Hidden Truth
လှပတဲ့ မာယာတွေ
နက်ရှိုင်းလှတဲ့ ကျင်းကြီးကို
ပျောက်ကွယ်အောင်ပြုစား လိုက်ပြီလေ...
ပဉ္စလက်ညှို့ချက်တွေရဲ့
ချိုမြိန်မှုအောက်က
စစ်မှန်မှုတစ်ခု.....
သိမ်မွေ့တဲ့ သွေးဆောင်မှုတွေအောက်
မျက်မမြင်တွေ လမ်းစပျောက်လို့
နူးညံ့တဲ့ ဖြားယောင်းမှုတွေ
သွေးစုပ်မယ့်ခြင်တစ်ကောင်လို
ငါ့ထံဝဲပျံလာနေတယ်......
ရင်ခုန်ဖို့ မေ့လျော့နေခဲ့တာ
အာရုဏ်မှာ ငါ့ဆီလာခဲ့တဲ့
အလင်းရောင်ကြောင့်ပေါ့...။ ။ HNS ( TG )
2 comments:
လာရောက်ခံစားးသွားပါတယ်ဗျာ ..
ကျွန်တော် ၁ ပါ အပဲာ :)
အချစ်ကိုများ တွေ့မိသွားသလားဗျ .... :D
Post a Comment