Tuesday, 24 July 2012

အတောင်ပံတစ်စုံနဲ့လူ.....




အိန်ဂျယ်တဲ့
တိမ်တွေဆီမှာနေတာလား
အငွေ့အသက်နဲ့
မိုးငွေ့ဆီမှာနေတာလား
ဘယ်မှာနေနေ ဘယ်မှာနားနား
ငါမသိရိုးအမှန်ပါ ။( ဒါက ကဗျာဆရာလွင်ပြင်ပြောတာပါ)

အိန်ဂျယ်.........
ရင်ခွင်နန်းမှာစံ
နူးညံ့တဲ့ အမိန့်တွေနဲ့
ကိုယ့်နှလုံးသားကို အုပ်စိုးပါ
အိန်ဂျယ်အမြောက်အမြားက
ဘယ်မှာနားတယ် ကိုယ်မသိပေမယ့်
ကိုယ်ရဲ့ မူပိုင် အိန်ဂျယ်..
မင်းကတော့ ကိုယ့်အနားမှာ
ဘယ်မှထွက်မသွားဘဲ
သံသရာအဆက်ဆက်
နှလုံးသားမှာ ထာဝရ အုပ်စိုးထားပါလို့
(ကိုယ့်ဆုတောင်းလေးတွေ ပြည့်ပါရစေ) ။

အိန်ဂျယ်.....ရေ
အတွေ့အထိတွေကြားမှာ
ရိုးအီသွားတာကိုယ်ကြားဖူးတယ်
အချစ်တွေက
အပြစ်တွေကြားမှာ
လွင့်ပြယ်သွားတတ်တယ်
အငွေ့အသက်နဲ့
အသက်အရွယ်မဲ့
ကိုယ်တို့နှစ်ယောက်ကြားမှာ
ဘာမှပြောစရာမလိုအောင်
ခံစားနားလည်လို့ရခဲ့တယ်...။

အိန်ဂျယ်.......
မင်းနဲ့ ပတ်သက်သမျှ ခံစားချက်တွေ
တနင့်တပိုး ကိုယ်ထုပ်ပိုးထားပေမယ့်
ထုတ်ပြစရာ အနားမှာ ဘယ်သူမှမရှိ
ရင်ဘတ်ဟောင်းလောင်းထဲမှာ သိမ်းဆည်းထားတာများလို့
လျှံကျလာတဲ့ ခံစားချက်တချို့တ၀က်ကို
ကိုယ်ကဗျာတစ်ပုဒ်လုပ်ခဲ့မိတယ် ။


မှတ်ချက်။ ။ ကျမရဲ့ ဘော်ဘော်ကြီး လွင်ပြင်လှိုင်းငယ်ရေးပေးတဲ့ သိပ်ကိုချစ်စရာကောင်းတဲ့ ကဗျာလေး တစ်ပုဒ်ပါ....။

11 comments:

Phyu Lwin said...

အချစ်တွေက
အပြစ်တွေကြားမှာ
လွင့်ပြယ်သွားတတ်တယ်
အငွေ့အသက်နဲ့
အသက်အရွယ်မဲ့
ကိုယ်တို့နှစ်ယောက်ကြားမှာ
ဘာမှပြောစရာမလိုအောင်
ခံစားနားလည်လို့ရခဲ့တယ်...။
ဒီနေရာလေးကိုအကြိုက်ဆုံးပဲ :D

လွင်ပြင်လှိုင်းငယ် said...

ကဗျာလေးကြိုက်တယ်ဆိုလို့ ကျေးဇူးပါ ဘော်ဘော်ရေ

ပျိုးယုဝသုန် (Pyo Yu Wathone) said...

ကဗျာလေးက မိုက်စ် ..

လရိပ်အိမ် said...

အောက်ဆုံးတစ်ခု အကြိုက်ဆုံးဘဲ။

မဒမ်ကိုး said...

ကိုလွင်ပြင်လဲ အိန်ဂျယ်ကိုခံစားတတ်လာပြီး)

ချစ်တဲ့
ဂျာရစ်

Angelhlaing(May everybody be happy and healthy! said...

အိန်ဂျယ်.....ရေ
အတွေ့အထိတွေကြားမှာ
ရိုးအီသွားတာကိုယ်ကြားဖူးတယ်
အချစ်တွေက
အပြစ်တွေကြားမှာ
လွင့်ပြယ်သွားတတ်တယ်
အငွေ့အသက်နဲ့
အသက်အရွယ်မဲ့
ကိုယ်တို့နှစ်ယောက်ကြားမှာ
ဘာမှပြောစရာမလိုအောင်
ခံစားနားလည်လို့ရခဲ့တယ်...။..

လှတယ်ဗျို့..:)))

ညိမ်းနိုင် said...

ပြောတုန်းဆိုတုန်း......အိန်ဂျယ်ရောက်လာပါရောလား..:)

Cameron said...

ကညိမ်းရေ...မောင်မင်းတောင်းတလို့ ကိုယ်ထင်ပြရတာပါ...း))

mstint said...

အိန်ဂျယ်နဲ့မနှင်းဆီတို့ခေတ်ထင်ပါရဲ့း)
လွင်ပြင်လေးစပ်တဲ့ ကဗျာလေးကို အားပေးသွားတယ် မိုးငွေ့ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Candy said...

အိန်ဂျယ်ကဗျာလေး ကောင်း၏.. :D

အလင်းသစ် said...

အိန်ဂျယ်တော့ သိဝူးကွယ်... ရေထိုးထားတဲ့ မွေးမြူရေး ကြက်သားတွေပဲ စားနေရတော့... အိမ်ကြက်လို့ခေါ်တဲ့ ဗမာကြက်သားလေးတော့ စားချင်မိသား... :D