ဒီစာအုပ်လေးကို ကျွန်မတို့ရုံးက အကြံပေးအရာရှိရာထူးနဲ့ တာဝန်ယူနေတဲ့ ဦးလေးတစ်ယောက်က လက်ဆောင်ပေးထားတာပါ...။ အဲဒီဦးလေး တည်ထောင်ထားတဲ့ ပရဟိတလုပ်ငန်းက ဦးစီးပြီး ထုတ်ထားတဲ့ အဖိုးမဖြတ်နိုင်တဲ့ ဓမ္မလက်ဆောင်စာအုပ်လေးတစ်အုပ်လည်းဖြစ်တယ်...။ ဓမ္မဉာဏ်အလင်းရစေမယ့် စာအုပ်ကောင်းတစ်အုပ်ကို လက်ဆောင်ပေးခဲ့လို့ လေးစားရတဲ့ (ဦး.....)ကို တကယ်ကျေးဇူးတင်မိပါတယ်...။ စာအုပ်က လက်သုံးလုံးလောက်အထူရှိတယ်...။ ဦးက စပေးကတည်းက မဖတ်ဖြစ်မှာစိုးလို့ ဒီစာအုပ်လေးက အဘိဓမ္မာကျမ်းကို ဇာတ်လမ်းလေးနဲ့ စိတ်ဝင်စားစရာကောင်းအောင် ရေးထားလို့ ဖတ်ရတာ စိတ်ဝင်စားဖို့ကောင်းတယ် ဖြေးဖြေးဖတ်ကြည့်ပါတဲ့...။
စာအုပ်လေးအစမှာ စာရေးသူ ခွဲစိတ်ပါရဂူဒေါက်တာစိန်လင်းက အဘိဓမ္မာအကြောင်း သူဘယ်လိုလေ့လာခဲ့တယ် သူ့အနီးပတ်ဝန်းကျင်က စိတ်ဝင်တစားရှိတဲ့ သူ့တပည့်ဆရာဝန်တွေ မိတ်ဆွေတွေကို ဘယ်လိုပြန်မျှဝေခဲ့တယ်ဆိုတာကို ၀တ္ထုဆန်ဆန်လေး စိတ်ဝင်စားစရာ ကောင်းအောင် ရေးထားပါတယ်...။ ကျွန်မက ဒေါက်တာရေးသားဖော်ပြထားတဲ့ ရွှေစင်မြင်းမိုရ် အဘိဓမ္မာကို ကျွန်မဖတ်ဖြစ်သလောက် ခေါင်းစဉ်လိုက်အပိုင်းခွဲပြီး စေတနာအရင်းခံနဲ့ တရားအလှူလေးပေးချင်လို့ ပြန်မျှဝေချင်လို့ ဒီပို့စ်လေးကို ရေးဖြစ်သွားတာပါ..။ ကိုယ်သိတာလေးကို သိသလောက်လေးကို Apply ပြန်လုပ်ချင်တာပါ...။ ကျွန်မ ဘလော့ကိုလာဖတ်တဲ့ စာဖတ်သူအားလုံးကို ဒီပို့စ်လေးနဲ့ ကုသိုလ်ရစေချင်တာပါ...။
အဘိဓမ္မာမိတ်ဆက်
အဘိဓမ္မာမိတ်ဆက်
အဘိ = သာလွန်သော၊ မြင့်မြတ်သော၊ ကောင်းမွန်သော (Higher, Marvellous, Excellent)
ဓမ္မ = တရား (Doctrine)
အဘိဓမ္မာ = Higher Doctrine or Marvellous teaching of Buddha's Doctrine
