖြစ်မယ်။ မမြသွေးမှာတော့....။
သောက်ကြည့်မှဘဲအမရေ
အတော်ပဲ စမ်းကြည့်မယ်
အမရေအဆီကျဖျော်ရေလေးအားပေးသွားတယ်နော်
ဖျော်ရမှာ ပျင်းတာ သာမီးကတော့ ဒီလိုပဲ ကိုက်စားလိုက်တော့တာပဲ..
Post a Comment