Saturday, 7 March 2009

သုညတစ်လုံးရဲ့ငတ်မွတ်မှု.....





အလွမ်းတွေ စိမ်းလန်း 
သောကတွေ ရင့်မှည့်ချိန်မှာ 
ဒိုင်ယာရီထဲက 
ဝေါဟာရရုပ်ကြွင်းတွေ တူးဖော်ခဲ့သူ 
စကြာဝဠာရဲ့တစ်နေရာမှာ 
ပဲ့တင်ထပ်နေတဲ့ ...........
မင်းရဲ့ရယ်သံလွင်လွင်တွေအတွက် 
ငါ့နှလုံးသားက ထရန်စမစ်တာ တစ်လုံးဖြစ်ခဲ့ 
အနမ်းဆိုတာ ပါးပြင်ပေါ်မှာပဲ စိုက်ပျိုးလို့ရသတဲ့ 
ငါ့ရဲ့ အနမ်းတွေကတော့ 
အပေါစား အရက်တွေထဲမှာပဲ စိုက်ပျိုးခွင့်ရခဲ့တယ်......။ ။ သာဂဒိုး(တောင်ကြီး)


2 comments:

ညလင်းအိမ် said...

ကဗျာလေးက မော်ဒန်ကျတယ်ဗျာ...
ရေးတဲ့သူ ခံစားချက်ကောင်းတယ်...
စကားလုံးတွေ ထပ်ဖြည့်နိုင်ရင် ပိုကောင်းသွားလိမ့်မယ်လို့ ထင်တယ်...

Cameron said...

ဟုတ်တယ် မောင်လေး ကဗျာမရေးတတ်ပေမယ့် အမလဲအဲဒီလိုခံစားမိတယ်
ကဗျာပိုင်ရှင်ကအဝေးရောက်နေတာ
သူ့ကဗျာတွေရှိသေးတယ် ထပ်တင်ပါဦးမယ်
ကျေးဇူးနော်