အဘိဓမ္မာဆိုတာ ထူးကဲမြင့်မြတ်တဲ့ ဗုဒ္ဓရဲ့တရားဒေသနာတော် ဒါမှမဟုတ် သင်ကြားပို့ချချက်များလို့ ဆိုနိုင်ပါတယ်..။ ဒီနေရာမှာ ဗုဒ္ဓဟောထားတဲ့ တရားအားလုံးကို အမျိုးအစားခွဲခြားကြည့်ရင် သုတ္တန်၊ ၀ိနည်း၊ အဘိဓမ္မာ ဆိုတဲ့ ပိဋကတ်သုံးပုံကိုတွေ့ရမှာပါ...။
သုတ္တန် ဆိုတာ ဝေနေယျပရိတ်သတ်တို့ရဲ့ အလိုဆန္ဒနဲ့လျော်ညီတဲ့ တရားကို လူအများနားလည်အောင် ဟောကြားထားတာ...။
ဝိနည်း က ရဟန်း သံဃာများလိုက်နာစောင့်ထိန်းဖို့ဟောထားတဲ့ စည်းကမ်းချက်တွေ....။
အဘိဓမ္မာ က အမြဲမှန်ကန်တဲ့ ပရက်မက်တရားတွေကိုဟောထားတာ...။
ပိဋကတ်သုံးပုံမှာ ဓမ္မက္ခန္ဓာဆိုတဲ့ တရားအစုပေါင်း ၈၄၀၀၀ ရှိတယ်...။
Three Baskets of Dhama
သုတ္တန် ဓမ္မက္ခန္ဓာ ၂၁၀၀၀
ဝနည်း ဓမ္မက္ခန္ဓာ ၂၁၀၀၀
အဘိဓမ္မာ ဓမ္မက္ခန္ဓာ ၄၂၀၀၀
--------------
၈၄၀၀၀
အဘိဓမ္မာက သုတ္တန်ထက် ဓမ္မက္ခန္ဓာပေါင်း နှစ်ဆပိုများသလို ဟောတဲ့အခါမှာလည်း သုတ္တန်နည်း အဘိဓမ္မာနည်း နောက် အပြန်အလှန်အမေးအဖြေလုပ်ပြီး ဆွေးနွေးတဲ့နည်းသုံးနည်းနဲ့ ဟောထားလို့ အလွန်ထူးခြားကျယ်ဝန်းပါတယ်..။ ခန္ဓာငါးပါးနဲ့ ပတ်သက်ပြီး သိသင့်တာမှန်သမျှေ ဟောထားလို့ အလွန်ထူးကဲတဲ့ တရားလို့ဆိုရတာပါ...။
ဓမ္မစကြာနဲ့ ပဌာန်းက ဘယ်ထဲမှာပါလဲ?
ဓမ္မစကြာက တရားနာပရိတ်သတ်ဖြစ်တဲ့ ပဉ္စ၀ဂ္ဂီငါးဦးကို သစ္စာလေးပါးထိုးထွင်းသိမြင်သွားအောင် ဟောထားလို့ သုတ္တန်ထဲမှာပါတယ်..။ နောက်လူအများရွတ်ဖတ်တဲ့ မဟာသမယသုတ်ကလည်း တရားနာ နတ် ဗြဟ္မာတွေရဲ့ နာမည်ကို တစ်ဦးစီခေါ်ဝေါ်နှုတ်ဆက်ပြီး သူတို့နဲ့ သင့်တော်တဲ့စရိုက်ကို လိုက်ပြီး ဟောထားလို့ သုတ္တန်ပါပဲ...။ ပဌာန်းတရားတော်ကတော့ အလွန်နက်နဲသိမ်မွေ့တဲ့ အဘိဓမ္မာလို့ဆိုရမယ်..။ အဘိဓမ္မာခုနှစ်ကျမ်းမှာ သတ္တမမြောက်နဲ့ အထူးခြားဆုံးကျမ်းပဲဖြစ်တယ်...။
သုတ္တန်နဲ့အဘိဓမ္မာ ဘယ်လိုကွာခြားလဲ?
