အဘိဓမ္မာကို နားလည်သွားတဲ့အခါ ကုသိုလ် အကုသိုလ် ခွဲခြားသွားတတ်တဲ့အပြင် ဒီထက်များပြားလှတဲ့ အကျိုးကျေးဇူးတွေကိုရသွားမှာပါ...။ ဗုဒ္ဓရဲ့ လေးနက်တဲ့ အတွေးအမြင်တွေကို အဘိဓမ္မာမှာ တဆက်တည်း ဟောသွားတာဖြစ်ပေမယ့် ဟောပုံဟောနည်းတွေကို လိုက်ပြီး ကျမ်း(၇)ကျမ်း ခွဲခြားထားပါတယ်..။
ဒါတွေကတော့...
၁)ဓမ္မသင်္ဂဏီ
၂)၀ိဘင်း
၃)ဓါတုကထာ
၎)ပုဂ္ဂလပညတ်
၅)ကတာဝတ္ထု
၆)ယမိုက်
၇)ပဌာန်း ကျမ်းတို့ပဲဖြစ်တယ်...။
၁) ဓမသင်္ဂဏီ ဆိုတာ ဂုဏ်ရည်တူတဲ့ တရားအားလုံးကိုစုထားတဲ့ Classification of Dhamma ဒါမှမဟုတ် အဘိဓမ္မာကျမ်းရဲ့ မာတိကာလို့လည်းခေါ်နိုင်တယ်...။ ဒီမှာ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းကို အကျဉ်းချုပ်ပြသလို အနက်ကိုလည်းရှင်းလင်းထားပါတယ်...။ အဓိက ကတော့ ကုသိုလ် အကုသိုလ်နဲ့ အဗျာကတ တရားတွေကို ရှင်းပြထားတာပါ...။
၂) ၀ိဘင်း ဆိုတာ ပိုင်းခြားခြင်း Division လို့အနက်ရတယ်..။ ဒီကျမ်းမှာ ခန္ဓာအစုအဝေး အာရုံဖြစ်တည်ရာ အာယတနဓါတ် သစ္စာ က္ကနြေ္ဒ သတိပဌာန် ဗောဇ္ဈင် ဈာန် မဂ္ဂင် ဥာဏ် စတာတွေကို ခွဲခြမ်းစိတ်ဖြာပြီး ဟောထားပါတယ်...။
၃) ဓါတုကထာ - ဓါတုဆိုတာက ဓါတ် ကတာဆိုတာက တရားအမည်ရတာမို့ ဓါတုကထာ Discourse on the elements ဆိုတာ ဓါတ်တရားများကို ပိုင်းခြားဟောတဲ့ ကျမ်းပါ..။
၎) ပုဂ္ဂလပညတ် ဆိုတာ ပုဂ္ဂိုလ်အကြောင်းတွေဟောထားတာပါ...။ Discripiton of individuals မှာ ပုဂ္ဂိုလ် အမျိုးအစားလိုက်ပြီး ခွဲခြားသတ်မှတ်ထားတာကိုရှင်းပြထားတာပါ...။ ရှေ့ကအဘိဓမ္မာကျမ်းတွေမှာ ကုသိုလ် အကုသိုလ် အဗျာကတာ စတဲ့ ပရမက်သက်သက်ကိုပဲဟောခဲ့ပြီး လူ နတ် ဗြဟ္မာများအနေနဲ့ ကမ္ဘာလောကကြီးမှာ ပရမက်တရားများသာ အမှန်ဖြစ်တယ် လူ နတ် ဗြဟ္မာ ပုဂ္ဂိုလ်ဆိုတာ အရှိတရားမဟုတ်လို့ အလေးအနက်ထားစရာမလိုဆိုတဲ့ တဖက်စွန်း ရောက်သွားနိုင်ပါတယ်.. ဒီလိုအယူအဆမလွဲဖို့ ပညတ်ဖြစ်တဲ့ သီလရှိတဲ့ပုဂ္ဂိုလ် မရှိတဲ့ ပုဂ္ဂိုလ် စသလိုပုဂ္ဂိုလ်အကြောင်းကို ဆက်ဟောထားပါတယ်...။ တရားထက် ပုဂ္ဂိုလ်တွေကို စီစစ်တဲ့ ကျမ်းလို့ ဆိုနိုင်ပါတယ်...။
၅) ကထာဝတ္ထု - ကထာဆိုတာ ပုဂ္ဂိုလ်ရေးရာ ဒါမှမဟုတ် အယူဝါဒဖြစ်ပြီး ၀တ္ထုက ဖြစ်တည်ရာကို ခေါ်တာပါ...။ ကထာဝတ္ထု The Point of Controversy ဆိုတာ အယူဝါဒမှ အငြင်းပွားနိုင်တဲ့ အချက်တွေကို စုစည်းထားတယ်...။ ဗုဒ္ဓရဲ့ ယုတ္တိဗေဒ Logic ကျမ်းလို့လည်း ယူဆနိုင်ပါတယ်..။
၆) ယမိုက် - ပါဠိလို ယမက မြန်မာလို ယမိုက်လို့ခေါ်ပြီး အစုံ အစုံလို့ အဓိပ္ပါယ်ရတာမို့ ယမိုက်ကျမ်းကို book of pairs ဆိုတာ အနုလောမ ပဋိလောမ တစ်စုံ အမေးအဖြေတစ်စုံ သန္နိဌာန် သံသရာတစ်စုံ စသလို တရားတွေကို အစုံလိုက် အစုံလိုက် ရှင်းပြထားတာပါ...။
၇) ပဌာန်း - ပဌာန်းကျမ်း The Conditional Relations ကတော့ အကြောင်းတရားများစွာကြောင့် အကျိုးတရားဖြစ်လာတာ အကြောင်းတရားရဲ့ အစွမ်းသတ္တိနဲ့ အရာအားလုံး အကြောင်းအကျိုး ဆက်နွယ်နေတာကို အကျယ်တ၀င့်ဟောထားတဲ့ ဒေသနာပေါ့ ပဌာန်းတရားကို လေ့လာရင် ဒီလောက်လေးနက်တဲ့ တရားကို သာမန် အသိဥာဏ် အတွေးအခေါ်မျိုးနဲ့ ဘယ်လိုမှ မဟောနိုင်ဘူးဆိုတာ သိသွားမှာပါ...။ အလွန်ထူးခြားတဲ့ ဥာဏ်ရှိမှ ဟောနိုင်မယ်ဆိုတာ အားလုံးယုံကြည်သွားမှာပါ..။
မှတ်ချက်။ ။ ခွဲစိတ်ပါမ္ခော ဒေါက်တာစိန်လင်း၏ ရွှေစင်မြင်းမိုရ်အဘိဓမ္မာစာအုပ်မှ ကောက်နုတ်သည်။ စာအုပ်ကအထူကြီးမို့ ကျွန်မဖတ်ပြီးသလောက်တော့ အပိုင်းလေးတွေ ခေါင်းစဉ်လေးတွေခွဲပြီး တင်ပေးသွားမှာပါ...။
မိုးငွေ့
No comments:
Post a Comment