Panini ဆိုတာ အီတာလျံတွေစားတဲ့ အသားနဲ့ချိစ်အစာသွပ်ပြီး စက်နဲ့အပူပေးဖိထားတဲ့ ပေါင်မုန့်တစ်မျိုးပါ..။ စမီးက အိမ်မှာ Panini Press မရှိတော့ အကင်ဒယ်ပြားမှာယောင်းမနဲ့ ဖိပြီးပြားပေးပါတယ်...။ ပေါင်မုန့်ကို ဓါးနဲ့ခွဲပြီး အထဲမှာ Ham နဲ့ mozzarella ထည့် ဒယ်ပြားပေါ်တင်ပြီး အပြားဖိလိုက်တယ် ဒါပါပဲ အလွယ်ကလေးရယ်....။ Ham နဲ့ cheese မထည့်ချင်ရင် Tuna တို့ Scramble eggs တို့ထည့်စား လည်းရတယ်...။ အပြားဖိအပူပေးတဲ့ ပေါင်မုန့်ဆိုတော့ cheese ကတော့မပါမဖြစ် ထည့်ပေးရမယ်ရှင့်....။ ဒါမှ စေးကပ်ပြီး ခွဲထားတဲ့မုန့်ထဲ အစာတွေထွက်မလာမှာလေ...။
Actually, I used to have this Italian snack (Panini) at the Trade Mark Cafe. It's pretty simple and easy to make ham and cheese panini at home. Even I have no panini press at home,I used my grill pan instead . All you need to do is the potato masher to press the buns. For the fillings, put a piece of ham and as much cheese as you want. That’s it. The heat will melt the cheese inside and you’ll be intrigued to have a
large bite once it’s cooked. It’s best served immediately. This panini entertain my taste buds very well. I used mozzarella cheese. You might use any cheese you like. The taste is equally good.
အရင်ဆုံး Panini လုပ်ဖို့ Hotdog ပေါင်မုန့်လုပ်နည်းလေး ပြောပြပေးမယ်...။ အိမ်မှာ မလုပ်ချင်ရင် လုပ်ပြီးသား Hotdog ပေါင်မုန့်ဝယ်လည်း ရပါတယ်...။
Ingredient for Buns
Bread Flour 250g
Yeast 1 1/4 tsp
A pitch of salt
Luke warm water 150ml
Butter 15g (room temperature)
Method
ပေါင်မုန့်ဂျုံနဲ့ဆားကို ဇကာစစ်ထားပါ...။ ရေကြက်သီးနွေးထဲကို တစေးနဲ့ ဂျုံမှုန့်တစ်ဇွန်းထည့်ပြီး ဆယ်မိနစ်လောက် အမြှုပ်ထလာတဲ့အထိစောင့်ပေးပါ..။ တစေးအမြှုပ်ထလာပြီးဆိုရင် ဇကာစစ်ထားတဲ့ ဂျုံမှုန်နဲ့ဆားကို မုန့်မွှေစက်ထဲထည့်ပါ ထောပတ်ထည့်ပါ တစေးစိမ်ထားတဲ့ရေ ထည့်ပါ Medium နဲ့ ဆယ်မိနစ်လောက်ရိုက်(မွှေ)ပေးပါ...။ မုန့်သားညက်လာရင် မုန့်လုပ်ခုံပေါ်ကို ဂျုံမှုန့်လေးနည်းနည်းဖြူးပြီး လက်နဲ့ ဆယ်မိနစ်လောက် ထပ်နယ်ပေးပါ...။ ပေါင်မုန့်လုပ်တိုင်း Window Pane Test လုပ်ဖို့မမေ့ပါနဲ့ ဒါမှ မုန့်သားညက်ပြီး ပေါင်မုန့်ကိုဆွဲလိုက်ရင် အတွင်းသားတွေနူးညံ့ပြီး မွမွလေးဖြစ်မှာပါ...