Wednesday, 18 July 2012

ဈေးဝယ်ထွက်ဖြစ်တာ.....

Neo Express ဆိုင်က ပုစွန်ဖက်ထုပ်ပြုတ် ( သုံးခုပဲပါတယ် )
ညီမလေးစားတဲ့ဟမ်ဘာဂါ ဒါက မက်လုံးမတပ်ရသေးခင်
Neo Express ကော်ဖီနဲ့မုန့်ဆိုင် ဒီဆိုင်က Junction Mawtin မှာတစ်ဆိုင်ရှိတယ် အလွယ်နဲ့အမြန်စားတဲ့ မုန့်တွေ အအေးတွေ ကော်ဖီတွေရတယ်
Junction Square စီးတီးမတ်ထဲက ဂျပန်အလှကုန် Kraci အမှတ်တံဆိပ်ရဲ့ ကြော်ငြာမော်ဒယ်လ် သက်မွန်မြင့်
ပရိုမိုးရှင်းရှိတယ် တစ်သောင်းရှစ်ထောင်ဖိုးဝယ်ရင် အဲဒီကော်ဖီခွက်တစ်ဆက်ရတယ်ဆိုလို့ ၀ယ်လာတာ မက်မွန်သီး boby lotion, toner, peach soap ၀ယ်လာတယ်....ဆီစုပ်စက္ကူက လက်ဆောင်ပေးတာ...
ခေါက်ဆွဲပြုတ်တဲ့လက်ကိုင်အိုးလေး Junction Square ကပဲဝယ်ခဲ့တာ စင်ပူက တူးဒေါ်လာဆိုင်လိုပဲ အဲဆိုင်ကပစ္စည်းဘာဝယ်ဝယ် ၁၈၀၀ကျပ်ပါတဲ့
တူဆိုဒ်စုံနဲ့ အသဲပုံဇွန်းခရင်းလေး အဲဒါလဲ ၁၈၀၀ ဆိုင်ကပဲ
shop shop shop..... အကျီင်္လေးတွေဝယ်ခဲ့သေးတယ်
ကိုရီးယားအလှကုန်ဆိုင်က လက်သည်းခြေသည်းသန့်ရှင်းတဲ့ ကိရိယာအစုံတစ်အိပ် အပြာရောင်လက်သည်းဆိုးဆေးနဲ့ ပိုက်ဆံအိတ် သူငယ်ချင်းကိုမွေးနေ့လက်ဆောင်ပေးဖို့...း) OMG!!! how am I crazy in pink color
ညီမလေးဝယ်ခဲ့တာ မျောက်ရုပ်နဲ့ခုခေတ်စားနေတဲ့ ခါးတိုအကျီင်္လေးတွေ အ၀ါရောင်စကပ်က ခါးမြင့်စကပ် ခုအဲလိုလေးတွေတွဲဝတ်ကြတယ်...
တနင်္ဂနွေနေ့ညနေကစားဖြစ်တာလေး.....
ဒီနေ့အိမ်မှာပဲအေးဆေး ဓါတ်ပုံတွေရိုက်တယ် နောက်ပို့စ်တွေအတွက်လေ.. အဲဒါလုံးပန်းနေတာ ညနေစောင်းသွားတယ်...နေ့လည်တောင်တရေးမအိပ်လိုက်ရဘူး... အဲဒါနဲ့ ရေမိုးချိုးပြီး ဂဏန်းသဘောင်္သီးထောင်း စားချင်လာတာနဲ့အောက်ဆင်းဝယ်တာ.. အောင်မလေး ပုံကြည့်တာနဲ့ သရေမကျကုန်ဘူးလား... ဆီထမင်းနှစ်ရာဖိုးပါဝယ်ခဲ့တာ...။ ပြုတ်ထားတဲ့ဂဏန်းနှစ်ကောင်နဲ ခြမ်းထားတဲ့ ဆားဘဲဥတစ်လုံးပါပါတယ်... အရသာကောင်းမှကောင်းပဲ အဲတစ်ပွဲလုံးနဲ့ဆီထမင်းထိုင်စားလိုက်တာ အရည်လေးနဲ့အဖတ်နဲနဲပဲ ကျန်တော့တယ် အဟီးး...။
မိုးငွေ့

15 comments:

စံပယ်ချို said...

