Saturday, 7 July 2012

မျှစ်ဒုက္ခကြော်နဲ့ မုန်ညင်းဟင်းရည်.....







အသားမပါတော့ သက်သတ်လွတ်ဟင်းလို့ဆိုနိုင်ပေမယ့်... မုန်ညင်းဟင်းကတော့ ခနောမှုန့် ခတ်ထားပါတယ်....။ ဒီဟင်းနှစ်ခွက်လုံးက ရှမ်းဟင်းတွေပါ...။ ချက်ရတာလဲလွယ်ကူပါတယ်... စားရတာလည်းမြိန်တယ်...။ ဆီနည်းတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဟင်းတွေပေါ့...။ ချက်နည်းလေးပြောပြမယ်နော်....။ မျှစ်က ဈေးထဲကနေပြုတ်ထားပြီးသား နည်းနည်းကြီးတဲ့ အရွယ်လေးတွေရွေးဝယ်ခဲ့ပြီး အိမ်ကျ တစ်ရေပြန်ပြုတ်လိုက်တယ်...။ ပြီးမှ ဓါးခြမ်းခွဲလိုက်ပြီး ခရင်းနဲ့ဖြစ်ဖြစ် အမျှင်ဖြစ်အောင် အရင်းကိုနဲနဲ ချန်ပြီးခြစ်လိုက်တယ်...။ အစာသွပ်ဖို့ ငရုတ်သီးစိမ်း အတောင့်ကြီး ငါးတောင့် ကြက်သွန်ဖြူငါးမွှာ ကြက်သွန်နီအကြီးတစ်လုံးကို မီးဖုတ်ပြီး ဆား အချိုမှုန့်ထည့်ထောင်း နံနံပင်လေးနဲနဲထည့် ရပြီဆို မျှစ်ထဲကိုထည့်ပြီး နှီးနဲ့တုတ်လိုက် နှီးမရှိတော့ အပ်ချည်ကြိုးလေးနဲ့ချည်ပြီး ဆီလေးနဲ့မီးအေးအေးနဲ့ကြော်လိုက်ပါ။

မုန်ညင်းဟင်းရည်ကတော့ ရည်ဆူဆူတည်ပြီး ခနောမှုန့်ခတ် ဂျင်းလက်တစ်ဆစ်ဓါးပြားရိုက်ထည့်ပြီး မုန်ညင်းခတ်လိုက်... အစပ်ကြိုက်ရင် ငရုတ်သီးစိမ်းလေးပါရိုက်ထည့်... ပူပူလေးသောက်ရင် ပိုကောင်းတယ်။ အသားမပါပေမယ့် ပူပူနွေးနွေးစားတော့ မြိန်ချက်ပေါ့...။ စနေ တနင်္ဂနွေ ပိတ်ရက်လေး ချက်စားလို့ရအောင် တင်ပေးလိုက်ပါတယ်နော်...။


မိုးငွေ့

12 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

မျှစ်လဲ အတော်ဒုက္ခရောက်တယ်နော်
ပြုတ်လဲပြုတ်ခံရ၊ ကြိုးနဲ့လည်း ချည်ခံရ၊ ကြော်လည်း ကြော်ခံရ..
ဒါ့ကြောင့် မျှစ်ဒုက္ခလို့ ပေးတာကိုးးးး
နာမည်လေးစိတ်ဝင်စားလို့ လာငမ်းတာ မမိုးရေ.. စားချင်တယ် မျှစ်ဒုက္ခ

မောင်သီဟ said...

ကျုပ်ဗိုက်ဆာနေတာနော် ဒေါ်မိုးငွပ်း)
မနက်ဖြန်မှ ကျုပ်လည်းချက်ပြုတ်ပြီး ပို့စ်တင်မယ် ဂလု
သတို့အချက်ပြုတ်တွေကြည့်ပြီး သွားရည်ကျကျနေရတယ်



စားချင်ထှာာာ

စံပယ်ချို said...

အင်းလေးမှာတုန်းကတော့ငါးဒုက္ခပဲ
ကြားခဲ့ဖူးတာ ခုတော့မျှစ်ဒုက္ခဆိုပဲ
အိမ်ကတစ်ယောက်ကတော့လုပ်စားမယ်တဲ့
သူလုပ်တတ်ပြီတဲ့လေ
မိုးငွေ့လုပ်ပြထားတာလေးကတော့
စားချင်စရာပဲနော်
ပါဆယ်ဆွဲလို့ရဘူးလား

ညိမ်းနိုင် said...

အော်...မျှစ်တစ်ကောင်တော့ ဆီပူအိုးထဲ ထည့်အကြော်ခံ
လိုက်ရှာပါရောလား....:P
ဒါနဲ့ မီးအေးအေးနဲ့ဘယ်လိုကြော်ရမလဲဟင်..မမိုး....၊
ကျွန်တော်မွှေးဖူးသမျှမီးတွေကတော့ ပူတာချည်းဗျ...:D

blackroze said...

သတ်သတ်လွတ်စားတဲ့နေ့ဆို
ချက်စားကြည့်မယ်မကြီး မိုးငွေ့

ပျိုးယုဝသုန် (Pyo Yu Wathone) said...

ရေးထားတာလေး ဖတ်ရတာနဲ့တင်ကို စားချင်လာပြီ ..

မီးမီးငယ် said...

မစားရအတော်ကြာပေါ့။
မျှစ်ဒုက္ခလေးကို..။
ကြိုက်မှကြိုက်...။
မုန်ညှင်းရွက်ကိုပဲပုပ်ခပ်ရင်ပိုကြိုက်..။
ရန်ကုန်ရောက်ရင်မိုးငွေ့ ဆီသွားစားအုံးမှ။
:P

မိုးသက် said...

ဝါး.........စားချင်တယ်.။ ချက်စရာကြည့်တော့ ဒီမှာ တော်တော်ရှားတာပဲ.။ ပြန်ရောက်မှပဲချက်စားတော့မယ်အစ်မရေ.။

Iora said...

လုပ်စားကြည့်အုန်းမယ်မိုးငွေ့ ရေ။
မျှစ်ဆိုဘယ်လိုလုပ်လုပ်ကြိုက်သလောက်ဘဲ။
အိုင်အိုရာ

Mon Petit Avatar said...

I will try later (probably in two weeks) those dishes sis, and thank you for sharing.

Angelhlaing(May everybody be happy and healthy! said...

စားချင်တယ်ဆိုနေမှ...မမနော်..:):)

San San Htun said...

မျှစ်ဒုက္ခကြော် အဆန်းလေး..