Wednesday, 25 July 2012

ကြက်ဥမျိုးစုံကြော်.....





တကယ့် Recipe ထဲမှာတော့ ဒီလိုအချိုးမဟုတ်ပါဘူး ကြက်ဥနှစ်လုံးမှာ ဆားဘဲဥနဲ့ဆေးဘဲဥက တစ်ခြမ်းဆီပဲထည့်ပါတယ် ကျမကတော့တစ်ခြမ်းကို နည်းတယ်ထင်လို့ တစ်မျိုးတစ်လုံးစီပဲ ထည့်လိုက်တယ်...ပြီးတော့ ငရုတ်ပွအနီဝယ်ထားတာရှိတာနဲ့ ဖြည့်စွက်ထည့်လိုက်တယ်..။


အစားအသောက်စာအုပ်ဖြစ်တဲ့ Food Magazine ထဲက မအိုက်ဗီချက်ပြထားတဲ့ အရံဟင်းလေးတစ်ခွက်ပါ သူ့ဘလော့မှာတင်ပြီး သားဖြစ်ချင်ဖြစ်မှာပါ...။ အဲဒီစာအုပ်လေးကို စိတ်ဝင်စားလို့ လတိုင်းဝယ်ဖတ်ဖြစ်တယ်။ စားချင်စရာလေးမို့ ချက်ကြည့်လိုက်တာ စားကောင်းပါ၏..။ ပြောဦးမယ် မိုးငွေ့စားမကောင်းတာ ဘာများရှိသေးလဲလို့ ဟိဟိ...။


July လထုတ် Food Magazine မျက်နှာဖုံး


Ivy's Kitchen ရဲ့ စာမျက်နာ
Simply Coral's Kitchen ဆိုပြီး ဘယ်တော့များ ဖော်ပြခံရမလဲမသိနော်..း)



19 comments:

မဒမ်ကိုး said...

မကြာခင်ဂျာ၇စ်လောက်မမမိုးငွက်ဖြစ်လာတော့မယ်း))

မောင်သီဟ said...

July လထုတ် Food Magazine မျက်နှာဖုံး

မော်လ်ဒယ်လ်လေးက ဂျစ်စရာလေးနော်
ဟိဟိ
ကြက်ဥကြော်နဲ့လိုက်တယ် အဲ ကြိုက်တယ်း)း)

Anonymous said...

ကြက်ဥကြော် ကြိုက်တူမို့ ချားတွားရယ် မမ
ရှလွတ် :D

~ Kk ~

mstint said...

နောက်တစ်ခါ လက်တို့လိုက်လေ လာမြီးပေးမယ် မိုးငွေ့ :P
စကားမစပ် မအိမ်သူက မိုးငွေ့အတွက် လက်ဆောင်ပေးခဲ့တယ် အိမ်ဘက်ကြုံရင်ဝင်ခဲ့အုံးနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Evy said...

စားချင်စရာလေး မမိုးငွေ့ရေ။ စားလို့ကောင်းတာသိရလို့ တကယ်ဝမ်းသာတယ်

စံပယ်ချို said...

မကြာခဏကြော်စားဖြစ်တယ်
အိမ်ကလူက ကြိုက်လို့ပါ
အဲလိုလေးတော့မစားဖူးသေးဘူး
နည်းယူသွားပါတယ်
ကျေးကျေးပါရှင်

Candy said...

ရှလွတ်... စားချင်တယ်ဗျို့

Phyu Lwin said...

စားချင်စရာလေး အစ်မ.ကြက်ဥတော့ ဘယ်လိုဖြစ်ဖြစ်ကြိုက်တယ်

ညီရဲသစ် said...

ကြည့်ရတာ စားချင်စရာလေ... ကြက်ဥကို မျိုးစုံ လုပ်စားဖူးပေမယ့် ဒီလို တစ်ခါမှ လုပ်မစားဘူးသေးဘူး... လုပ်စားကြည့်ဦးမယ်...

အမ်တီအန် said...

အိမ်မှာ ကြက်ဥမပြတ်ဆောင်ထားရတယ်။
သားပြည့်က ကြက်ဥမပါရင် မရ..။
အစ်မကတော့ ကြက်ဥကိုကြော်စားတာထက် ပြုပ်စားတာပိုကြီုက်တယ်။

မီးမီးငယ် said...

စားဖူးဘူးရယ်...
စားကြည့်ချင်သားဘဲ..

လွင်ပြင်လှိုင်းငယ် said...

ကြက်ဥကြော်တော့ကြိုက်တယ်

ညိမ်းနိုင် said...

ကြက်အုကြော်တော့ တော်ပါဘီဗျာ....မုန်းထှာ....ဒါပဲနေ့
တိုင်းလို စားနေရလို့....:(

Angelhlaing(May everybody be happy and healthy! said...

လွယ်မဲ့ပုံလေး လုပ်စားကြည့်အုံးမှ မမရေ..:))

မိုးသက် said...

အပေါ်ဆုံး က မဒိုးကြီးပြောတာကို ကြည့်ပြီး ဖစ်နိုင်တယ်လို့ မှတ်ချက်ချသွားတယ်.။

မြတ်ပန်းနွယ် (Myat Pan Nwe) said...

ဒါလေးတော့ စားကောင်းမယ် ထင်တယ်။ စမ်းကြည့်မယ်။
ဟိုတစ်ရက်ကတော့ ကြက်ဥမျိုးစုံပေါင်းကို ဆိုင်တစ်ဆိုင်မှာ ဝယ်စားတာ မူးပြီး အီသွားခဲ့တယ်။

ခင်မင်စွာဖြင့်
မြတ်

...အလင်းစက်များ said...

သူနာပြုဆာမလေးကို မိဘီ။ ဟီး

သူလည်းကြော်တတ် ချက်တတ်ထဲက ပါပဲလား :D

သိ င်္ဂါ ရ said...

ဒီရက်ပိုင်း ကြက်ဥတစ်ဝက်ကြော်တွေတော့ ခဏတိုင်းလိုပဲ စားနေရတယ် ... ။ ဒီကြက်ဥတွေကိုပဲ အစုံကြော်ပြီး စားရဦးမယ် ဆိုတော့ ... :)

San San Htun said...

ကြက်ဥကို အဲလို တခါမှ မကြော်စားဖူးဘူး..စားကောင်းမှာ သေချာတယ်...