
မေလ ဒုတိယပတ်ရဲ့ တနင်္ဂနွေနေ့ဟာ ကမ္ဘာ့အမေများနေ့.....။ ဒီလိုနေ့မှာ ကဗျာအားဖြစ်လည်းကောင်း စာအားဖြင့်လည်းကောင်း...အလျှိုအလျှို အသီးသီး...ရေးကြတယ်....တင်ကြတယ်....။ ကဲ... အမမိုးငွေ့ဒီနေ့ဘာလုပ်ဖြစ်သလဲ....။ ဒီနေ့ အမေများနေ့ မေကြီးကြိုက်တဲ့ မိုင်ရောနစ်ကိတ်မုန့် ၀ယ်ကျွေးတယ်။ ကျမရဲ့ ဒုတိယအမေလို့ပြောလို့ရတဲ့ ကျမကိုငယ်စဉ်ကတည်းက ကျွေးမွေးစောင့်လျှောက်ခဲ့တဲ့ အဒေါ်ကိုလည်း သူကြိုက်တဲ့.... အစိမ်းရောင်အုန်းသီးအစာသွတ်မုန့်လုံး...နဲ့ သာကူလုံးဝယ်ကျွေးဖြစ်တယ်.....။ ဒါကတော့ မိုးငွေ့ရဲ့ အရိုးစင်းဆုံး အမေများနေ့ကို ဂုဏ်ပြုတာပါပဲ....။ မိုးငွေ့ချစ်တဲ့ အမေများကို သေတပန်သက်တစ်ဆုံး ကျွေးမွေးခွင့်ရဖို့ .... စိတ်ချမ်းသာလို့ အသက်ရာကျော်ရှည်ပါစေ....။


အမေ့အလွမ်း
အမေရေ...........
ရပ်ဝေးမြေခြား တိုင်းတပါးမှာ
နေထိုင်မကောင်းဖြစ်တဲ့အခါ

အိမ်ကိုလွမ်းတဲ့ဝေဒနာဟာ
မကြေငြာဘဲနဲ့
ဟောဒီရင်မှာနေရာအပြည့်ယူလာတော့တယ်။
အမေ့အပြုံး အဖေ့အပြုံး
ညီအကိုမောင်နှမတွေ တရုံးရုံးနဲ့
တ၀ုံးဝုံးဆူညံနေခဲ့တာ
အိမ်အိုလေးတစ်လုံးကို လွမ်းလွမ်းနေတာလဲ
ဟောဒီရင်ထဲကပါပဲ.........။
နေမကောင်းတဲ့အခါ
စိုးရိမ်ပူပန်မှု မျက်ရည်စတွေနဲ့
ပြုစုထွေးပွေ့ အမေ့ရင်ငွေ့နွေးနွေးကို
ပြန်ပြီးတမ်းတ လွမ်းနေရတာလဲ
ဟော ဒီရင်ထဲကပါပဲ............။
နေပူထဲမှာဆော့ကစား
အပြင်းဖျားတုန်းက အဖေဆူမှာစိုးလို့
အိပ်ချင်ယောင်ဆောင်နေတဲ့အခါ
နဖူးလေးကို အသာလာစမ်း
ကျနော့်ပါးလေးကို အမေနမ်းတာလည်း
ပြန်လည်တမ်းတ လွမ်းနေရတာ
ဟောဒီရင်ထဲကပါပဲ.............။(ကာရံလေး)
ဒီနေ့ ကွန်နက်ရှင်မကောင်းလို့ နောက်ကျမှတင်ခဲ့ရတယ် အမေ..... သမီးနောက်မကျသေးပါဘူးနော်....။
အမေချစ်တဲ့သမီး
မိုးငွေ့
7 comments:
အမေကို ကျေးဇူးဆပ်ဖို့နောက်မကျသေးတဲ့ မမိုးအတွက် ဝမ်းသာပီတိဖြစ်ရပါတယ်...
အမေများနေ့မှာ ရွှင်လန်းချမ်းမြေ့ပါစေ မမိုးရေ...
ကဗျာလေးက ကောင်းတယ် ..
ကာရံလေးက ဘူလဲဟင် ...
ညလင်းအိမ်
တဝုန်းဝုန်း တဗြုံးဗြုံး ဘဝတွေ ပြန်ရပါစေညီမရေ။ အမေတွေ ရှိနေသ၍ပေါ့ အမေ မေတ္တာရိပ်မှာ အေးမြပျော်ရွှင်နိုင်ပါစေဗျာ။
အန်တီမိုးငွေ့နဲ့ထပ်တူကျ ဆုတောင်းပေးသွားပါတယ်။
အမေများနေ့ကို ထပ်တူဂုဏ်ပြုပါတယ်။အမြဲတမ်းသတိရ
နေတဲ့အတွက် နောက်ကျတယ်ဆိုတာမရှိပါဘူးမမိုးရေ..
အမေများအားလုံးကျန်းမာပျော်ရွှင်ဖို့ဆုတောင်းပါတယ်။
ခင်တဲ့
သဒ္ဓါ
အမေများနေ့ ပို့ စ်လေးကို မမိုးနဲ့ အတူ
ထပ်တူထပ်မှု ခံစားသွားပါတယ်ဗျာ...
ကိုညလိုဘဲ မေးခဲ့အုံးမယ်ဗျာ ကာရံလေးက
ဘယ်သူလည်းဗျ :D
အော်တော်တော်ပဲ စိတ်ဝင်စားကြတယ်...။
ကာရံလေးဆိုတာ အမစာအုပ်စင်အောက်က ကဗျာစာအုပ်လေးထဲက တစ်အုပ်ပဲလေ...။
Post a Comment