သုတ္တန်မှာ ဘုရားက သမ္မုတိသစ္စာလို့ခေါ်တဲ့ အများအသိမှတ်ပြုထားတဲ့ လူ နတ် သတ္တ၀ါ ယောကျာ်း မိန်းမ စတဲ့ ပညတ်တဲ့ အခေါ်အဝေါ်ကိုသုံးပြီး ဟောထားတာ၊ ဓမ္မစကြာမှာ အညာသိကောဏ္ဍညော၊ အာဋာနဋိတ်ယသုတ်မှာ စတရဌ၊ ၀ိရူဠက၊ ၀ိရူပက္ခ၊ ကုဝေရမင်းကြီးတွေရဲ့ နာမည်ခေါ်ပြီး ဟောထားတယ်...။
အဘိဓမ္မာမှာတော့ သမ္မုတိသစ္စာကို မသုံးတော့ဘဲ ပရမက်လို့ခေါ်တဲ့ အစဉ်အမြဲ မဖောက်ပြန်မှန်ကန်တဲ့ Ultimate Truth ကိုသုံးပြီး ဟောထားလို့ လူ နတ် ဗြဟ္မာတွေရဲ့ နာမည်ကို တွေ့ရမှာမဟုတ်ဘဲ ခန္ဓာ၊ အာယတန၊ စိတ်၊ စေတသိက်၊ ဓါတ်၊ သစ္စာတွေပဲ တွေ့ရမှာပါ...။
မှတ်ချက်။ ။ ခွဲစိတ်ပါမ္ခော ဒေါက်တာစိန်လင်း၏ ရွှေစင်မြင်းမိုရ်အဘိဓမ္မာစာအုပ်မှ ကောက်နုတ်သည်။ စာအုပ်က အထူကြီးမို့ ကျွန်မဖတ်ပြီးသလောက်တော့ အပိုင်းလေးတွေ ခေါင်းစဉ်လေးတွေခွဲပြီး တင်ပေးသွားမှာပါ...။
မိုးငွေ့

ပရမက်လေးပါး
၊
၊ ၊ ၊ ၊
စိတ် စေတသိက် ရုပ် နိဗ္ဗာန်
စိတ် - အာရုံကို သိတတ်သော သဘောတရား (Consciousness or awareness of the object) ... စေတသိက် - စိတ်ကိုမှီတွယ်၍ စိတ်ကိုခြယ်လှယ်သော သဘောတရား (Mental factors)...
ရုပ် - အပူ အအေး စသောဆန့်ကျင်ဘက်တရားများကြောင့် အစဉ်ဖောက်ပြန်နေသော တရား
(Matter and Energy) ......
နိဗ္ဗာန် - ဒုက္ခခပ်သိမ်းမှ ချုပ်ငြိမ်းခြင်းသဘောတရား (သို့) ကံ၊ စိတ်၊ ဥတု၊ အာဟာရဆိုတဲ့ အကြောင်းတရား လေးပါးတို့ရဲ့ ပြုပြင်ဖန်တီးမှုကင်းသော သဘောတရား (Nivana)
နိဗ္ဗာန် - ဒုက္ခခပ်သိမ်းမှ ချုပ်ငြိမ်းခြင်းသဘောတရား (သို့) ကံ၊ စိတ်၊ ဥတု၊ အာဟာရဆိုတဲ့ အကြောင်းတရား လေးပါးတို့ရဲ့ ပြုပြင်ဖန်တီးမှုကင်းသော သဘောတရား (Nivana)
မှတ်ချက်။ ။ ခွဲစိတ်ပါမ္ခော ဒေါက်တာစိန်လင်း၏ ရွှေစင်မြင်းမိုရ်အဘိဓမ္မာစာအုပ်မှ ကောက်နုတ်သည်။ စာအုပ်က အထူကြီးမို့ ကျွန်မဖတ်ပြီးသလောက်တော့ အပိုင်းလေးတွေ ခေါင်းစဉ်လေးတွေခွဲပြီး တင်ပေးသွားမှာပါ...။
မိုးငွေ့
2 comments:
အဲ့ဒီစာအုပ်အပြင်မှာရောင်းလားဟင်
ဓမ္မအသိလေးတွေမျှဝေပေးတာ
သာဓု သာဓု သာဓု မိုးငွေ့ရေ
Post a Comment