Friday, 20 July 2012

ကျောက်ပုစွန်သုပ်.....

သံဈေးက၀ယ်ခဲ့တဲ့ ကျောက်ပုစွန်




အဟင့်....ပုံတွေက ဘယ်လိုလုပ်လုပ် ဇောက်ထိုးဖြစ်နေတယ်...


ညနေအိမ်ပြန်ရင်ချက်ဖို့ ဟင်းချက်စရာလေးတွေ သံဈေးမှာဝင်ဝယ်တာ...ကျောက်ပုစွန်တွေ့တာနဲ့ ဆယ်ကောင်ဝယ်လာလိုက်တယ်...။ ရေနွေးဆူဆူမှာခဏပြုတ်ပြီးသုပ်စားသိပ်ကောင်းတာ...။
ကျောက်ပုစွန်ကို ချောင်းသာမှာပဲတစ်ခါစားဖူးတာ...။ အဲတုန်းက သူတို့သုပ်တာက ပဲဆီစိမ်းနဲ့ ကြက်သွန်နီငြုတ်သီစိမ်း ရှောက်ရွက်နဲ့...။ ခုကိုယ်က နဲနဲအထွန့်တက်ပြီး ပင်စိမ်းတို့ နံနံတို့ထပ်ထည့်လိုက်တာ..။

ကျောက်ပုစွန်ကိုရေစင်စင်ဆေးပြီး အခွံခွာ ပြီးရင် ဒယ်ပူပူမှာ ရေခြောက်သွားအောင်လှိမ့်လိုက်တယ်...။ ပါးပါးလှီးပြီး အစာပလာလေးတွေထည့် ငံပြာရည် ဆီချက်နဲ့ အသားမှုန်လေးထည့် သံပုရာသီးလေးညှစ်ပြီး နယ်လိုက်ပါ...။ အောင်မလေး ဆွေမျိုးမေ့...ကောင်းချက်က...။ အသားလေးက နူးနူးညံ့ညံ့လေး စားကောင်းပါအိ...။


မိုးငွေ့

12 comments:

လွင်ပြင်လှိုင်းငယ် said...

အိမ်က ဘာမှ မစားလာရသေးပါဘူးဆို သူ က နှိပ်စက်နေပြီ။ စားကောင်းမယ့် ပုံလေးပဲ။

Mon Petit Avatar said...

Me too, I had them at Chaung Tha Beach, they were delicious. Yours look very tasty and now I am officially hungry, sis.

mstint said...

ကျောက်ပုစွန်တွေဈေးကြီးမှာပဲနော်။ ၁၀ကောင်တောင်။
တီတင့်ဆီလာစားရင်မနက်စာတော့သက်သာမှာပေါ့ :P
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

လရိပ်အိမ် said...

စားချင်တယ်ကွယ်

SHWE ZIN U said...

ကျောက်ပုဇွန်သုပ် စားနေတာနဲ့ အမတင့် မုန့်ဟင်းခါး မေ့သွားတယ်ထင်တယ် မတွေ့ရတာ မကျေနပ်ဘူးနော် တကြွေးမှတ်ထားတယ်

ချစ်တဲ့
အမရွှေစင်

စံပယ်ချို said...

ပင်စိမ်းနံ့မွေးမွေးလေးနဲ့ စားချင်လိုက်တာနော်
အကုန်မသွားလို့ရရင်လဲ မ သွားမလို့ပါ

Cameron said...

တီတင့်နဲ့ မကြီးရွှေစင်...အထင်မှားနေပြီ.. အဲဒီပုစွန်သုပ်က လုပ်စားတာကြာပြီ ခုမှတင်ဖြစ်လို့..။ တီတင့်ဆီလာချင်တာ အဲနေ့ အလုပ်ရှိသွားလို့ မလာလိုက်ရဘူး...။

မီးမီးငယ် said...

ပုဇွန်သုပ်လေး..။
စားချင်လိုက်တာဟယ်။

blackroze said...

ပုဇွန်အစိမ်းသုပ်လေးစားချင်တယ် မကြီးမိုးငွေ့

ညီလင်းသစ် said...

ဒီလို ငရုတ်သီးစိမ်းတွေနဲ့ ဆိုလို့ကတော့ စားကောင်းလိုက်မယ့် ဖြစ်ခြင်း...၊ သွားရည်ကျသွား ပါတယ် မမိုးငွေ့ရေ...။

San San Htun said...

အဲကျောက်ပုဇွန်တော့ မရှိဘူး..ပုဇွန်တော့ရှိတယ်..သုပ်စားဦးမယ်..

တွတ်တွတ် said...

ကိုယ့်ရဲ့သွေးတိုးရောဂါနဲ့သာ.မတည့်တာ.ကျောက်ပုဇွန်၊ ပုဇွန်၊ဂဏန်း၊ ၀က်ခေါင်းသုပ်များဆို..ကြိုက်မှကြိုက်ပဲဗျာ....တောင်ပေါ်ဒေသမှာနေတော့...ကျောက်ပုဇွန်မဆိုထားနဲ့..လက်သန်းလောက်ရှိတဲ့ပုဇွန်လေးစားချင်ရင်.. တစ်ပတ်မှတစ်ခါ..15ရက်တစ်ခါမှလာရောင်းတဲ့..ရေခဲရိုက်ငါးကားကိုပဲစောင့်နေရတယ်ဗျာ....အခုကျောက်ပုဇွန်သုပ်ကိုကြည့်ပြီးတော့ပဲ..ရှလွတ်...ဟင့်ဟင့်...