Saturday, 7 March 2009

သုညတစ်လုံးရဲ့ ငတ်မွတ်မှု

အလွမ်းတွေ စိမ်းလန်း သောကတွေ ရင့်မှည့်ချိန်မှာ ဒိုင်ယာရီထဲက ဝေါဟာရရုပ်ကြွင်းတွေ တူးဖော်ခဲ့သူ စကြာဝဠာရဲ့တစ်နေရာမှာ ပဲ့တင်ထပ်နေတဲ့ မင်းရဲ့ရယ်သံလွင်လွင်တွေအတွက် ငါ့နှလုံးသားက ထရန်စမစ်တာ တစ်လုံးဖြစ်ခဲ့ အနမ်းဆိုတာ ပါးပြင်ပေါ်မှာပဲ စိုက်ပျိုးလို့ ရသတဲ့ ငါ့ရဲ့ အနမ်းတွေကတော့ အပေါစား အရက်တွေထဲမှာပဲ စိုက်ပျိုးခွင့်ရခဲ့တယ်......။ ။ သာဂဒိုး(တောင်ကြီး)

2 comments:

ညလင်းအိမ် said...

ကဗျာလေးက မော်ဒန်ကျတယ်ဗျာ...
ရေးတဲ့သူ ခံစားချက်ကောင်းတယ်...
စကားလုံးတွေ ထပ်ဖြည့်နိုင်ရင် ပိုကောင်းသွားလိမ့်မယ်လို့ ထင်တယ်...

Cameron said...

ဟုတ်တယ် မောင်လေး ကဗျာမရေးတတ်ပေမယ့် အမလဲအဲဒီလိုခံစားမိတယ်
ကဗျာပိုင်ရှင်ကအဝေးရောက်နေတာ
သူ့ကဗျာတွေရှိသေးတယ် ထပ်တင်ပါဦးမယ်
ကျေးဇူးနော်