မုန့်လင်မယား မုန့်မောင်နှမ မုန့်အိုးလေး စသဖြင့်ခေါ်ကြပေမယ့် ကျွန်မကတော့ မုန့်အိုးလေးလို့ပဲခေါ်ချင်တယ်...။ ထားပါလေ..။ ဒီမုန့်လေးလုပ်စားချင်နေတာကြာပေါ့.. အိုးလက်ဆောင် ရထားတာပဲ နှစ်ပေါက်တော့မယ်လေ..။ အဲအိုးလေးကို စကာၤပူအလည်သွားတဲ့ အဒေါ်တစ်ယောက် လက်ဆောင်ပေးထားတာ တစ်ခါ ဒီမှာတင်ဖူးပါတယ် အိုးလေးတွေကို...။ မူစတာဖါ ကုလားကုန်တိုက်က ဝယ်ခဲ့တာတဲ့... စလုံးတစ်ဆယ်ပဲပေးရတယ်ဆိုလားပဲ တန်တယ်တကယ်...။
ဈေးသွားပြီး ပဲပြုတ်တို့ ကြက်သွန်မှိတ်တို့ဝယ်ရမှာပျင်းတာ...။ အဲဒါမနေ့ညနေကတည်းက စီးတီးမတ်ကနေ ဆန်မှုန့်ထုပ်တွေ ပဲမှုန့်ထုပ်တွေ ငုံးဥတွေဝယ်လာလို့ လုပ်စားလိုက်တာ...။ တကယ်လုပ်ရတာလွယ်တယ်..။ ဖဘက Lin Thawdar ဆီကနေ recipe လေးရလို့ အဲအတိုင်းလုပ်ကြည့်တာ...။
ဆန်မှုန့် 5 ဇွန်း
ကောက်ညှင်းမှုန့် 2 ဇွန်း
ပဲစိမ်းမှုန့် 2 ဇွန်း
ဆားနဲနဲ
ကြက်သားမှုန့်နဲနဲ (မထည့်လည်းရ)
ရေ 500ml
အဲဒါတွေအကုန်ရောမွှေပြီး မုန့်ဗန်းကိုအပူပေး ပူလာရင် မီးလျှော့ထား အိုးကမကပ်တဲ့အိုးမို့ ဆီများများထည့်စရာမလိုဘူး..။ မုန့်က မကြာခဏအနည်ထိုင်သွား တတ်တာမို့ ကြော်မယ်ဆို မွှေပေးပါ ပြီးရင် လက်ကိုင်တဲ့ခွက်ထဲထည့်ပြီး မုန့်အိုးခွက်ထဲကို တစ်ဝက်လောင်းထည့် ငုံးဥဖောက်ထည့် ဒီတိုင်းလေး ခဏပစ်ထားလို့ရတယ်...။ ငါးမိနစ်လောက်ဆို မုန့်တွေကျွတ်လာပြီး ငုံးဥတွေကျက်လာပြီဆို ဇွန်းလေးနဲ့ကော်ထုတ်လိုက်...။ ပူပူနွေးနွေးတခါတည်း စားပါ...။ အရသာအလွန်ကောင်းမွန်လှပါကြောင်း အာမခံပါသည်...အလဲ့...:)) ။ အခါးရည်ပူပူလေးနဲ့တွဲစား ပိုကောင်းသေး...။
ကျွန်မတို့ ငယ်ငယ်တုန်းက ရှမ်းပြည်မှာစားဖူးတဲ့ မုန့်အိုးလေးကတော့ ဒါမျိုးမဟုတ်ဘူး ...။ ခုလည်းလုပ်ရောင်းဦးမယ်ထင်ပါတယ် ဟိုတလောကပြန်သွားတော့ ဝယ်မစားဖြစ်လိုက်ဘူး..။ သူက အုန်းနို့ဆမ်းပြီးကြော်ရတာ...။ ပဲမှုန့်လည်းပါပုံမရဘူး... ခုက အဆိမ့်အရသာမို့ ပဲမှုန့်ထည့်တယ်ထင်တာပဲ..။ ရှမ်းပြည်မှာက ဆန်မှုန့်ဖျော်အရည်ထည့် ပြီးတော့ အုန်နို့တစ်ဇွန်းထည့် မုန့်ရရင် သကြားနဲ့စားကြတယ်...။ အချိုပေါ့ သူက...။ အုန်းနို့နံ့လေးမွှေးပြီး ချိုတဲ့အရသာမျိုး...။
မိုးငွေ့

3 comments:
မြန်မာမုန့်တွေထဲမှာ မုန့်ပစ်သလက်နဲ့ မုန့်လင်မယားကို ကြိုက်စ် ... Recipe အတွက် ကျေးဇူးနော် ..
ရှမ်းပြည်ကအုန်းနို့နံ
နဲ့ဟာကိုစားချင်နေတာ..
ခုလည်းစားချင်စရာကြီးပါဘဲ
မုန့်လင်မယားစားချင်တာကြာပြီ
၂၀၀၃ ပြန်တုန်းက မြန်မာပြည်မှာရောင်းကောင်းတဲ့အစားအစာထဲသူလဲပါတယ်နော် မလုပ်တတ်လို့
အိးလဲမရှိဘူး အိုးအရင်ဝယ်ရမယ်
ေ နေက်ပြီးမှ လုပ်နည်းပြန်လာကြည့်မယ်
ြ မြည်းကြည့်ချင်လို့လေပျံနဲ့ပို့ပေးပါလား
Post a Comment