။ မုန့်သားညက်ပြီဆို ဆီသုပ်ထားတဲ့ ဇလုံထဲ မုန့်လုံးကို အဖုံးအုပ်ပြီး တစ်နာရီခန့်အပွခံပါ...။ တစ်နာရီပြည့်ရင် မုန့်သားကိုလေထုတ်ပြီး 70g စီချိန်ပြီး မုန့်အလုံးလေးတွေလုပ်ထားပါ...။ ဒီ Recipe နဲ့ဆို မုန့်ငါးခု ရပါတယ်ရှင့်...။ ကျွန်မက စလုပ်တာမို့ ကျွန်မကြည့်ထားတဲ့ You Tube ထဲက လုပ်ပြတဲ့ အချိုးကို တစ်ဝက်ဝက်ထားတာပါ...။ 70g မုန့်သားလုံးလေးတွေကို ဒလှိမ့်နဲ့နဲ့ ဘဲဥပုံခပ်ရှည်ရှည်လှိမ့်ပြီး လိတ်လိုက်ရုံပါပဲ...။ ပိုနားလည်လွယ်အောင် ကျွန်မကြည့်ထားတဲ့ You Tube ကိုပါတင်ပေးထားပါတယ်...။ လိတ်ထားတဲ့ မုန့်သားတွေကို ရေစိုဝတ်လေးနဲ့ အုပ်ပြီး 45မိနစ်လောက်အပွထပ်ခံပေးပါ...။ မုန့်မျက်နှာပြင် တောက်ပစေဖို့ ရေစိုအုပ်ထားတဲ့ မုန့်သားတွေကို Spray ရေဗူးနဲ့ ရေဖျန်းပေးပါ...။
220ံC ကြိုတင်အပူပေးထားတဲ့ မီးဖိုထဲ 12-15 မိနစ်ထိဖုတ်ပေးပါ..။ အောက်ခံဗန်းမှာ ရေတစ်ခွက် ဖြည့်ပေးပါ...။ အပေါ်မီးနဲ့ကင်ပြီး အောက်ကိုတော့ ပေါင်းတဲ့နည်းနဲ့ဖုတ်တာပါ...။ ကျွန်မသုံးတဲ့ မီးဖိုနဲ့ဆို 15မိနစ်လောက်က အနေတော်ပဲ မုန့်အရောင်လဲလှတယ်...။ ရလာတဲ့မုန့်ကို ဇကာထဲ အ၀တ်ထည့်ပြီး အုပ်ထားပါ နောက်နေ့မနက် ကိုယ်ကြိုက်ရာလုပ်စားလို့ရပါပြီ...။ Panini လုပ်ဖို့က မုန့်ကို ဘေးတိုက်ဓါးနဲ့ ပြတ်ခါနီးထိခွဲချပြီး Ham နဲ့ Cheese ကိုသေချာသိပ်ထည့် အကင်ဒယ်ပြားပေါ်တင်ပြီး အာလူးခြေတံနဲ့ပြားအောင်ဖိချလိုက်တာပါ..။ တစ်ဖက်ကို 2မိနစ်စီလုပ်ရင်ရပါပြီ အထဲက ချိစ်လည်း အရည်ပျော်ပြီး မုန့်နဲ့စေးကပ် နေပြီဆိုတော့...။ ငံငံဆိမ့်ဆိမ့် အရသာနဲ့ အီတလီပါမုန့်ပူပူနွေးနွေးကို မြိန်ရှက်စွာ စားသုံးနိုင်ပါပြီ...။
ဒါလေးက Detox ရေပါ ရေသန့်ထဲကို နာနတ်သီးအတုံးသေးသေးလေးနဲ့ ပူစီနံရွက်ထည့်ပြီး ရေခဲသေတ္တာထဲ တစ်ညသိပ်ထားတဲ့ နာနတ်သီးရည်ပါ ချဉ်ချဉ်မွှေးမွှေးနဲ့ နာနတ်သီးစိမ်တဲ့ ရေသောက်ရင်
အဆိပ်အတောက်ပြေတဲ့အပြင် အဆီလဲကျစေပါတယ်... ခန္ဓာကိုယ်တွင်း ကိုယ်ပမှာရှိတဲ့ ရောင်ရမ်းတာတွေလည်း ပျောက်ကင်းသက်သာစေပါတယ်
ဒီဗူးလေးကို Japan Store က၀ယ်လာခဲ့တာ ချစ်စရာလေးမို့ ကျွန်မက ကျွန်မရဲ့ Keto စားသုံးသူအတွက် Panini ကို နှစ်ပိုင်းပိုင်း ခဲပတ်နဲ့ထုတ်ပြီး ဒီဗူးထဲထည့်ထားတာပါ...
Enjoy Baking!!!!
ဇွန်လိုင်(၁)ရက်နေ့ကစပြီး မီတာခတွေ နှစ်ဆကျော်လောက်တက်တော့မှာဆိုတော့ မုန့်ဖုတ်ဖို့တောင် စဉ်းစားနေရတယ်....။
မိုးငွေ့
No comments:
Post a Comment