အစားအသောက်တွေ(စားချင်စရာတွေ)
ဖတ်မခေါ်လဲ လာရောက်စားသောက်ခဲ့ပါပြီရှင်
အောက်ဆုံးက သဘောင်္သီးထောင်းထင်တယ်

Candy said...

မမပြောပြမှ လတ်တလော ရန်ကုန်ဖက်ရှင်လေးတွေ သိရတော့တယ်.. Shopping mall တွေမှာ အဲ့လို ဓာတ်ပုံရိုက်လို့ရတယ်လား.. အရင်က မရသလိုပဲနော်..

ပန်းရောင်ကတော့ ကန်ဒီ့ ခရေစီပေါ့ :D :D

ချော(အစိမ်းရောင်လွင်ပြင်) said...

သွားရည်တွေ အတောင့်လိုက် ကျသွားတယ်
စားချင်လိုက်တာ

mstint said...

တီတင့်တော့ shopping ထွက်ရဲဘူး မိုးငွေ့ရေ။ ဈေးဘိုးထဲက ပါပါသွားလို့း)
ကိုယ်တိုင်ဈေးဝယ်ထွက်သလိုပဲ စုံပါဘိနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ညီရဲသစ် said...

အဲဒီကို ရောက်ဖူးသေးဘူး... ပြန်မှ တစ်ခေါက်လောက် သွားကြည့်ရဦးမယ်...

ဖြိုးမောင်မောင်(CTM) said...

စုံ




















ပလုံ

ဖြိုးမောင်မောင်(CTM) said...

စုံ


























ပလုံ။

ဖြိုးမောင်မောင်(CTM) said...

စုံ



























ပလုံ။

ဖြိုးမောင်မောင်(CTM) said...

စုံ














ပလုံ။
၃ခါရှိပီ မန့် နေတာ မရမချင်းရေနေမှာ။

ဖြိုးမောင်မောင်(CTM) said...

တော်ပီ မောတယ်။

ပျိုးယုဝသုန် (Pyo Yu Wathone) said...

ရန်ကုန်မှာ ရှော့ပင်ထွက်ရတာကတော့ ပျော်စရာကောင်းတယ်..၊ မိုးငွေ့ ဈေးဝယ်လာတာလေးတွေက ချစ်စရာလေးတွေချည်းပဲ..

လက်သည်းဆိုးဆေးအပြာက သူငယ်ချင်းကို လက်ဆောင်ပေးဖို့လား .. မဟုတ်ရင် ဆိုးပြီး တင်ပါဦးကွယ် .. မိုးငွေ့ လက်ချောင်းလေးတွေ သိပ်လှတာ ကိုယ်သိပါတယ်..

ချစ်တဲ့
ဝသုန်

မြတ်ပန်းနွယ် (Myat Pan Nwe) said...

ပစ္စည်းလေးတွေကို ငေး ..
အစားအသောက်လေးတွေကို ငမ်း .. လို့ ပြန်သွားပါတယ်။

ခင်မင်စွာနဲ့
မြတ်

လရိပ်အိမ် said...

စားချင်စရာတွေလာပြနေတယ်။ အဲဒီလိုမျိုး မနှိပ်ဆက်ပါနဲ့လား

Anonymous said...

ဂွီသွားပါတယ်..အဲ အဲ မှားလို့ အားပေးသွားပါတယ်လို့ .....းးP

San San Htun said...

လျော့ပင်းတာကို ငမ်းသွားတယ် ခင်ည..ဂဏ္ဏန်းသင်္ဘောသီးထောင်းလေး စားချင်လိုက်တာ..